Chapter...28

10.1K 564 19
                                    

ဒီအပိုင်းလေးတွေမှာ ခတ်ရဲ့အပိုင်းလေးတွေ
နည်းပါမယ်နော်...နောက်အပိုင်းတွေမှာတော့
ခတ်ရဲ့အပိုင်းတွေများမှာပါ....

သွန်းနဒီအခန်းထဲကထွက်လာတဲ့ အိမ်စေနှစ်
ယောက်က်ို သူရအကဲခတ်ကြည့်လိုက်လေ
သည်...နှစ်ယောက်လုံးကလည်း မချိုမချဥ်
မျက်နှာတွေဖြင့် တစ်ယောက်မျက်နှာတစ်
ယောက်ကြည့်ပြီး ဧည့်ခန်းထဲသို့ဝင်ဖို့ပြင်
လိုက်ကြလေသည်...။

"နင်တို့က အဲ့အခန်းထဲဘာဝင်လုပ်ကြတာလဲ
အကြောင်းကိစ္စရှိလို့လား..."

သူရကိုတွေ့သွား၍ လန့်သွားသောအမူအယာ
များဖြင့် ခေါင်းငုံ့ထားကြရင်း...

"မမလေး သွန်းက ခိုင်းစရာရှိတယ်ဆိုလို့ ဝင်
သွားတာပါ...ကျွန်မတို့ ဘာမှမလုပ်ရပါဘူး
မမလေးသွန်းခိုင်းတာလုပ်ပေးရရုံတင်ပါ.."

"ဟုတ်ပါတယ်ရှင့်...ကျွန်မတို့ကမရှိလို့တောင်
သူများအိမ်မှာအိမ်ဖော်လာလုပ်ရတာ..မဟုတ်
တာမလုပ်ရဲပါဘူး..."

နှစ်ယောက်သားအတိုင်အဖောက်ညီညီပြော
နေတာကြောင့်..

"မင်းတို့ကအခုမှစရောက်တဲ့အိမ်စေတွေဆို
တာမမေ့နဲ့..ကိုယ်နဲ့မဆိုင်တာမစပ်စုမိစေနဲ့
အရမ်းအရောမဝင်နဲ့..သွားတော့..ကိုယ်အလုပ်ကိုယ်သွားလုပ်ကြ..."

သူရဲ့အငေါက်ခံရမူကြောင့် ခပ်သုတ်သုတ်ဖြင့်
နှစ်ယောက်လုံး မီးဖိုခန်းထဲဝင်သွားကြလေ
သည်...။

"ဟဲ့ နင်တို့နှစ်ယောက်ခုနကဘယ်ရောက်နေ
တာလဲ....နင်တို့မမေ့ဖို့က ဒီအိမ်ကခိုင်းတာ
လုပ်ဖို့ ပိုက်ဆံပေးပြီးခေါ်ထားတာနော်....
အချောင်ခိုဖို့တော့စိတ်မကူးနဲ့..ဟိုမှာသူများ
တွေအလုပ်လုပ်နေကြတာမြင်လား သွားကူ
လေ...သခင် မေးတဲ့အချိန် ထမင်းမကျက်
သေးရင် နင်တို့နှစ်ယောက်သေဖို့ဘဲပြင်ထား
ကြတော့..."

အိမ်တော်ထိန်းရဲ့အဆူအငေါက်ထပ်ခံလိုက်
ရတဲ့ အိမ်ဖော်မနှစ်ယောက်ကတော့ မမြင်ကွယ်ရာရောက်တဲ့အခါ တောက်တ
ခေါက်ခေါက်နဲ့ မချီတင်ကဲဖြစ်နေကြလေ
သည်....။

"ကြည့်နေ အဲ့အိမ်တော်ထိန်းဆိုတဲ့ဟာမကို
ငါတို့မမလေးသွန်း ဒီအိမ်ရဲ့ သခင်မဖြစ်တဲ့
အခါကျရင် အိမ်ပေါ်ကနေ ကန်ချပြမယ်.."

ကကြိုးရုပ်[ Complete ]Where stories live. Discover now