Chapter (50)

25.4K 3.4K 299
                                    

လေလံပွဲစတင်ချိန်မှာ လော်ရှို့နဲ့ မုန့်ရန်တို့က စားပွဲဝိုင်းတစ်ခုမှာ ဝင်ထိုင်လိုက်ကြတယ်။

မုန့်ရန်တစ်ယောက် လေလံပစ္စည်းစားရင်းကို ကြည့်လိုက်တဲ့အခါ မျက်စိကျလောက်တာတွေကို မတွေ့ခဲ့ပေမယ့် ရောက်လာပြီးနေပြီဖြစ်တဲ့အတွက် တစ်ခု၊နှစ်ခုလောက်တော့ အိမ်ကို အပါယူသွားဖို့ဆုံးဖြတ်လိုက်တယ်။ဒါ့ကြောင့် ဘေးနားမှာ ရပ်နေတဲ့ သူ့ရဲ့လက်​ထောက်ကို သူ လိုချင်တဲ့ပစ္စည်းတွေကို လက်ညိုးထိုးပြလိုက်ပြီး လေလံဆွဲခိုင်းလိုက်တယ်။

ချန်းဖန်ဖေးက မုန့်ရန်တို့နဲ့ သိပ်မဝေးတဲ့နေရာမှာထိုင်နေတယ်။ဒါဟာတိုက်ဆိုင်မှုတစ်ခုလား၊ချန်းဖန်ဖေးတစ်ယောက် တမင်တကာလုပ်နေတာလားဆိုတာ မုန့်ရန်မသိခဲ့ဘူး။မုန့်ရန် လေလံအောင်သွားတဲ့ ပစ္စည်းတွေထဲမှာ ချန်းဖန်ဖေး သေလောက်အောင်လိုချင်နေတဲ့ပစ္စည်း နှစ်ခုပါသွားတယ်။

သူလိုချင်နေတဲ့အရာတွေကို မုန့်ရန်ယူသွားတဲ့ အတွက် ချန်းဖန်ဖေးအတော်သောကရောက်နေခဲ့ရတယ်။ဒီပစ္စည်းနှစ်မျိုးကို သူကိုယ်တိုင်ဓာတ်ပုံပို့ပြီး
လော်ရှို့အမေကို ဝယ်ပေးမယ်လို့ အာမခံထားတဲ့ ပစ္စည်းတွေဖြစ်နေတယ်။ဒီလေလံပွဲကို ဒီပစ္စည်းနှစ်မျိုးကြောင့်သာ ရောက်လာခဲ့ရခြင်းဖြစ်တယ်။လော်ဆန်းတစ်ယောက် လော်မိသားစုမှာ အခြေနေမကောင်းတော့ဘူးဆိုတာ သူ သိနေတယ်။

လော်ရှို့က ငယ်ရွယ်တဲ့ဇနီးတစ်ယောက်နဲ့ လက်ထပ်လိုက်ပြီဆိုတော့ အနာဂတ်မှာ ကလေးရလာနိုင်တယ်။သူ့အနေနဲ့ သားဖြစ်သူ လော်ဆန်းကို သေချာပေါက် ကူညီထောက်ပံ့ပေးရလိမ့်မယ်။အခုချိန်မှာ လော်ရှို့အမေကို ပြေးကပ်ထားတာက အကောင်းဆုံးနည်းလမ်းတစ်ခုဖြစ်နေတယ်။

ချန်းဖန်ဖေးတစ်ယောက်  လော်ဆန်းက လော်ရှို့ရဲ့ သားအရင်းမဟုတ်တာကို နှစ်တွေအကြာကြီးဖုံးကွယ်ထားခဲ့တယ်။အမှန်တိုင်း ထုတ်ပြောဖို့ ကြိုးစားခဲ့ပါသော်လည်း နှစ်ပေါင်းများစွာ ကုန်လွန်သွားခဲ့ပြီဖြစ်တဲ့ အတွက် ဒီအမှန်တရားကို လော်ဆန်းရဲ့အဖေရင်းအပါအဝင် မည်သူတစ်ဉီးတစ်ယောက်ကိုမျှ သူ့ဘက်ကနေ ထုတ်မပြောဖြစ်ခဲ့ဘူး။ဘယ်သူမှ မသိတဲ့အတွက် အတုယောင်အဖြစ်ကနေ အစစ်အမှန်အဖြစ်ကို ပြောင်းလဲသွားခဲ့ပြီလို့ ချန်းဖန်ဖေး တွေးထားခဲ့တယ်။
သူ့ပါးစပ်ကနေ ထုတ်မပြောသ၍ လော်ဆန်းက လော်ရှို့ရဲ့ သားကြီးသြရသဖြစ်နေဉီးမှာပါပဲ....

သူဌေးကြီး၏ဒုတိယမြောက်အိမ်ထောင်ဖက်Where stories live. Discover now