[ 16 ]

36K 3K 61
                                    

[ သူကြီးသမက် ]

ရိုးအင်္ကျီအိတ်ကပ်ထဲကဆေးလိပ်ကို အရိပ်နှိုက်ယူလိုက်ပြီးလမ်းဘေးပစ်ချလိုက်သည်။

" ဟာ , နွေလရိပ် ! မင်းကွာ "

" ကျစ် !"

ရိုးတားချိန်ပင်မရလိုက်အနောက်နေသူ့အိတ်ကပ်ထဲကဆေးလိပ်ကိုနှိုက်ယူ၍ အရိပ်ကလမ်းဘေးပစ်ချခဲ့လိုက်ပြီဖြစ်သည်။

" ဘာလဲ မကျေနပ်ဘူးလား ! ရပ်လိုက် အခုဆိုင်ကယ်ရပ်လိုက် !"

အရိပ်စိတ်တိုသွားကာရိုးကိုအော်ပစ်၍ ဆိုင်ကယ်ရပ်ခိုင်းပစ်လိုက်တော့ ရိုးကဆိုင်ကယ်ရပ်မပေးပဲဆက်မောင်းနေရာကအရိပ်ကိုစိတ်မရှည်သလိုပြောလာသည်။

" နွေလရိပ် မင်းဘာဖြစ်ချင်နေတာလဲ ! အရက်ဆေးလိပ်ဆိုတာ ငါ့အရွယ်စရောက်ကတည်းကသောက်လာတာ မင်းသိရဲ့နဲ့အခုမှဘာတွေဖြစ်နေတာလဲလက်ထပ်လိုက်တာနဲ့ချုပ်ချယ်မှု့ကစတော့တာပဲ !တောက် !"

ရိုးကဆိုင်ကယ်ရပ်မပေးတဲ့အပြင် အရိပ်ကိုအပြစ်တင်စကားဆိုကာပြောလာတော့ အရိပ်စိတ်ပိုတိုသွားမိသည်။

" ရိုးမာန်ဂုဏ် ! မင်းကိုဆိုင်ကယ်ရပ်ပေးလို့ပြောနေတယ် !"

" ဟင် "

အရိပ်ဆီကရိုးနာမည်အပြည့်စုံကိုခေါ်လာတာကြောင့် ရိုးရင်ထဲထိတ်လန့်သွားမိပြီး ဆိုင်ကယ်ကို လမ်းဘေးအမြန်ထိုးရပ်လိုက်ရသည်။

မရပ်လို့မရ နွေလရိပ်ဆိုတာရိုးကိုသည်းခံနိုင်သလောက် သူစိတ်ဆိုးဒေါသထွက်လာရင်ဘာမဆိုလုပ်ပစ်တတ်တဲ့မိုက်ရူးရဲဆန်သူလေးလဲဖြစ်၏ တော်ကြာဆိုင်ကယ်ပေါ်ကခုန်ချသွားလို့ တစ်ခုခုဖြစ်ရင် ရိုးရင်ကျိုးရမှာ အရိပ်အကြောင်းသိသူမလို့အမြန်ထိုးရပ်လိုက်သည်။

ဆိုင်ကယ်ရပ်လိုက်တာနဲ့အရိပ်ဆိုင်ကယ်ပေါ်ကဆင်းကာအနောက်ပြန်လှည့်ပြီး လာရာလမ်းအတိုင်းလျှောက်ပြန်လိုက်တော့ ခြေလမ်းငါးလှမ်းပြည့်ချိန်မှာတော့ ရိုးကဆိုင်ကယ်ဒေါက်ထောက်ရပ်ထားခဲ့ပြီး အရိပ်အနောက်ပြေးလိုက်ကာလက်ကိုလာဆွဲသည်။

" အရိပ်ကလေးလေး ဘယ်သွားမလို့လဲ "

ခုနကဆိုင်ကယ်ပေါ်မှာဆေးလိပ်ပစ်လိုက်လို့ အရိပ်ကိုဒေါသထွက်ပြီးပြောဆိုတဲ့လေသံနဲ့နည်းနည်းလေးမှမတူတဲ့ ရိုးလေသံက အခုတော့နူးညံ့နေသည်။

( သူကြီးသမက် )  CompletedWhere stories live. Discover now