Chapter 18 (U+Z)

6.9K 1.4K 80
                                    

-Unicode-

အခန်း ၁၈: သူက သခင်နဲ့ တွဲချင်နေတာလေ

ဝမ်ရှောင်းယွင် ချန်ကျင့်ရွှယ်ကို လေ့ကျင့်ရေးအခန်းထဲ မျက်နှာသေနဲ့ ဆွဲသွင်းလာတယ်။

သူတို့ထွက်သွားတာနဲ့

ကျွမ်းကျိုးက နှလုံးသားလေး တုန်လှုပ်နေလျက် နတ်ဘုရားပုံတော်ထဲကနေ ထွက်လာတယ်။

မနေ့ညက သူ ဝမ်ရှောင်းယွင်အိပ်မက်ထဲက ထွက်လာတော့ စက်ရုပ်လုပ်ဖို့ အစိတ်အပိုင်းတွေ အမှိုက်ပုံထဲမှာ ထပ်သွားရှာဖို့ ရှောင်ဖော့လန်နဲ့အတူ အပြင်ထွက်သွားတယ်။ သူက တိတ်တိတ်လေး ခိုးထွက်သွားတာမို့ လူတွေကို ရှောင်လိုက်နိုင်တယ်။ သူပြန်လာတော့ နည်းနည်း ပင်ပန်းနေပြီး အလိုအလျောက် နတ်ဘုရားပုံတော်ထဲမှာ အိပ်ဖို့ ဝင်သွားတာ။

ပင်ပန်းမှုကြောင့် နိုးတစ်ဝက်အိပ်တစ်ဝက်ဖြစ်နေပြီး ဝမ်ရှောင်းယွင် သူ့ဘေးမှာ အိပ်ချင်တယ်လို့ ပြောတာကို အမှတ်ရသွားတယ်။

အဲဒါနဲ့ သူမသိလိုက်မသိဘာသာ နတ်ဘုရားပုံတော်ကို အိပ်ရာထဲမှာထားပြီး သူကတော့ အထဲကို ဒိုင်ဗင်ပစ်ဝင်လိုက်ကာ ဝိညာဉ်စွမ်းအင်တွေပြန်ဖြည့်တင်းနေတယ်။

အင်း... ဒါကလည်း သူ့ဘေးမှာအိပ်တယ်လို့ မှတ်ယူလို့ရတယ်မလား။

ဝမ်ရှောင်းယွင်ကို ကတိပေးထားမှတော့ သေချာပေါက် သူဖြည့်ဆည်းပေးရမှာပေါ့။

သူအိပ်နေရင်းနဲ့ ဝမ်ရှောင်းယွင်မနိုးခင် နတ်ဘုရားပုံတော်ထဲကနေ ထွက်လာရမှာကို လုံးဝ မေ့သွားတယ်...

ကျွမ်းကျိုး အလွန်မှ အပြစ်မကင်းသလို ခံစားနေရပြီး သူ့ရဲ့နတ်ဘုရားပုံတော်ကို ပိုက်ထားတယ်။

"ရှောင်ဖော့လန် ဝမ်ရှောင်းယွင် တစ်ခုခုသိသွားပြီလို့ ထင်လား"

ရှောင်ဖော့လန်က တော်တော်လေး အိပ်ရေးဝဝ အိပ်ခဲ့ရတဲ့ပုံနဲ့ အကျယ်ကြီး သန်းဝေလိုက်တယ်။ သူက ပြန်ဖြေတဲ့အနေနဲ့ 'ဂါ ဂါ ဂါ' ဆိုပြီး အသံပေးလိုက်တယ်။

ကျွမ်းကျိုးက နည်းနည်း အံ့အားသင့်သွားတယ်: "သူက ဘာမှဖော်ထုတ်လိုက်နိုင်မှာမဟုတ်ဘူးလို့ ပြောတာလား။ ဘာဖြစ်လို့လဲ"

Worship Me, I Can Make You Rich (Myanmar Translation) U+Z (Complete)Where stories live. Discover now