အပိုင်း ၁၅

3.6K 157 0
                                    

(unicode)

စွယ်​သော်လင်းစိတ်အသိမှ စောင့်ကြည်နေသူရှိနေသည်ဟုခံစားမိနေ၍ အပြင်ထွက်ရမှာကိုပင် စိတ်မပါ​ဖြစ်ရသည်။ ငြိမ်းချမ်းကလည်း လာမလည်တော့။ ကိုနေ့သစ်ကမူ မကြာမကြာလာတတ်ပါ၏။ လာတိုင်းလည်း စားစရာများယူခဲ့ပေးသည်။ တစ်ခါတလေလည်း ကိုနေ့သစ်အလာစောင့်မိ၏။ စားစရာတွေတစ်မျိုးမဟုတ် တစ်မျိုးပါလာမှာ မလား။ အခုတော့ ခေါက်ဆွဲထုပ်ဝယ်ရန် အပြင်သွားရပေအုန်းမည်။

အဝတ်စားပင်လဲမနေတော့ဘဲ အိမ်နေအတိုင်းထွက်ခဲ့လိုက်သည်။ နေထိုင်ရာတိုက်နှင့် တစ်လမ်းကျော်ရှိ mini store၌ ဝယ်စရာများဝယ်ယူပြီးသည်အထိ အရာရာအေးဆေးပင်။

အပေါ်သို့ပြန်တတ်ရန် ဓာတ်လှေကားကို ခဏစောင့်ရ၏။ ဓာတ်လှေကားရောက်ပြီးဖြစ်၍ အထဲဝင်ရန် ခြေလှမ်းရုံရှိသေး တစ်စုံတစ် ယောက်၏တွန်းတိုက်ခြင်းကို အသာလွတ်ခံ
လိုက်ရ၍ လက်မှအထုပ်တောင် လွတ်ကျမတတ်ဖြစ်သွားရသည်။

" ဖြည်းဖြည်းလေ။ လူကြီးလား ! "

အနောက်မှ တိုက်လိုက်သူကို စကားပြောလိုက်ချိန်မြင်လိုက်ရသောမျက်နှာကြောင့် ပြောမည့်စကားများ မေ့သွားရ၏။

" သော်လင်း သော်လင်းလို့ခေါ်မယ်နော်၊ ရတယ်မလား "

".........."

" သော်လင်း "

" ရ ရပါတယ် "

" ကောင်မလေးရှိလား "

" မရှိဘူး။ ဘာလို့လဲ "

" ကောင်းတယ် "

" ဗျာ "

အဆုံးအစမရှိဆိုလာသောစကားတို့ကြောင့် အံ့သြသွားမိ၍ ထိုသူမျက်နှာကို မော့ကြည်လိုက်မိ
လျှင် ငုံ့ကြည်နေသူနှင့် အကြည်ခဏဆုံလိုက်ရချိန် ရင်ဘတ်ထဲမှအကောင်သည် ထကြွချင်လာလေ၏။ ထို့ကြောင့် သော်လင်းအကြည်ကို အမြန်ပြန်လွှဲလိုက်ရ၏။

" သော်လင်း "

နာမည်ထပ်ခေါ်လာသံကြောင့် လက်ဖျားများပင် အေးလာသလို့။ သူ့အကြည်တ်ို့အား မရင်ဆိုင်ဝံ့၍ စိတ်ကိုတင်းလျက် 

" ကျွန်တော်ကို မျက် မျက်လုံးနဲ့မကြည်နဲ့ "

" OK "

ချစ်မြဲ ချစ်ဆဲWhere stories live. Discover now