Part 53

2.3K 90 4
                                    

Uni

စိတ်ရှည်စွာ ချစ်ရသော တစ်စုံတစ်ယောက်ကို စောင့်နေသည်။
မကြာခင် အခန်းတံခါး ပွင့်လာသည်။

သွယ်လျသော ခန္ဓာကိုယ်အထက် လှပသော အနီရောင် ဝတ်စုံက နေရာယူထားသည်။
လည်ပင်းက ဟိုက်နေတာမျိုး မဟုတ်ပဲ အသားနှင့်ကပ်လျက် အတန်အသင့် ဘေးဘက်သို့ အနည်းငယ် ပြဲသည်။
ရှည်သွယ်သော လည်တိုင်နှင့် ညှပ်ရိုးများက ဆွဲဆောင်မှုရှိလှသည်။

လက်အနည်းငယ် ထွက်ကာ လက်ဖျားမှ အရောင်လက်သော ငွေကြိုးလေးများက တွဲလဲခိုလျက်
သွယ်လျသောခါး အောက်ဘက်သို့ကားလျက်
အရှေ့က ဒူးခေါင်းဖုံးရုံ ရှည်ကာ နောက်ကတော့ အတော်ရှည်သည်။
အရှေ့မှလည်း ငွေကြိုးလေးတွေ ခိုတွယ်လျက်

သူမ ခြေတစ်လမ်းလှမ်းလိုက်တိုင်း ငွေကြိုးလေးတွေက သူမနှင့်အတူ ကခုန်လျက်

"ခွန်းနဲ့ လိုက်ရဲ့လား မောင်"

"ဘယ်လို စကားလုံးတွေနဲ့ ဖော်ပြရမလဲတောင် မသိတော့ဘူး"

"ဟုတ်ပါပြီရှင်

necktie နဲ့ coat ရော"

"ဒီမှာ ခွန်း"

သူ့လက်အတွင်းမှ necktie ကိုယူလျက် သူမလေး ကိုယ်တိုင်စီးပေးလေသည်။
အလိုက်သိစွာ ကိုယ်အနည်းငယ် ကိုင်းပေးထားလိုက်သည်။

လှပသပ်ရပ်စွာ စီးပြီးသောအခါ သူမလေးက သူ့မျက်ဝန်းအတွင်းသို့ စိုက်ကြည့်နေလေသည်။

necktie ကိုဆွဲလျက် ခြေဖျားထောက်ကာ နှုတ်ခမ်းတစ်စုံကို ထပ်တူကျလိုက်သည်။
တစ်စုံတစ်ယောက်ကတော့ ကြောင်အမ်း၍ ကြည့်နေဦးမည်။

ထိုလူကို အပြစ်မဖွဲ့နိုင်သေး။
coat ကိုယူလျက် သူ့ကိုဝတ်ပေးလိုက်သည်။

နီညိုရောင် suit က သူနဲ့တကယ်ကို လိုက်ဖက်လွန်းသည်။
မောင်က နာမည်နဲ့လိုက်အောင် ခန့်ညားထည်ဝါ လွန်းပါတယ်။

"မောင့်မေမေက မောင့်ကိုသိပ်ချစ်မှာပဲနော်"

"ဘာလို့လဲ ခွန်းရဲ့"

"မောင်က ပြည့်စုံလွန်းလို့
မောင့်လို သားမျိုးကို မိခင်တိုင်း ပိုင်ဆိုင်ချင်မှာပဲ"

You had me at helloWhere stories live. Discover now