Chapter 15 (U+Z)

6.6K 1.5K 77
                                    

-Unicode-

အခန်း ၁၅: အဲဒီလောက်တောင် အဓိပ္ပာယ်မရှိရသလား

ချန်ကျင့်ရွှယ်ရဲ့ ကံဆိုးမှုတွေနဲ့ ကွာခြားလှစွာ...

ထိပ်တန်းတပ်ဖွဲ့ငယ်ကတော့ မျိုးမျိုးမြတ်မြတ် အလျှံပယ်ပင် ရလိုက်တယ်လို့ ပြောလို့ရတယ်။

စစ်သင်္ဘော Wyvern က ယာယီ ထွက်ခွာဖို့ မဖြစ်နိုင်တဲ့အတွက် သူတို့ ကင်းလှည့်တဲ့ အကွာအဝေးကို စတင်ပြီး တိုးချဲ့လာတယ်။

ဒီတစ်ကြိမ်မှာ ထိပ်တန်းတပ်ဖွဲ့ဟာ စွမ်းအင်ကျောက်တုံးတွေကို မူလက သိမ်းဆည်းထားတဲ့ ကုန်လှောင်ရုံကို မမျှော်လင့်ဘဲ ရှာတွေ့ခဲ့တယ်။

သေချာတာပေါ့ ကုန်လှောင်ရုံက အထဲမှာ ဘာမှကို မရှိသလောက်ပဲ။ ပစ္စည်းတွေအကုန်လုံးကို ရွှေ့ပြောင်းထားပြီးဖြစ်လို့ လုံးဝ ဟာလာဟင်းလင်းဖြစ်နေတယ်။

အသုံးမဝင်တဲ့ပစ္စည်း တော်တော်များများက ကြမ်းပြင်ပေါ်မှာ ပြန့်ကြဲနေတယ်။ သူတို့ ဒီဂြိုလ်ကနေ ထွက်သွားခဲ့တဲ့ အချိန်တုန်းက တော်ဝင်မင်းသားက အလျင်စလိုနဲ့ ထွက်ခွာသွားခဲ့ရပုံပေါ်တယ်။

အလိုအလျောက်ပင် ဒီလိုမျိုး ဖရိုဖရဲအခြေအနေကို အခွင့်ကောင်းယူပြီး တစ်ခုခုလုပ်တတ်တဲ့ လူတွေလည်း ရှိတယ်။ ဥပမာ ဒီလို ဘေးကင်းတဲ့နေရာကို ကတိုက်ကရိုက် ရွှေ့ပြောင်းတဲ့အချိန်တုန်းက စွမ်းအင်ကျောက်တုံးတချို့ကို တိတ်တိတ်လေး ခိုးယူဖွက်ထားပြီး မှောင်ခိုဈေးကွက်မှာ ယူရောင်းဖို့အတွက် လုပ်တာမျိုးပေါ့။

သူတို့က စွမ်းအင်ကျောက်တုံးအပြင် တန်ဖိုးကြီး မက်ခါအစိတ်အပိုင်း အတော်များများလည်း ခိုးခဲ့သေးတယ်။ သတ္တုတွင်းကို တူးဖော်တဲ့နေရာမှာ သုံးတဲ့ ပစ္စည်းကိရိယာတွေကိုတောင်မှ ခိုးဝှက်ထားခဲ့သေးတယ်။

တော်ဝင်မင်းသားဟာ အလောတကြီး ရွှေ့ပြောင်းခဲ့ရတယ်။ လူတိုင်းကလည်း အလောသုံးဆယ် ထွက်ခွာခဲ့ကြရတယ်။ စွမ်းအင်ဓာတ်ရောင်ခြည်တွေ ပမာဏအမြောက်အများ စိမ့်ထွက်လာခဲ့ပြီးနောက် လူတိုင်းက အဆိပ်သင့်မှာကို စိုးရိမ်ခဲ့တယ်။ သူတို့မှာ သေသေချာချာ စစ်ဆေးကြည့်ရှုဖို့ စိတ်အခြေအနေ ဘယ်ရှိပါမလဲ။

Worship Me, I Can Make You Rich (Myanmar Translation) U+Z (Complete)Where stories live. Discover now