အခန်း(၁၅)

2.3K 461 22
                                    

<တစ်ယောက်ချင်းတိုက်မယ့်လော့ချင်းချွမ်
ဒီဂိိုဏ်းတူအစ်ကိုကအစွမ်းအစတွေကိုထုတ်
ပြပေးသေးတာပေါ့>

ကျန်းရီရှေ့၌ နည်းစနစ် တစ်ခု၊နှစ်ခု ထုတ်ပြ
ပြီးနောက် ဝမ်ရွှမ်သည် လက်ကို ဝေ့ယမ်းကာနှုတ်ဆက်၍ ကျောက်စိမ်းအပိုင်းအစထဲ၌ ကျန်နေသော နည်းစနစ်များကိုပါ လေ့လာရန်နေထိုင်ရာ အရပ်သို့ ပြန်လာခဲ့သည်။

သူတို့အချင်းချင်းမခွဲခွာခင်ကျန်းရီ၏တွန့်
ဆုတ်နေသောအမူအယာကိုပြန်အမှတ်ရမိယုံ
ဖြင့်ပင်ဝမ်ရွှမ်မပြုံးဘဲမနေနိုင်ခဲ့ပေ။

အဲ့ဒီဆရာတူညီလေးကသူနဲ့ပူးကပ်နေရတာကိုတကယ်သဘောကျတယ်။ဘယ်လိုပဲဖြစ်
ဖြစ်အဲ့ဒီလိုမျိုးပူးကပ်နေတတ်တဲ့ဆရာတူညီ
လေးတစ်ယောက်ရှိတာအတော်လေးကောင်း
ပါတယ်....

ဝမ်ရွှမ်ကဓားပျံစီးလျက်ခန်းမကျယ်၏အ
နောက်မြောက်ဘက်ရှိစိမ်းလန်းစိုပြည်သော
တောင်ထွတ်တစ်ခုသို့ပျံသန်းခဲ့သည်။သူနေ
ထိုင်ရာနေရာ၏အရှေ့ဘက်တောင်ခြေတစ်
နေရာတွင်သက်ဆင်းလိုက်ပြီးကျန်းရီအတွင်း
ဆောင်တပည့်ဖြစ်လာသည်နှင့်ဤနေရာသို့
ဧည့်သည်အဖြစ်မကြာခဏအလည်အပတ်
လာရောက်နိုင်မည့်အကြောင်းကိုမိမိဘာသာ
စဥ်းစားလိုက်လေသည်။

တစ်ချိန်တည်း၌ပင်မသိစိတ်​ကြောင့်အကြည့်
တို့ကအပေါ်တစ်နေရာသို့ရောက်သွားခဲ့၏။
တောင်ထိပ်ကိုမြင်လိုက်ရသောအချိန်တွင်
တော့ဝမ်ရွှမ့်နှုတ်ခမ်းစွန်းမှအပြုံးတို့သည်
လည်းချက်ချင်းအေးခဲသွားရလေတော့
သည်။

သူလုံးဝမေ့သွားတော့မလို့.....သူ့ရဲ့ဆရာက
တိတ်ဆိတ်တာကိုသဘောကျပြီးဧည့်သည်ရှိ
နေတာကိုဘယ်တုန်းကမှမနှစ်သက်ခဲ့ဘူး။

ခဏအကြာတွင်ဝမ်ရွှမ်ခေါင်းကိုခါယမ်းရင်း
သက်ပြင်းချလိုက်၏။နောက်ဆုံးတွင်တော့
နေထိုင်ရာနေရာလေးအတွင်းသို့သာဝင်လိုက်
လေ​တော့သည်။

တိမ်တွေကိုတောင်ဖောက်ထွင်းနိုင်လောက်တဲ့
အထိမြင့်မားတဲ့ဒီတောင်ထွတ်မှာသူကလွဲရင်
ငှက်တွေနဲ့ပိုးမွှားတွေပဲရှိတယ်။မျက်မှောက်
တွင်တော့အခြားတစ်စုံတစ်ရာရှိမနေခဲ့ချေ။

တွယ်ကပ်ရန်ကူးပြောင်းလို့လာ[Completed]Where stories live. Discover now