Chapter(301) - ချီယွင်ရဲ့ တောင်းဆိုချက်များ

2.8K 733 79
                                    

Unicode

အခန်း(၃၀၁) - ချီယွင်ရဲ့ တောင်းဆိုချက်များ

ချင်းကျူရဲ့ မျက်နှာက အနည်းငယ် ပြောင်းလဲသွားသော်လည်း လင်ရွှမ်းဇီကတော့ လှုပ်ရှားမှု ကင်းမဲ့နေဆဲပင်။

"ပေါက်ကရတွေ, အလုပ်မရှိဘူးဆိုရင် ခင်ဗျားက ကျုပ်ကိုဘာလို့ ခေါ်မလဲ?" ချီယွင်က မထီမဲ့မြင်ဟန်ဖြင့် လှောင်ပြောင်ရယ်လေသည်။

"ဒါပေမဲ့ကျုပ်က လက်လေးပြ ခေါ်လိုက်တာနဲ့ ပြေးလာမယ့် ခွေးတွေကြောင်တွေတော့ မဟုတ်ဘူး, ကျုပ်တို့ ကြေးစား အုပ်စုတစ်ခုလုံးက စီးပွားရေး ကြီးကြီးမားမား လုပ်နေကြတာ, နို့မပြတ်သေးတဲ့ ကလေးတစ်ယောက်နဲ့ ပတ်သတ်တာမျိုးကိုတော့ မလုပ်ဘူး"

ကလေးအကြောင်း ပြောတဲ့အချိန်မှာ ချီယွင်ရဲ့ မျက်လုံးများက အားပိုင်ရဲ့ အမွှေးလေးများကို အလိုလို သပ်ပေးနေတဲ့ ယန်ထျန်းဟန်အား ရှင်းလင်းစွာကြည့်နေသည်။

ယန်ထျန်းဟန်က အကြည့်စူးစူးအား ခံစားလိုက်ရတာကြောင့် သူ့လက်က မတော်တဆ လျော့ကျသွားပြီး အားပိုင်က မြေပြင်ပေါ် ဘုတ်ခနဲပြုတ်ကျသွားရှာသည်။

အားပိုင်က နေရာမှာတင် တုံးအအ မျက်နှာလေးနဲ့ လှဲနေ၏။ ထို့နောက် အလျင်အမြန်ပင် လှိမ့်လိုက်ပြီး ဘာဖြစ်သွားမှန်း နားမလည်သလိုမျိုး ထရပ်မိသည်။

ယန်ထျန်းဟန်က နှာခေါင်းလေးကို ထိလိုက်သည်။

"အကယ်၍ ခင်ဗျားကလေး ထိန်းပေးမယ် ဆိုရင်တောင် ကိုယ့်ဘာသာကိုယ် နို့တိုက်နိင်ပါတယ်, ခင်ဗျားရဲ့ နို့ကိုမလိုဘူး"

ချီယွင် "......" ဘယ်ကသောက်နို့ကိုရမှာလဲ?

လင်ရွှမ်းဇီက စကားစလိုက်သည်။

"ခေါင်းဆောင်ချီ, ကျုပ်—"

"ကျုပ်ကိုအဲ့ဒီလို မခေါ်ပါနဲ့ သခင်လေး" ချီယွင်က လက်ကို ကြီးကျယ်လှစွာ ဝှေ့ရမ်းလိုက်သည်။

"အဲ့ဒီလိုခေါ်တာ တစ်မျိုးကြီးပဲ, ကျုပ်က အချိန်တစ်ချို့ထိပဲ ခေါင်းဆောင်ဖြစ်နေတာ, ခင်ဗျားကျုပ်နာမည်ကို တိုက်ရိုက်ခေါ်လို့ရတယ်, ကျုပ်နာမည်က ချီယွင်, အလံဆိုတဲ့ ချီနဲ့ ကောင်းကင်က တိမ်ဆိုတဲ့ ယွင်"

(Book-2)အမြင့်မြတ်ဆုံး ကောင်းကင်အရှင်၏ ပြန်လည်မွေးဖွားခြင်းWhere stories live. Discover now