အပိုင်း ၅၆ (ဒုက္ခရောက်သောနှစ်)

2.7K 408 0
                                    

[Zawgyi]

ဒီချွေးမက ဟင်းတွေရဲ့ ဖန်တီးရှင်မဟုတ်ဘူးရှင့် ရှောင်ချောင်းက ဒီဟင်းတွေကို ချက်တာပါ
အမျိုးသမီးလျိုက သူမသမီးကို ဂုဏ်ယူစွာကြည့်ပြီး သူမကို ကြာဆံအချို့ ထည့်ပေးလိုက်တယ်။ သူမသမီးက သိပ်တော်တာပဲ။ ကန်စွန်းဥအမှုန့်နဲ့ အရသာရှိတဲ့ ကြာဆံကိုတောင် ပြုလုပ်နိုင်တယ်။ သူမသမီးက ဆုလာဘ်အနေနဲ့ ပိုစားသင့်တယ်။
သူတို့က ဟင်းတစ်မျိုးစီကို ကောင်းကောင်းလုံလောက်တဲ့ ပမာဏစီ ပြင်ထားလေတယ်။ အဖွားကြီးကျန်းက အရသာရှိတဲ့ဟင်းတွေကို စားသုံးနှစ်ခြိုက်နေတာမို့ အမျိုးသမီးလျိုက သူ့ကလေးတွေကို အစားအစာပိုကျွေးတာကို မျက်စိဆံပင်မွေးမစူးပဲ မဝေဖန်ခြင်းဖြစ်သည်။ သူမက အစက နှစ်သစ်ကူးကို ရိုးရိုးကုပ်ကုပ်ပဲ ဖြတ်သန်းရမယ်ထင်ထားတာ ဒါပေမယ့် ဒီလောက်ရိုးရှင်းတဲ့ ပါဝင်ပစ္စည်းတွေနဲ့ အလျှံအပယ် နှစ်သစ်ကူးစားပွဲ ပြုလုပ်နိုင်လိမ့်မယ်လို့ ထင်မထားခဲ့ဘူး။
အမျိုးသမီးလီက သူမပါးစပ်ထဲ အစားအသောက်တွေ မဆံ့မပြဲ ထည့်ကာ စားသောက်ရင်း ရှောင်ချောင်းက ဒီဟင်းလျာတွေ ပြုလုပ်တတ်တာလား။ သူမက မိသားစုထဲမှာ ဒီလိုအရာတွေ စဉ်းစားဖို့ အားလပ်နေတဲ့ တစ်ဦးတည်းသောသူပဲ
ယွီရှောင်ချောင်းက အမျိုးသမီးလီကို စိုက်ကြည့်ပြီ 'ဒီဖက်တီးမကြီးက ဘယ်တော့မှ အကောင်းမပြောဘူး။ သူကသာ စားဖို့ပဲသိတဲ့ အစားပုပ်ကြီးမှန်း သိသာအောင်လုပ်နေတာ'
မင်းမှာ စကားအကောင်းပြောဖို့မရှိဘူးဆိုရင် စကားများတာတော်လိုက်တော့ မင်းက စားနေတာတောင် ပါးစပ်မပိတ်နိုင်ဘူး
ယွီသာ့ရှန်းက သူ့ဒုတိယညီရဲ့ မကျေမချမ်းဖြစ်မှုကို သတိထားမိပြီး သူ့မိန်းမကို ချက်ချင်း မာန်မဲလိုက်တယ်။
ယွီမိသားစုနဲ့အတူ စားခဲတဲ့ အမျိုးသမီးကျောက်က ပန်းကန်သေးသေးလေးတွေ အများကြီး သူရှေ့မှာချထားတယ်။ သူမပန်းကန်ထဲက အစားအစာတွေကလည်း အားလုံးနဲ့အတူတူပဲဖြစ်တယ်။ အဖွားကြီးကျန်းက သူ့ချွေးမအငယ်ဆုံးက အစားစားရင် သူများနဲ့မတူပဲ တစ်ခြားသူတွေအားလုံးနဲ့ တစ်ပန်းကန်ထဲကနေ ယူစားရတာမကြိုက်ဘူးဆိုတာကို သိတဲ့အတွက် ဟင်းပွဲတွေကို အမျိုးသမီးကျောက်နဲ့ သူမသားအတွက် သက်သက်တစ်ပွဲ ပြင်ပေးရတယ်။ သုန်သုန်လေးက ကြာဆံမျှင်တစ်မျှင်ကို အားပါးတရ သူ့ပါးစပ်ထဲ စုပ်ယူသွင်းလိုက်ပြီးနောက် သူ့မျက်နှာမှာ အပြုံးလေးနဲ့ ဝါးစားလိုက်တယ်။ သူက ရှောင်ချောင်းကို ပြုံးပြလျက်
