Chapter Twenty-three: : First time we make miracle

5.7K 37 0
                                    

Chapter Twenty-three:                     : First time we make miracle

 
 
“ကို့.....ပန်းပင်တွေကို လက်နဲ့သွားမဆိတ်နဲ့လေ ၊ အလှစိုက်ထားတဲ့ဟာတွေကို”

“ဟဲဟဲ....အငယ်တုန်းက လက်ကမြင်းတာ အကျင့်ပါနေလို့ပါ...ဟီး”

“ကို...​မျက်နှာပြောင်မနေနဲ့ ၊ ဘုန်းကြီးကျောင်းရောက်နေတာနော် ဘုရားအရင် ရှစ်ခိုးရအောင် ပြီးမှ ပန်းခူးထွက်ကြမယ်”

“အင်း..အင်း ၊ ပန်းခူးထွက်မယ်ဆိုမှ ပန်းထည့်ဖို့  ခြင်းတောင်းမယူခဲ့ရဖူး...ရပါတယ်လေ ၊ ဘုန်းကြီးကျောင်းက ခြင်းတောင်းငှားလို့ရတာပဲဟာ”

“ကဲပါကိုရယ်...ဘုရားအရင် ရှစ်ခိုးကြမယ်လို့..လာ”

“ဟုတ်ပြီ...​ဟုတ်ပြီ”

 
အိမ့်မျက်ချယ်၏ တတွတ်တွတ်နှင့် ပြောသောစကားကြောင့် သန့်ဇင်ကိုလည်း လျောက်လမ်းရှိ ပန်းခြုံများအား လက်ဖြင့်နှိုက်နေခြင်းကိုရပ်ပြီး ဘုရားဆောင်သို့ သွားကာ ဝတ်ပြုသည်။

 
ဒီနေ့သည် တန်ဆောင်မုန်းလပြည့်နေ့ဖြစ်ပြီး ပြင်ဦးလွင်မြို့ အစွန်ရှိ “ရှူ့ခင်းသာတောရ” ဘုန်းကြီးကျောင်းသို့ ချစ်သူနှစ်ဦးရောက်ရှိနေကြခြင်း ဖြစ်သည်။

တက္ကသိုလ် ဒုတိယနှစ် ပထမတစ်သုတ် စာမေးပွဲ ဖြေပြီး၍ ကျောင်းနှစ်လပိတ်သော အချိန်လည်းဖြစ်သည်။
 

အိမ့်မျက်ချယ်၏ သင်တန်းက တန်ဆောင်တိုင် ငါးရက်ပိတ်သောကြောင့် သူမလည်း မန္တလေးကနေ ဇာတိမြို့သို့ ပြန်လည်ရောက်ရှိနေသည် ။

သူမ ပြင်ဦးလွင်သို့ လာသခိုက် နှစ်ယောက်အတူ လျောက်လည်ရန်အတွက် သန့်ဇင်ကိုသည် မိတ္တူဆိုင်တွင် ခွင့်တစ်ရက် ယူခဲ့လိုက်သည်။
 

မနေ့ညက သူမနှင့် ဖုန်းဆက်ချိန်တွင် လည်ပတ်ရန်အတွက် နှစ်ယောက်သား တိုင်ပင်ဖြစ် ကြသည် ။

သန့်ဇင်ကို ငယ်ငယ်က အောင်အောင်ဦးတို့နှင့် တန်ဆောင်မုန်းလပြည့်နေ့တိုင်း နှစ်တိုင်းလိုလို သွားဖြစ်ခဲ့သည့် ပန်းတစ်ထောင် ပူဇော်ပွဲကို အမှတ်ရ၍ သူမကို ​ပြောကြည့်ရာ သဘောတူသဖြင့် တောရကျောင်းလေးသို့ ရောက်လာခဲ့ခြင်း ဖြစ်လေသည်။
 

When we were young Where stories live. Discover now