3.6

646 71 2
                                    

Unicode

Sele သူမရှေ့က ကြည်နူးဖွယ်မြင်ကွင်းကိုကြည့်ရင်း ဒေါသထွက်လာရသည်
တကယ်ဆို အဲ့ဒီ့နေရာ ကသူမ ဖြစ်သင့်တာ
အားလုံးရဲ့ ချစ်ခင်မူကို သူမပဲရသင့်တာ
ဘာမဟုတ်တဲ့ lina လို မိန်းကလေးက
ရသွားတယ်

Sele  lina ကိုမုန်းတီးစွာကြည့်နေတုန်း
တံခါး ဝမှာရပ်နေတဲ့ လူကိုမြင်တွေ့လိုက်တာမို့ သူမရဲ့မျက်နှာကို လှပစွာပြုံးလိုက်ရင်း

(Sele)....... အိုးMr.D ပါလား ဘာလို့အဲ့ဒီမှာရပ်တာလဲ အထဲကိုမဝင်လာဘဲနဲ့........

Sele ရဲ့ အသံကြောင့် အားလုံးဟာ Daniel
ရောက်နေမှန်းသိသွားကြတယ်
Sele ရဲ့ ပျစ်ချွဲနေတဲ့အသံကြောင့် liz ရဲ့မျက်နှာကတော့ မဲ့သွားတော့တယ်

Lina ကလည်း စရောက်တည်းက Sele ရဲ့ အကြည့်တွေကိုသတိထားမိသည်
သူမကြည့်နေမှန်းသိတာကြောင့် lina က
အပိုလုပ်ပြနေတာဖြစ်သည်
Daniel ကိုတွေ့တာနဲ့ အချိုးတန်းပြောင်းသွားတာကြောင့် lina စိတ်ထဲကနေ ပဲ မျက်လုံးလှန်ပြမိသည်
သူမကဘာလဲ Van တစ်ယောက်တည်းနဲ့မလုံလောက်သေးဘူးလားဟ

(Liz)....... lin ဘာလဲ အတူတူလာကြတာလား.........

Liz ကသူမရဲ့အကျင့်အတိုင်း lina ကိုကြည့်ရင်း ရွတ်နောက်နောက်ပြောလိုက်တယ်
သူမ ရဲ့စကားအဆုံး အားလုံးက တဝိုးဝိုး ဖြစ်သွားကြပေမယ့် Sele ရဲ့မျက်နှာကတော့ မည်းမှောင်နေပီဖြစ်သည်

အားလုံးရဲ့စနောက်နေမူကြောင့် lina နည်းနည်းတော့အနေခက်ပေမယ့်တန်တယ်လို့ပြောရမည် Sele ရဲ့ အနေအထားကိုကြည့်ရတာ ဒေါသထွက်နေပေမယ့်မနည်း ထိန်းထား
ရမယ်ဆိုတာ သိသာသည်
မဆိုးပါဘူး ဇာတ်လိုက်မပီသ သားပဲ

(Daniel)....... အာ ဟုတ်ကဲ့ သူမ ကိုဆေးရုံက
ခေါ်လာခဲ့လိုက်တာ သူမက ရုံးကို​သွား
ချင်တယ်ဆိုလို့လေ......

Van က lina အနေခက်နေတာကိုသတိထားမိသွားတာကြောင့်

(Van)..... Lina Liz မနက်က သေဆုံးသူရဲ့အလောင်းကိုခွဲစိတ်စစ်ဆေးပီး သေဆုံးရတဲ့အကြောင်းရင်းလူသတ်လက်နက်ကိုရှာပါ
Gary David ငါနဲ့လိုက်ခဲ့ပီး အခင်းနေရာကို
သွားစစ်ကြမယ်
အော် Sele မင်းကတော့ မနေ့ညက အဲ့ဒီ့ပတ်ဝန်းကျင်မှာရှိတဲ့ CCTV ကနေ လှုပ်ရှားမူတွေကိုတစ်ချက်ကြည့်ပေးပါ
Dan မင်းကတော့ ငါတို့နဲ့လိုက်ခဲ့ တိုင်ပင်စရာရှိတယ်.........

villain systemWhere stories live. Discover now