ဒုတိယအစ်မရဲ့ ဟင်းချက်လက်ရာက အကောင်းဆုံးပဲ သုန်သုန် ဒီအရှည်ကြီးကို တကယ် ကြိုက်တယ် ဒါက အရမ်းအရသာရှိတာပဲ
ဒါက ကြာဆံလို့ ခေါ်တယ် သုန်သုန်လေး ကြိုက်ရင် ဒုတိယအစ်မက မြို့ကို ပြန်ရင်ယူသွားဖို့ ထပ်ပြီး လုပ်ပေးမယ်
ယွီရှောင်ချောင်းက ချစ်ဖို့ကောင်းတဲ့ကလေးတွေဆို သိပ်ချစ်တတ်သူဖြစ်သည်။ ကြာဆံလုပ်ဖို့ဆိုတာ လက်ဝင်ပေမယ့် သူတို့ရဲ့စားပွဲမှာ ဟင်းလျာအသစ်နဲ့ဆိုတော့ ပိုပြီး ဆန်းသစ်မှုလေးရှိတော့ ကောင်းတာပေါ့။
ဒါပေါ့ ဒါပေါ့ ဒီနှစ် ကန်စွန်းဥအထွက်နှုန်းက တော်တော်မြင့်တယ်။ ငါတို့မှာ ဆောင်းရာသီ ကောက်ရိတ်သိမ်းချိန်ထိ ကန်စွန်းဥမှုန့်တွေ လုံလုံလောက်လောက်ရှိတယ်။ ငါတို့ ကြာဆံထပ်လုပ်ရင် ဆောင်းတွင်းမှာ နောက်ထပ်ဟင်းလျာတစ်ခုရတာပေါ့။ ပဲပင်ပေါက်ဟင်းရည်နဲ့ ကြာဆံက အရသာ အရမ်းကောင်းတာပဲ
အမျိုးသမီးလီက သူမတူက ဆီတွေကို စုပ်ပြီး ဟင်းပွဲတွေထဲ သူမတူတွေနဲ့ မွှေနှောက်ရှာနေလေတယ်။ သူမက အဆီများတဲ့ အသားဖတ်တစ်ဖတ် တွေ့တဲ့အခါ တစ်ခါတည်း ပါးစပ်ထဲသွင်းလိုက်တယ်။
သူမဘေးနားထိုင်နေတဲ့ ဟိန်ဇီက မတ်တပ်ပင် ထရပ်လိုက်သည်။ သူက နှပ်ချေးတွေကို မည်းတူးနေတဲ့ အင်္ကျီလက်နဲ့ သုတ်လိုက်ပြီး သူ့ရဲ့တူနဲ့ ဟင်းပွဲတွေထဲ ထိုးဆွကြည့်တယ်။ သူ့ကြည့်ရတာ အသားဖတ် မတွေ့မချင်း မရပ်မယ့်ပုံပဲ။
သားအမိနှစ်ယောက်ရဲ့ ညစ်ပတ်ပုံကိုမြင်ပြီး အိမ်လုပ်ဟင်းတွေက ဘယ်လောက်အရသာရှိရှိ ယွီရှောင်ချောင်းက စားချင်စိတ်မရှိတော့ဘူး။ သူမက ခေါင်းငိုက်စိုက်ပြီး သူမရှေ့က
ပဲပင်ပေါက်ကြော်ကိုပဲ အာရုံထားပြီး စားနေလိုက်တယ်။ သူမသာ သူတို့ကို ဆက်ကြည့်နေရင် တကယ် အန်မိတော့မယ်။
