Chapter Twenty-one: : Thingyan Festival in Mandalay

5.3K 37 2
                                    

Chapter Twenty-one:                   : Thingyan Festival in Mandalay
 
 
“တူ...တူ...တူ...ဟယ်လို..ကို့”

“အွန်း....ချယ် ၊ ညနေစာစားပြီးပြီလား”

“ပြီးပြီ...ကိုရော ၊ ဆိုင်ကနေ ဘယ်တုန်းက ပြန်ရောက်တာလဲ”

“စောနကမှပြန်ရောက်တာ ၊ ဒီနေ့ ဗီနိုင်းလာအပ်တာတွေများနေလို့”

“အော်....တို့ ကိုလေး ပင်ပန်းနေမှာပေါ့....”

“အင်း...ဟုတ်ပ ၊ ကျောင်းပိတ်တာ နှစ်ပတ်မရှိသေးဖူး...ကျောင်းပြန်ဖွင့်ချင်နေပြီ...ဟိဟိ”

“ဘာလဲ...ကွန်ပျူတာ တက္ကသိုလ်မှာ လွမ်းရမယ့်သူရှိလို့လား”

“မဟုတ်ပါဖူး...ချယ်ရယ် ၊ ဝါး....ဒီမှာက မနက်အစောထပြီး အလုပ်သွားရတာကိုး... ကျောင်းမှာဆို ၈နာရီ လောက်အထိ နှပ်လို့ရတယ်”

“ဟုတ်ပါပြီ....ကိုလည်း ညစာစားပြီးပြီလား”

“အင်း...ချယ်တို့ မန္တလေးမှာပူနေပြီလား”

“ ပူတာမှပြောမနေနဲ့တော့...ဒီမှာ သင်တန်းတွေက ရှိနေလို့သာ ၊ မဟုတ်ရင် ပြင်ဦးလွင်ကို ပြန်လာပါတယ်”

“ချယ်...သင်္ကြန်ကျပြန်လာခဲ့လေ..ကိုတို့အတူ မြို့ထဲလျောက်လည်လို့ရတယ်”

“အင်း....ချယ်က မန်းလေးမှာပဲ နေဖြစ်မယ်ထင်တယ် ၊ အမေတို့ကလည်း သင်္ကြန်တွင်း ဒီကိုပဲ လာနေကြမှာ”

“ဟွန့်...ကိုကဖြင့် စာမေးပွဲဖြေပြီး အိမ်ပြန်ရင်တော့ ချယ်နဲ့များ တွေ့ရမလားလို့ စိတ်ကူးထားတာ ၊ကျောင်းဖွင့်တုန်းကတောင် စနေတနင်္ဂနွေ လာချင်လာလို့ရတယ်.... အခုတော့ အလုပ်တစ်ဖက်နဲ့ ပိုတောင်ဆိုးနေပြီ”

“ခစ်....ကို...သင်္ကြန်တွင်း မိတ္တူဆိုင်ပိတ်တယ်မလား ၊ မန္တလေးလာခဲ့လေ”

“ဟုတ်သားပဲ ၊ မန်းလေးလာတွေ့ပြီး ချယ်နဲ့အတူ လည်ရမယ်...အိမ်ကို ဘယ်လို အကြောင်းပြချက်ပေးရမလဲ တွေးလိုက်ဦးမယ်”

“အဲ့လိုဆိုရင်တော့ကောင်းတာပေါ့ ၊ ချယ်လည်း သူငယ်ချင်းတွေနဲ့ လည်မယ်ဆိုပြီးတော့ လစ်ထွက်လာလို့ရတယ်”

“အွန်း...ဝါးးးး”

“အစောကြီးပဲရှိသေးတာကို...ကိုအိပ်ချင်နေတာလား”

When we were young Where stories live. Discover now