part 4

14.9K 1K 28
                                    

ကျုပ် နာမည်က  " တော်ဝင်မင်းခက်ထန် " ။ နာမည်ကြားပြီး အိမ်တော်ကြီးတစ်ခုရဲ့ မောက်မာတဲ့မင်းသားလေး လို့ မထင်စေချင်ဘူး ။ ကျုပ်ဟာ မိမရှိ ဖမရှိ တစ်ကောင်ကြွက် သနားစရာလေးပေါ့... ဟက်! ကျုပ် အသက် ၈နှစ်အရွယ်မှာ ကျုပ်နေတဲ့ နန်းတော်တမျှ ကြီးမားလွန်းတဲ့ အိမ်ကြီး မီးလောင်ခဲ့တယ် ။ ၈နှစ်အရွယ်ကလေးတစ်ယောက်က အရာအားလုံးကို နားလည်နေတတ်ခဲ့ပြီ ထင်ပါရဲ့ ။ တည!  အိမ်မီးလောင်တဲ့ ည တစ်ညပေါ့... တစ်အိမ်လုံး မီးခိုးတွေကသာ နေရာအနှံ့ပြန်ကျဲနေခဲ့တယ် ။ နန်းတော်လို အိမ်ကြီး ဖြစ်နေတဲ့ အတွက် အမေ့ကိုရှာဖို့ရာလည်း အချိန်ပေါင်း မြောက်မြားစွာကြာမြင့်လှတယ် ။ အဖေဆိုတာလည်း အိမ်ပြန်မလာတာ ကြာလွန်ခဲ့ပြီမို့ မျက်နှာတောင် သိပ်မမှတ်မိချင်တော့ဘူး ။ အဲ့ညက ကောင်းကင်ကြီးပေါ်က လမင်းကြီးကလည်း သွေးရောင်လွှမ်းတယ် ။ ကျုပ်ခန္ဓာကိုယ်တစ်ခုလုံးလည်း မီးခိုးလွှမ်းတယ် ။ ကိုကို့ကို နောက်ဆုံးအကြိမ်အဖြစ် တမ်းတမိခဲ့ချိန်လေးပေါ့ ။ ကိုကို ဆိုတာ ဖေဖေ့ရဲ့ မွေးစားသား လို့ အိမ်က လူတွေ ပြောပြောနေလို့ သိထားပေမဲ့ ကျုပ် ငယ်ငယ်ကတည်းက ပျောက်သွားခဲ့တဲ့ ကိုကို ဟာ အမြဲတမ်း, တမ်းတနေမိခဲ့တဲ့ ကျုပ်ရဲ့ ..... ဘာလဲဆိုတာမပြောတတ်ဘူး ။ သူက ကျုပ်အတွက် ဘာလဲဆိုတာ မပြောတတ်ပေမဲ့ သူ ပျောက်သွားတဲ့နေ့ကတည်းက တစ်ရက်မှ မမေ့ဘဲ စောင့်မျှော်နေခဲ့ရတဲ့ တစ်ဦးတည်းသော သူပဲ ။

တမ်းတနေခဲ့တာ ၊ လွမ်းနေခဲ့တာ ၊ သတိရနေခဲ့တာ... နောက်ဆုံးတော့ ကိုကို ပြန်ပေါ်လာခဲ့တယ် ။ မေမေ့ အလောင်းဘေးနားမှာ ဓားတစ်ချောင်းကိုင်ရင်းနဲ့ပေါ့ ။ မီးခိုးမှုန်တွေကြားထဲ သေချာစွာ မြင်နေခဲ့တယ် ။ ဒါ ကျုပ် ရူးမိုက်စွာ မျှော်နေခဲ့တဲ့ ကိုကို! 

ကိုကို့ကို ကျုပ် သိပ်မှတ်မိတာပေါ့ ။ ဘာလို့ဆို မေမေတို့ မသိအောင် ကိုကိုက တလမှာ ၁ကြိမ်လောက် အမြဲ ခိုးပြီး လာလာတွေ့ခဲ့တာ ။ ကျုပ် ၅နှစ်အရွယ်က ထွက်သွားခဲ့တဲ့ ကိုကိုဟာ အဲ့ညက စိတ်ပျက်စရာကောင်းစွာ ပြန်ပေါ်လာခဲ့တယ် ။

ကိုကိုက မေမေ့ကို သတ်ပစ်လိုက်တယ် ။ ဒီအိမ်ကြီးကိုလည်း ကိုကိုပဲ မီးရှို့ပစ်ခဲ့တာ ဖြစ်ရမယ်... ။ ဘေးမှာ လဲလျောင်းနေတဲ့ အလောင်းတွေဟာလည်း မေမေ့ လူယုံတွေ ။

You are my husband (Season 1)Completed  Where stories live. Discover now