Part - 31
မာန၏ အခြားတစ်ဖက်
🌟🌟🌟🌟🌟🌟
" ကျွန်တော် ဘယ်မှသွားနေတာမဟုတ်ပါဘူးနော်
.... ကားထဲမှာ ပိုက်ဆံအိတ်နဲ့ ဖုန်းကပါသွားလို့် လမ်းလျှောက်ပြီး ပြန်လာရတာပါ "ကိုယ်က ဘာမှတောင်မပြောရသေးခင်ပဲ သူ့ဟာသူ
အတင်းတွေဖြေရှင်းနေတဲ့ကောင်လေးကို မျက်နှာ
တင်းတင်းနဲ့ကြည့်လိုက်ရင်း ----" မင်းအသက်ဘယ်လောက်လဲ.... နေရာတကာ မေ့နေရအောင် အသက်ရှစ်ဆယ်အဖိုးကြီးလား ... အဲလောက်တောင် နမော်နမဲ့နိုင်မှတော့ .... လမ်းလျှောက်ရတာနည်းတောင်နည်းသေးတယ် .... ငါအခုအပြင်သွားဦးမယ်.... မင်းနဲ့စကားပြောဖို့မအားသေးဘူး "
ပြောပြီးတာနဲ့ ထွက်သွားတဲ့ ဦးမာန် ကိုကြည့်ရင်း
လွှမ်းကတော့ ဝမ်းနည်းစိတ်ကဝင်လာပါတယ် ။ အနည်းဆုံးတော့ ကိုယ် တစ်ညနေလုံးလမ်းလျှောက်
လာရတာကို စိတ်ပူရမှာလေ ။ သူအိမ်ကိုပြန်ရောက်
လာတဲ့အချိန် ကိုယ့်ကိုမတွေ့ရင် ဖုန်းတော့ခေါ်ကြည့်သင့်တယ် မဟုတ်ဘူးလား ။ကိုယ့်အတွက်ဆို ဘယ်တော့မှ စိတ်ပူပေးမှမဟုတ်
မှန်းသိပေမဲ့ မျှော်လင့်နေမိတာကိုက ကိုယ်ရူးနေတာ နေမှာပါလေ ။ အိမ်ထဲဝင်လာပြီး ဖုန်းကိုလိုက်
ရှာ ဖွင့်ကြည့်လိုက်တော့ ဦးမာန် ခေါ်ထားတဲ့ ဖုန်းနံ
ပါတ်လေး ။ ဖျက်ကနဲပေါ်လာတဲ့ အတွေးကလေးကတော့ ----" အော် !!!! ဖုန်းတော့ ခေါ်ကြည့်ထားသေးတာပဲ "
<<<<<<<<<<<<<<<<<<>>>>>>>>>>>>>>>
စားသောက်ဆိုင်မှာ မှာထားတာတွေကို ထိတောင်
မထိပဲ ထိုင်နေတဲ့ ကိုယ် နဲ့ ဆောင်းရိပ် ။ နှစ်ယောက်သားကြားမှာ ပြောစရာစကားမရှိတော့သလို
တိတ်ဆိတ်ငြိမ်သက်လို့ ။ ခဏကြာတော့မှ ------" အကို!!! လက်ထပ်မဲ့ကိစ္စကို တကယ်ဆက်လုပ်တော့မှာလား .... အခြားနည်းလမ်းမရှိလို့ အခုလိုတွေ
လုပ်နေရတာလား "ဆောင်း မေးလိုက်တဲ့စကားကြောင့် ကိုယ့်စိတ်ကို
ကိုယ့်ဘာသာပြန်ဆန်းစစ်ကြည့်လိုက်ရင်း သက်ပြင်းချလိုက်မိပါတယ် ။
YOU ARE READING
မာန၏ အခြားတစ်ဖက် 🌟 မာန၏ အခွားတဈဖကျ ( Completed)
Fanfictionချစ်ခြင်းမေတ္တာအကြောင်းပြောတဲ့အခါ မာနတွေကို ထားခဲ့ပါ ။ ချစ်ခြင်းမေတ္တာအကြောင်းပြောတဲ့အခါ မာနတွေကို ထားခဲ့ပါ ။