26

11.1K 1.9K 43
                                    

Unicode

“အပြင်မှာ ဝံပုလွေတွေ ရှိနေတုန်းပဲ၊ ဘယ်လိုလုပ်ကြမလဲ..?”

ရတနာတွေကို သိုလှောင်လက်စွပ်ထဲ သိမ်းဆည်းပြီးတာနဲ့ ရွှယ်ယို့ရှန်းက ရင်းဆုယဲ့နဲ့အတူ အပြင်ထွက်လာလိုက်တယ်။ ဒါပေမဲ့ လိုဏ်ဂူအဝင်ဝကိုရောက်တော့ အခုအချိန်ထိ အကာအကွယ်စည်းအပြင်မှာ ရပ်စောင့်နေသေးတဲ့ ဝံပုလွေအုပ်ကြီးကြောင့် ခြေလှမ်းရပ်သွားရတယ်။

သူတို့ပေါ်လာတာနဲ့ အနားပတ်ဝန်းကျင်က အလောင်းတွေကို ဆွဲဖြဲနေတဲ့ ဝံပုလွေအုပ်ကြီးက ချက်ချင်း ရပ်တန့်သွားပြီး အစိမ်းရောင်တောက်နေတဲ့ မျက်လုံးတွေနဲ့ သူတို့ကို စိုက်ကြည့်လာကြလေတယ်။ အကာအကွယ်စည်းသာ ရှိမနေရင် သူတို့ကို ချက်ချင်း ခုန်အုပ်ပစ်လောက်ပြီ။

“အသားကင်စားချင်လား..?” ရင်းဆုယဲ့ကတော့ အန္တရာယ်ကို သတိထားမိပုံမရဘူး။ ပတ်ဝန်းကျင်ကို တစ်ချက်ဝေ့ကြည့်လိုက်ပြီး ရွှယ်ယို့ရှန်းကို အစားအသောက်အကြောင်း ရုပ်တည်ကြီးနဲ့ ပြောလာခဲ့တယ်။

သိသာပါတယ်၊ သူက ရွှယ်ယို့ရှန်း စွပ်စွဲခဲ့တဲ့ မန်ထိုကိစ္စကို အမှတ်ရနေတုန်းပဲ။ သူ့အရှေ့မှာရှိနေတဲ့ ဝံပုလွေအုပ်ကြီးက သူ့ကို အကြံကောင်းပေးနေတယ်။ အတိတ်ကအမှားအတွက် တခြားတစ်ခုကိုသုံးပြီး အစားထိုး ပြင်ဆင်ပေးရမယ်။

“………….”

နွားခေါင်းနဲ့ မြင်းပါးစပ်..! (ဘယ်လိုမဆီလျော်လိုက်တဲ့ စကားလဲ..?)

ရွှယ်ယို့ရှန်းတစ်ယောက် သူ့ IQ နဲ့ပက်သက်ပြီး ပထမဆုံးအကြိမ် သံသယဝင်လာခဲ့တယ်။ ရင်းဆုယဲ့ရဲ့ အတွေးကို ဘာလို့ နားမလည်တော့တာလဲ..? ရင်းဆုယဲ့ရော.. သူ့စကားကို သူကိုယ်တိုင် နားလည်သေးရဲ့လား..?

နေစမ်းပါဦး..!

အသားကင်’ ဆိုတဲ့စကားနဲ့ ဝံပုလွေအုပ်ကြီးကို ကြည့်ပြီး သူ့ရဲ့စိတ်ထဲ နိမိတ်မကောင်းသလို ခံစားလိုက်ရတယ်။

“ခင်ဗျား ကျွန်တော့်ကို ဝံပုလွေကင် ကျွေးမလို့လား..?”

ခန့်မှန်းရခက်လိုက်တာ..!

“အင်း..”

ရွှယ်ယို့ရှန်း ဘာလို့ ရေးကြီးခွင်ကျယ်လုပ်နေမှန်း ရင်းဆုယဲ့ နားမလည်ပါဘူး။ ပြင်ပလောကမှာ ကိုယ့်ဝမ်းကိုယ်ကျောင်းရင်း လောကအတွေ့အကြုံ ရှာဖွေဖို့ ထွက်လာကတည်းက အိမ်သုံးပစ္စည်းတွေကို သူနဲ့အတူ လုံးဝယူမလာခဲ့ဘူး။

ဝိဉာဉ်ကူးပြောင်းခဲ့ပြီးနောက် သောက်တလွဲတွေဖြစ်ကုန်ပြီ!Where stories live. Discover now