ပဲပင်ပေါက်ကြော်က တစ်စင်တီမီတာ နှစ်စင်တီမီတာလောက်ပဲ အညှောက်ပေါက်သေးတဲ့ ပဲပင်ပေါက်နဲ့ ပြုလုပ်ထားတာဖြစ်သည်။ ဝက်ဆီကို အိုးပူတိုက်ပြီး ငရုတ်သီးခြောက်မှုန့်ကို အိုးထဲထည့်ကာ မွှေပြီးကြော်တယ် အဲ့ဒီနောက်မှ ပဲပင်ပေါက် အရသာမှုန့်နဲ့ ကြက်သွန်ဖူးတွေ အိုးထဲထည့်ပြီး ကြော်လိုက်တယ်။ ပဲပင်ပေါက်ရဲ့ လတ်ဆတ်တဲ့အရသာနဲ့ ဝက်ဆီထပ်ပေါင်းထားမှုက အဓိက ပါဝင်ပစ္စည်းဖြစ်တော့ အရသာမဆိုးဘူးဆိုတာ ပုံမှန်ပဲမဟုတ်လား။
ထင်မှတ်မထားပဲ အဘွားကြီးကျန်းက အမျိုးသမီးလီနဲ့ သူ့သားရဲ့ မြင်မကောင်းတဲ့ အစားစားပုံကို အရင်ဆုံး ဝေဖန်လိုက်တယ်။
ညည်းတို့တွေက ဟင်းပန်းကန်တွေထဲက ရွေးစားနေရင် တစ်ခြားသူတွေက ဘယ်လိုစားရမှာလဲ အဲ့လိုသာဆက်လုပ်နေမယ်ဆို ကိုယ့်အခန်းကိုယ် သွားပြန်စားချေ! ဒီမှာ ရွံစရာကောင်းအောင် လုပ်မနေနဲ့!
သူမက ပြောရင်းနဲ့ အငယ်ဆုံးချွေးမရဲ့ဘက်ကိုလည်း ဖျတ်ခနဲကြည့်လိုက်သည်။ သူမရဲ့ အငယ်ဆုံးချွေးမနဲ့ မြေးကိုပဲ အာရုံစိုက်နေတဲ့ အဘွားကြီးကျန်းက တစ်ခါတစ်ခါ အမျိုးသမီးကျောက်က သူမရဲ့ အကြီးဆုံးချွေးမကို မနှစ်မြို့တဲ့ အကြည့်တွေနဲ့ကြည့်တာကို သတိထားမိလို့ ဖြစ်နေတယ်။ အစတုန်းက စားသောက်စရာတွေကို ကောင်းမွန်စွာစားနေတဲ့ အမျိုးသမီးကြီးကျောက်က ရုတ်တရက် သူမတူတွေကို ချထားလိုက်သည်။ ဒါကြောင့်မို့ အဘွားကြီးကျန်းက အမျိုးသမီးလီနဲ့ သူမသားရဲ့ မြင်မကောင်းရှုမကောင်းအပြုအမူကို ရပ်တန့်ဖို့ ပြောဆိုလိုက်ခြင်းဖြစ်သည်။
ဟင်းတွေထဲက အသားက မရှိသလောက် ကုန်သွားတာတွေ့တော့ အမျိုးသမီးလီက သူ့တူတွေနဲ့ ရှာနေတာကို ရပ်လိုက်သည်။ သို့သော်လည်း သူမက ကျန်တဲ့ဟင်းတွေကို တစ်ယောက်ယောက်က လုစားနေတဲ့အတိုင်း အငမ်းမရစားနေတော့တယ်။
နှစ်သစ်ကူးအကြိုနေ့လည်စာက ခပ်မြန်မြန်ပဲ အဆုံးသတ်သွားတယ်။ အစားအသောက်အတွက် အမျိုးသမီးကြီးကျန်းက အားလုံး ဘယ်လောက်ပဲစားရမယ်ဆိုတာ မသတ်မှတ်ထားခဲ့ဘူး။ ဒါကြောင့်မို့ စားစရာက မာကြမ်းတဲ့ အစေ့အဆန်နဲ့ ဘိန်းမုန့်ဆိုရင်တောင် တစ်မိသားစုလုံးက ရှားရှားပါးပါး စိတ်ကျေနပ်စွာစားကြတယ်။ အဓိက အကြောင်းရင်းက ဒီနှစ်နှစ်သစ်ကူးစားပွဲက အရင်နှစ်တွေထက် ပိုသားနားလို့ဖြစ်တယ်။
