Attention Please

4.1K 121 47
                                    

Hello

ဒီနေ့ရောက်လာရတာက ပြောစရာလေးရှိလို့ပါ
အရင်ဆုံး ကျွန်တော်ဟာ ဒီအတိုင်း Wattpad မှာစာရေးတဲ့ Author ငယ်လေးတစ်ယောက်ပါဘဲ
ကိုယ့်ရဲ့စိတ်ကူးထဲက ဇာတ်လမ်းတွေကိုပုံဖော်တယ်အဲ့လောက်ပါဘဲ
အတော်ကြီးတော်နေတဲ့သူတစ်ယောက်လည်းမဟုတ်ပါဘူး
ဒီအတိုင်း သာမန်စာရေးသူတစ်ယောက်ပါဘဲ

ဒါပေမယ့် ဒီလိုသာမန်စာရေးသူ Author ငယ်လေးဖြစ်ပေမယ့်လည်း ကိုယ့်ရေးတဲ့စာတွေ ဇာတ်လမ်းတွေအတိုင်း copy တာကိုတော့လုံးဝလက်မခံနိုင်ပါဘူး
ဒီအတိုင်းကျောရိုးတူနေတာဆိုကျွန်တော်ဘာမှမပြောပါဘူး
ဆင်တူရိုးမားလေးတွေရှိကြတာဘဲ
နာမည်တူမရှား လူတူမရှားဆိုသလို
ခုဟာက အခန်းတစ်ချို့ပါတူနေပါတယ်
By name တော့မတပ်တော့ပါဘူး
ကိုယ့်ကိုကိုယ်တော့အသိဆုံးဖြစ်မှာပါ

ဒါတောင် Reader လေးတစ်ယောက်ကလာပြောပြပေးလို့
နိုမို့ဆိုကျွန်တော်သိတောင်သိမှာမဟုတ်ဘူး
Reader လေးရေ ကျေးဇူးပါလို့ လာပြောပြပေးတာ

ဘယ်သူမဆို ကိုယ်ရေးထားတဲ့မြတ်နိုးရာတွေကို copy ပြီးလိုက်ရေးတာမကြိုက်ကြပါဘူး
ကျွန်တော်လည်းအဲ့အတိုင်းပါဘဲ
ကိုယ်က အားကြိုးမာန်တက်နဲ့အမြတ်တနိုးရေးထားတာတွေကို သူများကအခန့်သားထိုင်ကူးပြီးရေးနေတာ လက်ခံနိုင်စရာအကြောင်းမရှိဘူးလေ ဟုတ်တယ်မလား?
ကြီးကျယ်တယ်ဘဲပြောပြော လုံးဝလက်မခံနိုင်ပါဘူး
ဦးနှောက်ဖောက်စားခံရသလိုဘဲ

အစကတော့ ကျွန်တော်ငြိမ်နေပြီးဘာမှမပြောဘဲနေမလို့စဉ်းစားပါသေးတယ်
ဒါပေမယ့် ငြိမ်မနေနိုင်လို့ ဒီလိုလာပြောရတာပါ

အဲ့သူကိုကျွန်တော်တစ်ခုဘဲ မေးချင်ပါတယ်
လိပ်ပြာလုံပါရဲ့လား?

ဟုတ်ကဲ့ ဒါပါဘဲ...။

အော် ပြီးတော့ ပြောစရာလေးရှိသေးတယ်
ဒီမုန်းတာထက်ပို၍ လေးရဲ့ Extra အပိုင်းလေး မကြာခင်လာပါမယ်လို့🎉

ရေးဖို့စဉ်းစားမိနေတာကြောင့်ရော Reader လေးတစ်ယောက်ကပါ ရေးပါလားလို့ပြောလို့ကြောင့်ရော ရေးဖို့ဆုံးဖြတ်လိုက်တာပါ
ရက်အတိအကျကတော့မသိသေးပါဘူး
ရေးမှာကတော့ သေချာပါတယ်
စောင့်ပေးကြမယ်မလားဟင်
စောင့်ပေးကြမယ်ဆိုရင်ကောင်းမှာဘဲ🥺❣️

အဲ့ဒါဆိုရင် မကြာခင်မှာပြန်လည်တွေ့ဆုံကြမယ်ဗျာ

#Li Wi

Hello






လိပ်ပြာလုံပါရဲ့လား?

ဟုတ်ကဲ့ ဒါပါဘဲ...။




#Li Wi

မုနျးတာထကျပို၍ / မုန်းတာထက်ပို၍  (Unicode+Zawgyi)(Completed) Where stories live. Discover now