(၁)

5.3K 325 30
                                    

[Unicode]

Disclaimer :
ဤဇာတ်လမ်း ဇာတ်ကောင်များနှင့် အချို့သော သမိုင်းအချက်အလက်များသည် စာရေးသူ၏ ဖန်တီးမှုသာ ဖြစ်ပါကြောင်း ။

Theme Song on Media :
SILENCE - Marshmello ft khalid

_________________

(၁)

၁၉၈၀ ခုနှစ်… မယ်ဆိုင်… ။

စာရေးဆရာလေးအဲရစ်စ်နယ်လ်ဆင် စိတ်လှုပ်ရှားနေသည် ။

မြန်မာ ထိုင်း လာအို သုံးနိုင်ငံစုံရာ ရွှေတိဂံ ဘိန်းနယ်မြေဖြင့် ကျော်ကြားသော တာချီလိတ်မြို့ဖက်မှနေ၍ မယ်နမ့်ဆိုင်မြစ်ကူးတံတားပေါ်ခြေချလိုက်ရကတည်းက အဲရစ်စ် စိတ်လှုပ်ရှားနေခဲ့ခြင်းဖြစ်သည် ။

ထိုစိတ်လှုပ်ရှားမှုသည် လွန်ခဲ့သောငါးနှစ်တာကာလက ချင်းရိုင်စော်ဘွား၏ အဖြစ်အပျက်ကို ကြားခဲ့ရသည့်အချိန်ကတည်းက စတင်သည် ။ မတော်တဆသိလိုက်ရသော ထိုအဖြစ်အပျက်က အဲရစ်စ်၏ စိတ်မြန်လက်မြန်သော အမေရိကန်ဗီဇကို နှိုးဆွလိုက်သည် ။

မယ်ဆိုင်သို့ လာရောက်လေ့လာရန် ခွင့်ပြုချက်ရသည်နှင့် အဲရစ်စ်တယောက်အထုတ်အပိုးပြင်ကာ ထိုင်းနိုင်ငံသို့ လာခဲ့ခြင်း ဖြစ်သည် ။

" မစ္စတာနယ်လ်ဆင် … ဟုတ်ပါသလား…  "

ခပ်ဝဲဝဲ အသံလာရာကို အဲရစ်စ် ကြည့်လိုက်သည် ။ အပြုံးချိုချိုနှင့်လူငယ်လေးက အဲရစ်စ်ကို လက်အုပ်ချီကာ နှုတ်ဆက်လာသည်။

" မင်္ဂလာပါ … ကျွန်တော်က မစ္စတာနယ်လ်ဆင်ရဲ့ စကားပြန် ခွန်တာ့ ပါ…  "

လူငယ်လေး နှုတ်ဆက်သည့်အတိုင်း အဲရစ်စ် လက်အုပ်ချီကာ ပြန်လည်နှုတ်ဆက်လိုက်သည် ။ လူငယ်လေးက အဲရစ်စ်၏လက်ထဲမှ လက်ဆွဲအိတ်ကိုယူကာ အရောင်လွှင့်စပြုနေသော ဂျစ်ကားလေး၏ အနောက်သို့ ထည့်လိုက်သည် ။

" မနက်စာ စားခဲ့ပြီးပါပြီလား မစ္စတာနယ်လ်ဆင်ခဗျာ… "

" စားခဲ့ပြီးပါပြီ ခွန်တာ့…  သွားကြရအောင်ပါ … "

စကားပြန်လေး ခွန်တာ့က ချိုသာစွာပြုံးကာ ဂျစ်ကားလေးကို စက်နှိုးလိုက်သည် ။ ခရီးသည်ခုံတွင် အဲရစ်စ် ဝင်ထိုင်ရင်း ဘေးဘီဝဲယာက်ို ကြည့်နေမိသည် ။

SILENCE |[Completed]|Where stories live. Discover now