Chapter Seventeen: : Can You be my girlfriend?

4.4K 34 6
                                    

Chapter Seventeen:                     : Can You be my girlfriend?
 

 
ကျိုက်ထီးရိုး ဘုရားဖူးခရီးစဥ်မှ ပြန်ရောက်လာပြီး အချိန်တွင် သန့်ဇင်ကိုသည် အိမ်၌ အားယားနေသည် ။

ကျောင်းတက်နေစဥ်ကာလကမှု ယခုလို လွပ်လွပ်လပ်လပ် အားအားယားယား နေချင်ခဲ့သော်လည်း လက်တွေ့နေရသောအခါတွင်မှု အင်မတန်မှ ပျင်းရိဖွယ် ကောင်းသည်။

တစ်ခါတစ်ရံ မျိုးမင်းထက်တို့အိမ်သို့ သွားလည်သော်လည်း သကောင့်သားက တွမ်တီဖိုးဆဲဗင်း ဂိမ်းဆော့နေ၍ အခန်းအပြင်ကိုပင် မထွက်ချေ။
 
နေ့စဥ်နေ့တိုင်းလိိုလို အိမ်ရှေ့ကွတ်ပြစ်တွင် ဒူးလှုပ်ပြီး ဝတ္ထုစာအုပ်ဖတ်နေသည့် သန့်ဇင်ကိုအား အမေဖြစ်သူက အလုပ်လုပ်ချင်လားဟု မေးသည် ။

ကိုယ်တိုင်ပိုက်ဆံရှာ ကြည့်ချင်နေပြီဖြစ်သော သန့်ဇင်ကလည်း အမေ့၏ မေးခွန်းမဆုံးခင်မှာပင် အဖြေပြန်ပေး လိုက်သည် ။

ထို့ကြောင့် အမေဖြစ်သူက သူမမိတ်ဆွေ၏ မိတ္တူဆွဲ...စာစီစာရိုက်လုပ်ပေးသည့် ဆိုင်ကြီးတွင် ပြောပြီး အလုပ်သွင်းပေးလိုက်သည်။
 
သန့်ဇင်ကိုသည် အမေ့မိတ်ဆွေ ဆိုင်ရှင်ဦလေးကြီးဆိုင်တွင် အပ်ပြီးနောက်ရက်မှစ၍ ထမင်းချိုင့်လေးဆွဲကာ မနက်၈နာရီ အရောက်သွားရသည် ။

ထိုမိတ္တူဆိုင်တွင် Copy ဆွဲခြင်း.... Riso လိပ်ခြင်း.......စာရွက်ညှပ်ခြင်း.........ဖိတ်စာများခေါက်ခြင်း အစရှိသည့် အလုပ်များကို အောက်ခြေကစ၍ သင်ကြားရလေသည်။
 

မိတ္တူဆိုင်တွင် မနက်ရှစ်နာရီကစ၍ ညနေ ငါးနာရီအထိ မနားတမ်းအလုပ်လုပ်ရသော်လည်း သူစိတ်ဝင်စားသည့် အလုပ်ဖြစ်၍ ပင်ပန်းသော်လည်း သန့်ဇင်ကို ပျော်သည် ။

ဆိုင်ရှင်ဦးလေးကြီးကလည်း အလုပ်ခိုင်းလျင် မြန်မြန်သွက်သွက်လုပ်ပြီး ဖင်ပေါ့သော သန့်ဇင်အား သဘောကျစပြုလာသည်။

ထို့ကြောင့် ဆိုင်တွင် အပ်ထားသည့်အလုပ်များ ပါးသည့်နေ့ရက်များတွင် ကွန်ပျူတာအခြေခံနှင့် စာစီစာရိုက်ပညာကို သင်ကြားပေးသည်။
 

ကွန်ပျူတာပညာကို သန့်ဇင်ကို အစကတည်းက စိတ်ဝင်စားခဲ့ပြီး သင်ယူလိုသောကြောင့် တခဏအတွင်းမှာပင် စာစီစာရိုက်ပညာ တတ်မြောက်ခဲ့သည် ။

When we were young Where stories live. Discover now