အပိုင်း ၄၇ (ပြစ်ဒဏ်)

2.7K 416 5
                                    

[Zawgyi]
အပိုင်း ၄၇ (ပြစ်ဒဏ်)

ရှောင်ချောင်းရဲ့ရင်ထဲ ကျေးဇူးတင်မှုတွေနဲ့ နွေးထွေးသွားတဲ့ ခံစားချက်မျိုး ခံစားလိုက်ရတယ်။ သူမပြောတဲ့ အကြောင်းအရာတွေက ကြောင်တောင်တောင်နိုင်ပေမယ့်လို့ သူမကိုသိပ်ချစ်ရှာတဲ့ သူမရဲ့အဖေကတော့ သူ့သမီးငယ်လေးပြောသမျှကိုယုံဖို့ ဆုံးဖြတ်ထားပြီး စိုးရိမ်ပေး နေရှာတယ်။ သူမဟာသိပ်ကို ကျေးဇူးတင်ပြီး ပျော်နေမိတယ်။

ယွီဟိုင်ရဲ့မျက်စိထဲမှာတော့ သူ့အဖိုးတန်သမီးလေးက တောင်ကျစမ်းရေလေးလို ဖြူစင်တဲ့ ကလေးလို့ပဲမြင်နေတယ်။ သူမခေါင်းကဒဏ်ရာကြောင့် အိမ်ကနေအိမ်ပြင်ကိုတစ်ဖဝါးမှမခွါခဲ့ဘဲ အိပ်ရာထက်မှာသာ နာလန်ထူနိုင်အောင် ပြန်လည်ကုစားခဲ့ရတယ်။ ဒါနဲ့သူမ ဘယ်လိုများလူတွေကို လိမ်လည်တတ်မှာတဲ့လဲ။

ဒါတင်မက သူမလိုရှစ်နှစ်အရွယ်ကလေးငယ်က သေဆုံးတဲ့ဝိညာဉ်တွေကို အောက်ကမ္ဘာသို့ စောင့်ကြပ်ပေးရတဲ့ နတ်ဘုရားနှစ်ပါးအကြောင်း.. အရှင်ရာမအကြောင်းနဲ့ ငရဲနန်းတော်တို့အကြောင်းကို ဘယ်လိုလုပ်သိနိုင်မှာလဲ။ သူမတစ်ခါမှ မရောက်ဖူးတဲ့ နေရာတွေကို ဘယ်လိုများ ခရေစေ့တွင်းကျ ပြောနိုင်မှာလဲ။ ယွီဟိုင်ဟာ သူ့သမီးရဲ့လက်ကလေးကို ကျပ်ကျပ်ကိုင်ထားလိုက်တယ်။ သူ့သမီးငယ်က ဘဝပေးကံမကောင်းခဲ့ရှာတော့ တစ်ခါလည်း သေခါနီးဆဲဆဲဖြစ်ခဲ့ရတယ်။ သူ့သမီးရဲ့ဘဝမှာ ရှားရှားပါးပါး ရခဲ့တဲ့ ဒီဒုတိယအကြိမ် အခွင့်အရေးကိုတော့ အချည်းအနှီး မဖြစ်သွားရအောင် သူစိတ်ထဲမှာ တိတ်တိတ်လေး ဆုံးဖြတ်နေခဲ့တယ်။

အဖေ.. သမီးတို့လက်သမားဆိုင်ကို ရောက်ပြီလေ!
ရှောင်ချောင်းက သူမအဖေ အတွေးတွေများနေရင်း လက်သမားဆိုင်ကိုတောင် ကျော်လျှောက်မိတော့မှာမို့ သတိပြန်ဝင်အောင် လက်ကိုဆွဲလိုက်တယ်။

ယွီဟိုင်တစ်ယောက် အတွေးပေါင်းသောင်းခြောက်ထောင်ကနေ ရုန်းထွက်ခဲ့တဲ့အချိန်မှာတော့ ဝင်ပေါက်မှာ ရပ်စောင့်နေတဲ့ အင်္ကျီလက်ရှည်နဲ့ လူတစ်ယောက်ကို မြင်ခဲ့တယ်။ ထို့နောက် ထိုလူထံသို့ချဉ်းကပ်ပြီး
ဒီကလူကြီးမင်းအနေနဲ့ ယွီဟန်ကို ခဏလောက် ခေါ်ပေးနိုင်မလား ကျွန်တော်က သူ့မိသားစုဝင်ပါ... သူ့ကို ဒီဂွမ်းကပ်အနွေးထည်လေး ပေးချင်လို့ပါ

သက်တန့်ရောင် မိန်းမပျို Book 1 (MMTranslation) Where stories live. Discover now