Ep-45🔞

18.5K 878 21
                                    

Unicord....

" ကိုကို ကြယ်သီး တပ်ပေးပါအုံး..... "

" ကိုကို... ခေါင်းဖြီးပေး ပါအုံး ...... "

" ကိုကို...... နာရီဝတ်ပေး ပါအုံး..... "

" ကိုကို.... ဘောင်းဘောင်း ဝတ်ပေးပါအုံး..... "

" ကိုကို..... မွှေးမွှေးပေး ပါအုံး.... "

ကဲ တစ်ခန်းလုံး ကိုကို ကြီးထပ်နေအောင်ခေါ်ကာ..... ချွဲနေတဲ့ မင်းဉာဏ်.... သားသား ' နောင်တံခွန် ' ရဲ့ မွေးနေ့လား.... သူမွေးနေ့ လာတော့ မသိ..... ပြင်ဆင်နေလိုက်တာမြန်း...လူပျိုတောင်ရှုံး

သားသားနောင်တံခွန်ကိုတော့... သူ့တပည့်တွေ လက်ထဲ ထည့်ထားပြီး သူက ကိုယ့်ဆီမှာ.... ကလေးလို လာချွဲနေတာ......ကြည့်အုံး အရပ် ကလန်ကလားကြီးနဲ့ကိုယ့်ရင်ခွင်ထဲ အတင်း ခေါင်းတိုး ဝင်ပြီးချွဲနေတာ...

" ကိုကို.... ပျော်လား.... "

ရင်ခွင်ထဲ မှာရှိတဲ့ ချစ်ရတဲ့ ကလေး အမေးကြောင့်.... ရှင်းသန့် မင်းဉာဏ် ဆံပင်လေးတွေကို တစ်ချက်နမ်းရှိုက်ကာ..... ခေါင်းလျှော်ထားတဲ့ Shampoo နံ့သင်းသင်းလေးတွေက နှာဖျားနား.... ရစ်သီရစ်သီ...

" Omm ပျော်တယ်..... ကိုကို့ အပေါ် ဒီလိုလေး အမြဲ ချွဲတက်တဲ့ ကောင်လေးကြောင့် ကိုကိုအရမ်းပျော်တယ်..... "

" ကျွန်တော့်ကို စိတ်မပျက်ရဘူးနော်.....ကျွန်တော် က ကိုကို ကို စတွေ့ထဲက စွဲစွဲလန်းလန်း ချစ်မိနေခဲ့တာ.... "

" ကိုယ်က ဘာလို့ ဒီသာလိကာ လေးကို စိတ်ပျက်ကမှာလဲ ချစ်မဝလေး..... "

" နာကျင်စရာ​ကောင်းတဲ့ အတိတ်ကို ပြန်မကြည့်ပါနဲ့ကိုကို...... အရင်က ကိုကိုဘာတွေဘဲ ဖြစ်ခဲ့ဖြစ်ခဲ့..... လက်ရှိမှာ..... ကိုကိုဟာ ကျွန်တော်ချစ်ရတဲ့ တစ်ဦးတည်းသော လူသားဘဲ.......
အခုလက်ရှိပစ္စုပန်မှာ ကျွန်တော့်လက်ကို တွဲပြီး အနာဂတ်မှာ ပျော်ရွှင်တဲ့ မိသားစု အိမ်ငယ်လေးတည်ဆောက်ရအောင်နော်..... "

အမှန်တကယ်အလေးအနက်ပြောနေတဲ့ ကောင်လေးဟာ.... အရင်ကလို တည်ငြိမ်ရင့်ကျက်တဲ့ ကောင်လေး ပုံစံ ပြန်ဖြစ်သွားပြန်တယ်.

" ကျေးဇူးပါ ကလေးရယ်...... ကိုကိုရဲ့ အတိတ်တွေကို မကြည့်ပေးခဲ့လို့.... ပြီးတော့ ကိုကို့အပေါ် ဖြူဖြူစင်စင်နဲ့ ချစ်ပေးခဲ့လို့....."

Mr.Z..../ S1 ( Z &U )CompleteWhere stories live. Discover now