Chapter - 17 (Part 3)

3K 489 30
                                    

Unicode

ညစာပြင်ဆင်ပြီးတဲ့​နောက် အူးယမ်က သူ့အာရုံကိုစုစည်းပြီး စာအုပ်အချို့ဖတ်တယ်။ ထုတ်​ဝေဖို့, မ​ဝေဖို့ကို ဂရုမစိုက်ဘဲ သီအိုရီဘာသာပြန်စာတမ်းတစ်ခုကို ​ရေးဖို့အာရုံစိုက်တယ်။ ဒါက အခုလက်ရှိ သူ့ဘဝရဲ့လစ်ဟာ​နေမှုဆီက​နေ သူ့ကိုယ်သူ အာရုံလွှဲဖို့အတွက် အ​ရေးကြီးတဲ့နည်းလမ်းတစ်ခုဖြစ်တယ်။ ဒါကလွဲပြီး သူ့မှာ ​ပြောပြနိူင်စရာဖျော်​ဖြေမှု​တွေ ရှိ​မနေဘူး။

​ကျောင်းလီက ညစာအတွက် ပြန်မလာခဲ့ဘူး။ ဆယ့်တစ်နာရီ​ကျော်လာ​ခဲ့ပေမယ့် သူ့အရိပ်​တောင်မှ မမြင်ရ​သေးဘူးဖြစ်တယ်။

သူ့သူငယ်ချင်း​ဟောင်း ဒူယူးယူနဲ့ပြန်လည်ဆုံ​တွေ့ကတည်းက ​ကျောင်းလီ အိမ်မှာ​နေတဲ့အချိန်က နည်းသွားတယ်။ သူက ​နေ့တိုင်းနီးပါး အပြင်ထွက်တယ်။ ဒါ​ပေမယ့် အိမ်ကို ပြန်သတင်းပို့ဖို့ ဖုန်းမဆက်တာက​တော့ ဒါက ပထမဆုံးအကြိမ်ဖြစ်တယ်။ သူ့ကို ဖုန်း​ခေါ်တဲ့အချိန်မှာ တစ်ဖက်က သူတို့ဖုန်းကိုပိတ်ထားတယ်လို့ ပြောတယ်။

အူးယမ်က အနည်းငယ်ပူပန်လာပြီး လိပ်စာမှတ်ထားတဲ့စာအုပ်ထဲက ​ကျောင်းလီရဲ့သူငယ်ချင်းအချို့ကို ဖုန်း​ခေါ်လိုက်တယ်။ ဒါ​ပေမယ့် သူ့ဆီကို မ​ရောက်နိူင်ခဲ့ဘူး။ သူအပြင်ထွက်ကြည့်ဖို့ လုပ်တဲ့အချိန်မှာပဲ တံခါးနားက လှုပ်ရှားမှုကို ကြားလိုက်ရတယ်။ ​ကျောင်းလီ ပြန်လာခဲ့ပြီဖြစ်တယ်။

ဒူယူးယူကလည်း သူနဲ့အတူ လိုက်ဝင်လာတယ်။ ဒါ​ပေမယ့် ဒါက ည​​နက်မှ သူငယ်ချင်းကို ညဘက် မုန့်စားဖို့အတွက် အိမ်​ခေါ်လာတဲ့အ​ငွေ့အသက်မျိုး​တော့ မဟုတ်ဘူး။ ​ဒုက္ခဖြစ်​နေတဲ့ ကျောင်းလီရဲ့မျက်နှာမှာ ရှက်ရွံ့မှုအချို့ရှိ​နေခဲ့တယ်။ ဒူယူးယူမှာတော့ သူ့ရဲ့ပုံမှန်​​ကြော့ရှင်းတဲ့အပြုံးရှိသော်လည်း သူလုံးဝ​ပျော်မ​နေဘူးဆိုတာ ထင်ရှားတယ်။

"ဘာဖြစ်လာတာလဲ?" အူးယမ်က ​ကျောင်းလီရဲ့ပါးစပ်​ထောင့်က ဒဏ်ရာ​တွေကို မြင်လိုက်တယ်။ သူက လန့်သွားပြီး​တော့ ဆေး​​သေတ္တာကို အလျှင်အမြန်သွားရှာ​တော့တယ်, "ဘာကိစ္စလဲ? မင်း လမ်းမှာ လူမိုက်တစ်​ယောက်နဲ့ ​တွေ့လာတာလား?"

Going Against The Wind (Myanmar Translation) CompletedWhere stories live. Discover now