My Master-1 (Z+U)

2.9K 117 7
                                    

(Unicode)

"သစ္စာဖောက်သူတို့သွားရာလမ်းကို မင်းသိတယ်မလား" ဟုပြောသံနှင့် ဝုန်းခနဲအုန်းခနဲအသံများကျနော်ကြားလိုက်ရသည်။

ဒီအသံတွေက ကျနော်နှစ်20နီးပါးရင်းနှီးခဲ့တာကြောင့် ကျနော့်အတွက်မထူးဆန်းတော့။

ထိုအခန်းထဲမှာ သေနတ်သံတွေပါကြားလိုက်ရသောကြောင့် ထိုသစ္စာဖောက်တဲ့လူကိစ္စပြတ်သွားမှန်းကျနော်သိလိုက်သည်။

မကြာခင် ထိုအခန်းထဲမှထွက်လာတော့မယ့် သခင်လေးတွေကြောင့် အသင့်ပြင်ထားတဲ့ အမြည်းနဲ့ဝီစကီပုလင်းတွေကိုယူကာ ကျနော်နဲ့Luhan ဧည့်ခန်းထဲထွက်လာလိုက်သည်။

ထိုအခန်းက ဤအိမ်တော်ကြီးရဲ့ ငရဲခန်းဟုပင်တင်စားရလောက်သည်။ အိမ်တော်ကြီးတခုလုံးကမည်သူမဆို ထိုငရဲခန်းထဲရောက်မည်ကိုသေမလောက်အောင်ကြောက်ကြသည်။

ခနကြာတော့ ဧည့်ခန်းကဆိုဖာပေါ်သခင်လေးတို့ထိုင်လိုက်သည်။ သခင်လေး2ယောက်လုံး လက်မှာ‌သွေးအလိမ်းလိမ်းနဲ့။
ကြည့်ရတာ ဂိုဏ်းရဲ့စည်းမျဉ်းအတိုင်းနှိပ်စက်လာသည်ထင်သည်။ ဘယ်လောက်တောင်နှိပ်စက်လာသည်မသိ။
လက်ဖမိုးပေါ်ကလက်ဆစ်တွေပင်ပွန်းပဲ့နေသည်။ Family doctorဖြစ်တဲ့ Dr. Do KyungSooက အလိုက်သိစွာပင်ဆေးထည့်ပေးနေသည်။
ကျနော်နဲ့Luhan ယူလာတာတွေချပေးလိုက်ပြီးတော့ သခင်လေးကကျနော့်ကိုပြောလာသည်။
"Baekhyun ငါရေချိုးဖို့ပြင်ထားလိုက် ပြင်ထားပြီးရင် မင်းပြန်လို့ရပြီ"

"ဟုတ်ကဲ့ပါ သခင်လေး"ဟုကျနော်ပြန်ပြောကာ ကျနော်ပြင်ဆင်ပေးပြီးနောက် ကျနော့်အိမ်လေးထဲပြန်လာခဲ့သည်။

သခင်လေးတွေဆိုတာက ဒီအိမ်ကြီးရဲ့အရှင်သခင်တွေကိုရည်ညွှန်းခြင်းဖြစ်သည်။ ဒီအိမ်ရဲ့အဓိကအရှင်သခင်က သခင်လေးPark Chanyeol။ သခင်လေးက သူနာမည်ပါထည့်ပြီး သခင်လေးChanyeolဟုခေါ်လျှင် လုံးဝမကြိုက်သောကြောင့် အစေခံတွေအားလုံးက သခင်လေးဟုသာခေါ်ရသည်။ သခင်လေးက 26နှစ်ဖြစ်ပြီး ကျနော်နဲ့Luhanနဲ့ရွယ်တူဖြစ်သည်။ သခင်လေးမှာ သခင်လေးထက်အသက်2နှစ်ငယ်တဲ့ ညီတစ်ယောက်ရှိပြီး ညီနာမည်က Park Sehun။

My Master (Completed) (Z+U)Where stories live. Discover now