စားသောက်ပြီးတဲ့နောက်မှာ အဘွားကြီးကျန်းက လျင်မြန်စွာကုန်သွားတဲ့ အစားအစာတွေကိုကြည့်ပြီး စိတ်နှလုံးမကျေမချမ်းဖြစ်ကာ အဆုံးမရှိ တတွတ်တွတ်ပြောတော့တယ်။ အဘိုးကြီးယွီက သူမကို 'နှစ်သစ်မှာ ကြေးများနေတဲ့အတွက်' ခက်ထန်တဲ့မျက်နှာထားနဲ့ ဆူလိုက်တဲ့အခါမှ အဘွားကြီးကျန်းက ထပ်အရစ်မတက်တော့ပဲ နားသွားတယ်။
များသောအားဖြင့် ဖက်ထုပ်တွေကို နှစ်သစ်ပွဲတော်ကျင်းပတဲ့ ညနေခင်းမှာ စားလေ့ရှိကြတယ်။ ယွီမိသားစုက အစကတည်းက အသားတွေအများကြီးဝယ်မထားခဲ့ဘူး။ အဲ့ဒီတော့ ဖက်ထုပ်အဆာသွတ်ဖို့ ဂေါ်ဖီထုပ်အများကြီးနဲ့ ရောတာတောင် အားလုံးဗိုက်ပြည့်ဖို့ မလုံလောက်သေးဘူး။
ယွီမိသားစုမှာ ဝက်သားနဲ့ဂေါ်ဖီထုပ်အဆာသွတ်တာရယ် ဝက်ဆီနဲ့ ဂေါ်ဖီထုတ်အဆာသွတ်တာရယ် နှစ်မျိုးပဲရှိတယ်။ နှစ်သစ်ကူးအကြိုညနေခင်းမှာ ယောက်ျားသားတွေက တစ်ယောက်ကို ဖက်ထုပ်အခုနှစ်ဆယ်စီရပြီး အမျိုးသမီးတွေက ဖက်ထုပ်ဆယ်ခုစီရတယ်။ ကလေးတွေက အမျိုးသမီးတွေရတဲ့ တစ်ဝက်သာရကြတယ်။
ယွီရှောင်ချောင်းနဲ့ တစ်ခြားကလေးတွေမပြောနဲ့ ဖက်ထုပ်သေးသေးလေးငါးခုနဲ့ သုံးနှစ်အရွယ် သုန်သုန်လေးတောင် ဗိုက်မပြည့်ဘူး။ ယွီဟိန်ဇီက သူ့ရတဲ့ဟာစားပြီးတာတောင် မကျေနပ်နိုင်ဘူး ဒါကြောင့် ရှီထုန်လေးက ဂရုမထားဘဲ ပါးစပ်ထဲ ဖက်ထုပ်လေးထည့်နေတုန်းရှိသေး သူက ရှီထုန်ရဲ့ ဖက်ထုပ်တစ်ခုကို မြန်မြန်ခိုးလိုက်တယ်။ သူက ရှီထုန်လေး စိတ်ဆိုးပြီးအော်နေတာကို အဖက်တောင်မလုပ်ပဲ ယွီရှောင်ချောင်းနဲ့ ယွီရှောင်လျန်ကို ချဉ်းကပ်လိုက်တယ်။
ယွီရှောင်ချောင်းက သူမရဲ့မောင်နှမတွေကို သူတို့အဖေရှိတဲ့စားပွဲဆီ ဆွဲခေါ်သွားပြီး သူ့ဘေးမှာပဲနေတယ်။ အဘိုးကြီးယွီနဲ့ သူတို့အဖေရှိနေတာကြောင့် ယွီဟိန်ဇီက ပုံမှန်လို ကြမ်းကြမ်းတမ်းတမ်းမပြုမူရဲဘူး။ သူက အရှက်မရှိ သူ့အမေဆီကပဲ ဖက်ထုပ်တွေ ထပ်သွားတောင်းနိုင်တော့တယ်။
အမျိုးသမီးလီက လောဘကြီးတဲ့ မိန်းမတစ်ယောက်ဖြစ်ပြီး သူ့သားကိုတောင် သူမရဲ့ ဖက်ထုပ်တွေ ဝေမျှကျွေးဖို့ စိတ်ကူးမရှိဘူး။ ဒါကြောင့်မို့ သူမက ယောက္ခမဆီကနေ အရှက်မရှိ
