Uni
အိမ်ပြန်ရောက်တော့ ညရောက်နေပြီဖြစ်ပေမယ့် ညစာစားကြဖို့တော့ နက် ဘာမှမပြောဖြစ်
ကိုကိုသိပ်လွန်တယ် အမှန်ဆို နက်ရောကိုကိုရော ဖေဖေ့ကိုပြုစုရမှာ ဆရာဝန်တွေရှိတာတော့ရှိတာပေါ့လေ
သားသမီးကိုယ်တိုင်ပြုစုချင်တာကိုတော့
ကိုကိုနားလည်ပေးသင့်တယ်လေနက်စိတ်ဆိုးကြောင်းတော့ပြဖို့လိုနေတာပဲ
ကိုကိုကလည်း အဲ့ကိစ္စကိုဘာမှမဟတာကြောင့် နက်ပိုစိတ်တိုမိတာပေါ့အပြန်လမ်းမှာ သူ့ဟာသူပြော သူ့ဟာသူဖြေပြီး ညစာအတွက် ဝင်ဝယ်ပေမယ့် နက်ကတော့ ဘာမှ အကြံလည်းမပေးသလို ဘာမှလည်းဝင်မပြောခဲ့
ခုလည်း ခန့်ရောသူရောဆာနေပြီဖြစ်ပေမယ့် ဆူပုတ်ပုတ်လေးနက်က ထမင်းစားဖို့ လုံးဝပြောမရတာနဲ့ ခန့်တစ်ယောက်တည်း ထမင်းစားနေလိုက်တယ်
ခန့်ထမင်းစားပြီး နက်အခန်းထဲ ဝင်လာတော့ နက်ကရေချိုးပြီး ရေချိုးခန်းထဲကထွက်လာတယ်
ဆံပင်ကြောလည်လောက်ကို ခေါင်းပေါ်ညှပ်တင်ပြီး သပတ်အကြီးကြီးကို ရင်လျားကာ ရေချိူးခန်းထဲကထွက်လာတဲ့ နက်က ဘာမှမလိမ်းလည်း ပကတိရှင်းသန့်နေတာကို မြင်သူတိုင်းငြင်းနိုင်မှာမဟုတ်ဟု ခန့်တွေးလိုက်ပေမယ့်
"ဘာလို့ သူများကမြင်ရမှာလဲ "
နုတ်ကနေတောင်ထွက်ပြီးသဝန်တိုလိုက်မိတဲ့ ကိုယ့်ကိုကိုယ်အံ့သြမိရဲ့
နက်ကခန့်ကိုမြင်သွားတော့
သူရင်ဘက်လေးကို ဘာမှလည်းမပေါ်ပဲလက်နဲ့အုပ်ကာ
"ရှင် ဘာလာလုပ်တာလဲ ထွက် ခုထွက်သွား ဒါကျွန်မအခန်းနော်"
"ကိုယ်မင်းထမင်းစားဖို့လာခေါ်တာ ကိုကိုစားပြီးသွားပြီး နက်မစားရသေးလို့လေ အဲ့ဒါ နက်စားဖို့ ကိုကိုပြင်ပေးထားတယ်နော်"
"ဟင့်အင်း နက်မစားဘူး ရှင်ထွက်ပါ ကျွန်မအခန်းထဲနောက်တခါမဝင်လာပါနဲ့"
ခန့်ထယ်ဝါစိတ်က သိပ်ရှည်တာဆိုတော့
"ငါမင်းကို ဘာပြောလဲ မင်းသွားမစားလို့မပြီးမချင်း ငါဒီ အခန်းထဲကမထွက်ဘူးကွာ အေး မင်းစားပြီးပြန်လာမှတော့ ငါထွက်မယ်"
YOU ARE READING
တစ်ချက်လေး စောင်းငဲ့ကြည့်ဦး
Randomမင်းက ငါ့အချစ်တွေနဲ့ မထိုက်တန်တဲ့မိန်းမပဲ ငါမင်းကို မင်းသေသွားရင်တောင် ပြန်ချသ်မှာမဟုတ်ဘူး ခန့်ထယ်ဝါ ကိုခန့်ဘယ်လောက်မုန်းမုန်း နက်နားကမထွက်သွားပါနဲ့နော် နက်က ကိုခန့်မရှိရင် သေမှာ ပုလဲနက်