အပိုင်း-၅၂ (အိမ်ကိုအလည်လာခြင်း)

2.6K 436 0
                                    

[Zawgyi]

ရှီထုန်လေးက အိမ်ပေါက်ဝမှာ ဆောင်ကြောင့်လေးထိုင်ပြီး အသေးလေးရဲ့ အမွှေးတွေကို
သူ့လက်သေးသေးလေးနဲ့ ဖြီးသပ်နေတယ် ။ ခပ်မှန်မှန်သွားနေတဲ့ မြင်းခွာသံကြားတော့ ရှီထုန်လေးက ခေါင်းကိုမော့ပြီး အသံလာရာကို လှမ်းကြည့်လိုက်တယ် ။ လူအုပ်စုကို ဦးဆောင်လာတဲ့ လူငယ်လေးကို အတော်လေး ရင်းနှီးသလိုခံစားရတာမို့ ရှီထုန်လေးက သေချာမြင်ရအောင် သူ့မျက်လုံးတွေကို မှေးပြီး ကြည့်လိုက်တယ် ။

သခင်လေး, အဲ့ရှေ့က ခြံဝင်းနဲ့ ငါးခန်းတွဲပါတဲ့အိမ်က ဦးလေးယွီတို့ အိမ်ပဲ... ဒီအစေခံထောက်လှမ်းထားပုံအရတော့ ဒီတစ်ရွာလုံးမှာ ဒီလို အိမ်ကြီးကြီးမျိုး နည်းနည်းပဲရှိတယ် ဒါပေမယ့်...

တတိယသခင်လေးရဲ့ အနီးကပ်အစေခံအမျိုးသား ရှီးမို က ပြောနေရင်းမှ ခဏလောက် တွန့်ဆုတ်သွားတယ် ။

ဒါပေမယ့် ဘာဖြစ်လဲ?

တတိယသခင်လေးကျိုးက တံခါးရှေ့မှာ ရှိနေတဲ့ကလေးလေးကို အဝေးမှာတည်းက သတိထားမိတယ်။ အဲ့ဒါရှောင်ချောင်းရဲ့ ချစ်ဖို့ကောင်းတဲ့ ကြောင်တောင်တောင် မောင်လေးမလား ။ ဒါဆို ဒီနေရာပဲ ဖြစ်ရမယ်!

ရှီးမိုက အဖာအထေးတွေပါသော အစိမ်းရောင်ဂွမ်းကပ်အင်္ကျီဝတ်ထားတဲ့ ကလေးလေးကို ကြည့်လိုက်ပြီးသက်ပြင်းချလျက်

ဦးလေးယွီရဲ့ စွမ်းဆောင်မှုတွေနဲ့ အိမ်ကြီးရဲ့အခြေအနေကြည့်ရတာ ယွီမိသားစုရဲ့ လူနေမှုအခြေအနေက ဒီထက်ပိုပြီး အသင့်အတင့်ဖြစ်သင့်တယ်... ဒါပေမယ့် သူ့ကလေးတွေ ဝတ်တဲ့ အဝတ်အစားတွေကို ကြည့်လိုက်ပါဦး... ရွာထဲက တခြားကလေးတွေထက်တောင် ပိုပြီး ဟောင်းနွမ်းညစ်ပေနေသေးတယ်

ကြည့်လိုက် , အဲ့ဒါ မိန်းကလေး ရှောင်ချောင်းရဲ့ မောင်လေးမလား အပေါက်အပြဲတွေဗလပွနဲ့ သူ့အင်္ကျီက ဝတ်တောင်မဝတ်သင့်တော့ဘူး... အခုတလောလေးတင်ကပဲ ကျိန်ရှုံ စားသောက်ဆိုင်မှာ အသားရောင်းရင်းအနည်းဆုံး လျှန် ခြောက်ဆယ် ခုနစ်ဆယ်လောက်ရခဲ့တာ... အခု နှစ်သစ်တောင်ရောက်တော့မယ် ဒါပေမယ့် သူတို့ကတော့ ကလေးတွေကို ကွမ်းကပ်အင်္ကျီအသစ်လေးတောင် ဝယ်ပေးဖို့ ဆန္ဒမရှိတဲ့ပုံပဲ

သက်တန့်ရောင် မိန်းမပျို Book 1 (MMTranslation) Where stories live. Discover now