"အမေ ဟိန်ဇီက အရွယ်ရောက်နေတဲ့ လူငယ်ဆိုတော့ လူကြီးတစ်ယောက်နီးနီးစားနိုင်တယ်။ အဲ့တော့ ဖက်ထုပ်ငါးခုဆိုတာ အဆာပြေလောက်တောင်မရှိဘူး။ အမေ ဒီချွေးမက သူ့ကို ယောက်ျားသားတွေကျွေးတဲ့ ပမာဏလောက်ထိ မတောင်းဆိုရဲပါဘူး။ သူ့ကို ကျွန်မတို့နဲ့ တူအောင် နောက်ထပ်ငါးခုလောက် ထပ်ပေးပေးပါ
အဘွားကြီးကျန်းက အမျိုးသမီးလီကို မော့ကြည့်လိုက်ပြီး ခပ်တည်တည်နဲ့ ငါက ဘက်လိုက်တယ်လို့ ဘယ်သူကမှ အထွန့်မတက်ဘူးဆိုတာ ညည်းအာမခံနိုင်ရင် ငါက သူ့ကို အပိုငါးခုထပ်ပေးရလည်း နှစ်သစ်ဆိုတော့ ကိစ္စမရှိဘူး
အမျိုးသမီးလျိုက တစ်ခြားလူတွေနဲ့ အငြင်းပွားရတာ မကြိုက်တဲ့အတွက် အသံအေးအးလေးနဲ့ ဟိန်ဇီက လူငယ်အရွယ်လေးပဲ အဲ့ဒီတော့ သူငါးခုထပ်ရတဲ့ကိစ္စကို ဘယ်သူက ဘာပြောရဲမှာလဲ။ ဒါပေမယ့် ဟိန်ဇီက သူ့အငယ်တွေရဲ့ ဖက်ထုပ်တွေကိုတော့ မခိုးသင့်ဘူး
ကလေးတစ်ယောက်က ဘာသိမှာလဲ ဒုတိယယောက်မကလည်း ကလေးနဲ့တော့ ငြင်းခုံမနေပါနဲ့ အမေ သမီးဖက်ထုပ်တွေ ဟိန်ဇီကို သွားပေးလိုက်ဦးမယ်
အမျိုးသမီးလီက သူ့ကလေးကို စည်းကမ်းတကျ မဆုံးမတဲ့အပြင် အမျိုးသမီးလျိုက ပြောတာကို စိတ်ရှုပ်နေသေးတယ်။ အင်း သစ်ပင်ပေါ်က ပန်းသီးက ဝေးဝေးမကြွေနိုင်ဘူးဆိုတာ မှန်နေတာပဲ။
အမျိုးသမီးလျိုက တိတ်တဆိတ် မီးဖိုချောင်ထဲဝင်ပြီး သူမဖက်ထုပ်ဆယ်ခုကို သူမကလေးတွေထဲ ခွဲထည့်ပေးလိုက်တယ်။ သူမက ဖက်ထုပ်လေးခု အငယ်ဆုံးသားလေးရဲ့ ပန်းကန်ထဲထည့်ပေးပြီး ကျန်တဲ့ ဖက်ထုပ်ခြောက်ခုကို သူ့ သမီးနှစ်ယောက်ထဲ ခွဲထည့်ပေးလိုက်တယ်။ ယွီရှောင်ချောင်းက သူမပန်းကန်ကို တင်းကြပ်စွာကိုင်လျက်
အမေ သမီးက အစားနည်းတဲ့သူပါ ဖက်ထုပ်ငါးခုဆို လုံလောက်ပါတယ်။ အမေက သမီးတို့ကို ဖက်ထုပ်တွေအကုန်လုံးပေးလိုက်ရင် အမေ ညကျ ဗိုက်ဆာနေမှာပေါ့။ အမေပေးထားတဲ့ ဖက်ထုပ်တွေလည်း သမီးကုန်အောင်စားနိုင်မှာမဟုတ်ဘူး
ရှောင်လျန်ကလည်း ဝင်ပြောလိုက်တယ်။
"အမေ, အမေက တစ်နှစ်ပတ်လုံး ဖက်ထုပ်စားရခဲတယ်။ ပြီးတော့ အမေက တစ်နေ့လယ်ခင်းလုံး အလုပ်ရှုပ်နေခဲ့တာ။ အမေက အမေကိုယ်တိုင်လုပ်ထားတဲ့ ဖက်ထုပ်ကို တစ်ကိုက်လေးတောင်မစားရင် အမေ့ကလေးတွေဖြစ်တဲ့ သမီးတို့ကရောစားနိုင်မယ်လို့ အမေထင်နေတာလား
