အပိုင်း (၁၉) တိုးတက်သွားသောကျင့်ကြံရေးနည်းလမ်း

1.2K 270 4
                                    

((Zawgyi))

အပိုင်း (၁၉)
တိုးတက်သွားသောကျင့်ကြံရေးနည်းလမ်း

💊💊💊
ကုန်းရိထျန်းဟန်သည် ဖြည်းဖြည်းချင်း မတ်တပ်ရပ်လိုက်ကာ ကျောက်သားထိုင်ခုံများရှိရာ စင်မြင့်ထက်မှ အောက်သို့ တစ်လှမ်းချင်း ဆင်းလျှောက်သွားသည်။

သူ၏ထျန်းလုံအစောင့်တပ်ဖွဲ့ ခေါင်းဆောင်လုံရိကလည်း ချက်ချင်း မတ်တပ်ရပ်ကာ ပြိုင်ပွဲကွင်း၏ အလယ်​ဗဟိုသို့ ခုန်ဆင်းလိုက်သည်။

ကုကျိုးသည် ဘာဆက်ဖြစ်မည်မှန်း မသိသည့်တိုင် မိမိ၏အရှေ့ကိုသာ ငေးမောကြည့်နေမိသည်။

မဟုတ်မှလွဲရော လုံရိက ထောက်ပံ့သူကိုယ်စား တိုက်ခိုက်မလို့လား?

အဲ့လိုဆို သူ့​ထောက်ပံ့သူက အန္တရာယ်ကင်းသွားပြီပေါ့။ ဒါပေမယ့် ကျန်တဲ့အိမ်တော်ကြီးတွေက ဒီကိစ္စကို ဘယ်လိုလုပ် ခွင့်ပြုပေးလိုက်တာလဲ? တော်ဝင်မိသားစုကရော မကန့်ကွက်ဘူးလား?

ထူးဆန်းတယ်။ အရမ်းကို ထူးဆန်း​တယ်။

နောက်ပြီး ဒါက ထောက်ပံ့သူ တစ်ယောက်တည်း စည်းကမ်းဖောက်ဖျက်​နေသလို မဖြစ်ဘူးလား!

ကုကျိုး၏ မျက်နှာအမူအရာက အနည်းငယ် ထူးဆန်းနေကြောင်း ဖော်ပြနေသည်။

ထောက်ပံ့သူရဲ့ စွမ်းအားက အဲ့လောက်ကြီးမားနေတာ မဖြစ်နိုင်ဘူး..... သူက ထောက်ပံ့သူကို လေးစားကြည်ညိုတာတော့ မှန်ပါရဲ့၊ ဒါပေမယ့် တစ်ချို့ကိစ္စတွေက ဒီလောက် မလွယ်ကူဘူးဆိုတာတော့ သူသိ​​နေတယ်​။

ယခုအချိန်တွင် လုံရိသည် တိုက်ခိုက်ရေးကွင်းပြင်၏ အလယ်တည့်တည့်တွင် တည်ငြိမ်စွာ မတ်တပ်ရပ်နေသည်။ ပြီးတော့ ကုန်းရိထျန်းဟန်သည်လည်း တိုက်ခိုက်ရေးစင်မြင့်၏ အခြေနားတွင် နေရာယူထားပြီး လက်နှစ်ဖက်ကို နောက်ပစ်လျက်သား မတ်တပ်ရပ်နေသည်။ သူ၏ ဘေးတစ်ဖက် တစ်ချပ်တွင် ထျန်းလုံအစောင့်တပ်များက အနီးကပ် အကာအကွယ် ယူပေးထားကြသည်။

လုံရိ၏ မျက်နှာချင်းဆိုင်၌ အရပ်ရှည်ရှည်၊ သာမာန်ထက် ပိုမိုအင်အားတောင့်တင်းပုံရသည့် လူငယ်တစ်ဦး ရောက်ရှိလာသည်။ ထိုလူ၏ အသွင်အပြင်က မျက်ခုံးထူထူ၊ မျက်လုံးဝိုင်းဝိုင်း၊ မေးစေ့လေးထောင့်ကျကာ၊ နှာတံထင်းထင်းနှင့် တစ်မျိုးတစ်မည် ခန့်ညားထည်ဝါကာ အင်အားကြီးမားသည့် အရောင်အဝါများ ထွက်ပေါ်နေသည်။

မင်းအတွက် ဆေးတစ်ခွက် [System]Where stories live. Discover now