မေမေ ဖက်ထုပ်ကို ပြန်ယူလိုက်ပါ သားမလိုချင်ဘူး" ရှီထုန်လေးက သူ့ပန်းကန်ထဲက ဖက်ထုပ်တွေကို မြန်မြန်ပြန်ပေးလိုက်တယ်။
မင်းတို့တွေစားကြ အမေက နေ့လယ်စာအများကြီးစားထားတာမို့ အခုဗိုက်မဆာဘူး အမျိုးသမီးလျိုက ဖက်ထုပ်တွေယူပြီး သူ့ကလေးတွေ ပန်းကန်ထဲထည့်လိုက်တယ်။
သူတို့လေးယောက် ဟိုဘက်ဒီဘက်တွန်းနေချိန်မှာ ယွီဟိုင်က သူ့ရဲ့ ဖက်ထုပ်ပန်းကန်နဲ့ ထွက်လာတယ်။ သူက ဒီမြင်ကွင်းကိုမြင်တော့ သူက ဝမ်းနည်းမိသလို ရင်ထဲလည်း ခံစားသွားရတယ်။ အဆုံးမှာတော့ သူက သူတို့မိသားစုရထားတဲ့ ဖက်ထုပ်အားလုံးကို အညီအမျှခွဲဝေပေးဖို့ ဆုံးဖြတ်ချက်ချလိုက်တယ်။ ကလေးတစ်ယောက်စီက ဖက်ထုပ်ရှစ်ခုစီရပြီး သူနဲ့ သူ့ဇနီးက ဆယ်ခုစီရတယ်။
ဖက်ထုပ်ဆယ်ခုက ရှင့်လိုအရွယ်ရောက် လူကြီးတစ်ယောက်အတွက် လုံလောက်မှာမဟုတ်ဘူးမလား ကျွန်မက ညနေခင်း အစားနည်းနည်းပဲစားတာ အသားကျနေပြီ ဒါကြောင့် ကျွန်မဖက်ထုပ် တွေအများကြီးစားရင် မသက်မသာဖြစ်လိမ့်မယ်။ ဒီမှာ ကျွန်မရှင့်ကို နည်းနည်းထပ်ပေးမယ် ကျွန်မနောက်မှ ဖက်ထုပ်အရည် နည်းနည်းထပ်သောက်လိုက်လို့ရတယ်
အမျိုးသမီးလျိုက သူ့ယောက်ျားအတွက် စိတ်မကောင်းဖြစ်ပြီး သူမ ရထားတဲ့ဖက်ထုပ်တွေကို စားဖို့ ခေါင်းမာနေတယ်။
မင်း ဘယ်လိုလုပ်ပြီး ဖက်ထုပ်ဆယ်ခုနဲ့ ဗိုက်ပြည့်နိုင်မှာလဲ မြန်မြန်စားလိုက်ပါ နို့မို့ဆို အေးကုန်တော့မယ်
ယွီဟိုင်က မီးဖိုချောင်ထဲကို ပန်းကန်တစ်လုံးနဲ့ဝင်သွားပြီး အဖွားကြီးကျန်းကို သူ့အတွက် ဖက်ထုပ်ရည် တစ်ပန်းကန်အပြည့် ယောက်ချိုနဲ့ခပ်ထည့်ပေးဖို့ တောင်းဆိုလိုက်တယ်။ သူက ဖက်ထုပ်ရည်တစ်ပန်းကန်ကို မြန်မြန်သောက်ချလိုက်ပြီး ဖက်ထုပ်မစားခင် သူ့အစာအိမ်ကို ဖြည့်လိုက်တယ် ဒီလိုဆို သူက ဗိုက်ပြည့်နေတယ်လို့တွေးလို့ရတယ်။
နှစ်သစ်ရဲ့ ပထမဆုံးနေ့မှာ ရွာသားအားလုံးက အဘွားကြီးကျန်းရဲ့ တွန့်တို့တတ်တဲ့ ပင်ကိုယ်စရိုက်ကို သိတာကြောင့် ကလေးအများစုက သူ့ကို နှစ်သစ်နှုတ်ဆက်ဖို့ မလာကြဘူး။ အကြီးဆုံးအဘိုးလေး၊ မုဆိုးကျောက်နဲ့ အရမ်းရင်းနှီးတဲ့ မိသားစုမိတ်ဆွေတွေကလွဲလို့ ယွီမိသားစုရဲ့ ဒုတိယအိမ်ခွဲက သူတို့ကလေးတွေကို တစ်ခြားမိသားစုတွေဆီ နှစ်သစ်နှုတ်ဆက်ဖို့ ခေါ်သွားရန် ရှက်မိတယ်။
ယွီရှောင်ချောင်းနဲ့ သူမရဲ့ မောင်နှမတွေဟာ သူတို့အဘိုးအဘွားဆီကတောင် စာအိတ်နီတစ်ခုမှ မရကြဘူး။ ဒါပေမယ့် သူမရဲ့ အကြီးဆုံးအဘိုးလေးက သူတို့ကို ကြေးဒင်္ဂါးနှစ်ပြားကို ကံကောင်းစေတဲ့ ပိုက်ဆံအဖြစ်ပေးတယ်။ သူတို့ကျောက်မိသားစုရဲ့နေအိမ်ကို ရောက်တဲ့အခါ အမျိုးသမီးကျုံး(ကျောက်ဟန်အမေ)က ထူးခြားစွာ ပန်းထိုးထားတဲ့အိတ်တွေထဲ တစ်မတ်သားစီ ထည့်ပြီး ကလေးတွေကိုပေးတယ်။
(စာအိတ်နီ -ကံကောင်းစေတဲ့ ပိုက်ဆံ- နှစ်သစ်၊ မင်္ဂလာဆောင်ကဲ့သို့ ပွဲတွေနဲ့ အထူးအားလပ်ရက်တွေမှာ ပေးတဲ့ အနီရောင် စာအိတ်ထဲထည့်ပေးတဲ့ မင်္ဂလာရှိတဲ့ ပိုက်ဆံဖြစ်သည်။)
(၁ မတ်သား =၁/၁၀ လျန်)
ယွီရှောင်လျန်က အိတ်ပေါ်က ပန်းထိုးလက်ရာကိုကြည့်ပြီး လွန်စွာ နှစ်သက်သဘောကျနေတယ်။ သူမမျက်နှာပေါ်က နှစ်သက်မြတ်နိုးမှုကို မြင်ပြီး အမျိုးသမီးကျုံးက ဘယ်လိုပန်းထိုးရမယ်ဆိုတာ သင်ပေးဖို့ သဘောတူလိုက်တယ်။
အိမ်ပြန်လမ်းမှာ အမျိုးသမီးလျိုက သူမယောက်ျားကို တိုးတိုးပြောလိုက်တယ် "အမျိုးသမီးကျုံးရဲ့ ကိုယ်ရှိန်ကိုယ်ဝါအရ သူမက သာမာန်မိသားစုက မဟုတ်ဘူးဆိုတာ သိသာတယ်။ ပန်းထိုးထားတဲ့ ပိုက်ဆံအိတ်တွေကိုသာကြည့်တော့ မြို့ထဲက သာမာန်မိသားစုတွေတောင် ဒီလိုမျိုး ကလေးတွေကို ပန်းထိုးထားတဲ့အိတ်နဲ့ ကံကောင်းစေတဲ့ပိုက်ဆံမပေးဘူး ရွာထဲသူတွေဆို ပြောမနေနဲ့
အမျိုးသမီးကျုံးတင်မဟုတ်ဘူး ဦးရီးကျောက် အစ်ကိုကြီးပုဖန်းရောပဲ။ သူတို့ရဲ့ ကိုယ်ခံပညာစွမ်းရည်က သာမာန်အမဲလိုက်မိသားစုရဲ့ စွမ်းရည်နဲ့မတူဘူး။ ဦးရီးကျောက်ရဲ့ မိသားစုတစ်ခုလုံးက ဘာလို့ လူသူမနီးတဲ့ တောင်တွေထဲမှာ နေတာက ဖုံးကွယ်ထားတဲ့ အကြောင်းပြချက်တွေ ရှိရမယ်။ ဒါပေမယ့် အဲ့တာက ငါတို့မေးမြန်းသင့်တဲ့အရာ မဟုတ်ဘူး။ ခါတိုင်းလိုပဲ ပြောဆိုဆက်ဆံသင့်တယ် တမင်သက်သက် ဟန်မူရာလုပ်ပြီး ဆက်ဆံနေဖို့မလိုပါဘူး
ကျောက်မိသားစုရဲ့ စားသောက်တဲ့အကျင့်ပုံစံ နေထိုင်မှုအခြေအနေနဲ့ အပြုအမူတွေက မျိုးရိုးမြင့်မိသားစုရဲ့ ဟန်ပန်နဲ့တူနေတယ်ဆိုတာ မရည်ရွယ်ပဲ ယွီဟိုင် သတိပြုမိတာကြာပြီ။ ကျောက်မိသားစုရဲ့ ယောက်ျားသားတိုင်းဟာ စစ်သည်တော်တစ်ယောက်ရဲ့ သိက္ခာရှိတဲ့ ရောင်ဝါလက္ခဏာ ထွက်နေတယ်။ အရင်မင်းဆက်ရဲ့ နှောင်းပိုင်းကာလမှာ မင်းမှုထမ်းအချို့က အသုံးအဖြုန်းကြီးပြီး အကျင့်ပျက်လာကြတာကြောင့် တရားသော အရာရှိတွေက လူသူဝေးရာမှာ ရွှေ့ပြောင်းနေထိုင်ဖို့ ဆုံးဖြတ်ကြတယ်။ ကျောက်မိသားစုက အဲ့လို မိသားစုတွေထဲက တစ်စုဖြစ်ရမယ်။
ရက်တွေကြာလာတာနဲ့ ဆောင်းရာသီက ဒီနှစ် ဒုက္ခဆင်းရဲတွေနဲ့ ပျက်စီးကိန်းဆိုက်မယ်ဆိုတာ သိသာအောင် ပုံဖော်လာခဲ့တယ်။ ဇန်နဝါရီလထဲမှာ နှင်းကျတာ မရပ်သလောက်ပဲ မိသားစုအများစုမှာ သိုလှောင်ထားတဲ့ အစားအစာက မလုံလောက်ပဲ တစ်နေ့မှာ တစ်နပ်သာစားနိုင်တယ်။ ဒါကြောင့် သူတို့က ငတ်ပြတ်မှုကို ကျော်ဖြတ်နိုင်ရင်တောင် အတော်ကံကောင်းနေပြီ။
ဒါပေမယ့် ဆက်တိုက်နှင်းထူထဲစွာ ကျဆင်းမှုကြောင့် ငတ်ပြတ်ပြီး အေးခဲသေတဲ့ လူအနည်းငယ်ရှိတယ်။ ဒါ့အပြင် မိသားစုဝင်တစ်ယောက်မှ ရှင်မကျန်ခဲ့တဲ့ ဖြစ်ရပ်တွေလည်းရှိတယ်။ မြို့ထဲမှာတောင် လူတွေငတ်ပြတ်ပြီးသေတဲ့ ကိစ္စရပ်တွေရှိတယ်။
ကံကောင်းစွာနဲ့ တုန်ရှန်းရွာမှာ ချမ်းအေးလွန်းတဲ့ ဆောင်းရာသီကြောင့် တော်တော်အားနည်းပြီး အသက်ကြီးတဲ့သူတွေက အသက်မရှင်နိုင်တော့ပေမယ့် လူအများစုက ငတ်ပြတ်ပြီးသေတာ ဒါမှမဟုတ် အေးခဲပြီးသေတဲ့ဖြစ်စဉ်မျိုးတော့ မရှိဘူး။ သို့သော်လည်း ရွာထဲက အခြေအနေက ကောင်းမွန်နေတာလည်း မဟုတ်ပေ။
ဒီအချိန်မှာ အဘွားကြီးကျန်းက နှစ်သစ်ကူးမတိုင်ခင်တုန်းက ကပ်စေးနှဲပြီး သူမရဲ့ ဒုတိယသားကို အစားအစာတွေ ပိုဝယ်ပြီး မသိုလှောင်ထားစေခဲ့တာကို လွန်စွာ နောင်တရမိသည်။ သူတို့က အိမ်မှာရှိတဲ့ နှံစားပြောင်း ဂျုံမှုန့်အကုန်လုံးကို သုံးပြီးသွားပြီဖြစ်တယ်။ ဆာလောင်မှုကို ဖြေသိမ့်နိုင်စွမ်းရှိတဲ့ တစ်ခုတည်းသောအရာက သူတို့အိမ်မှာရှိတဲ့ မြေအောက်ခန်းထဲက ကန်စွန်းဥတွေနဲ့ ကန်စွန်းဥမှုန့်လုပ်လို့ရတဲ့ ကန်စွန်းဥအချပ်တွေပဲ ဖြစ်တယ်။
နေ့တိုင်း သူတို့က ကန်စွန်းဥယာဂု ဒါမှမဟုတ် ကန်စွန်းဥကိတ်ခြောက်ပဲစားနေရတယ်။ သူတို့က တစ်ခါတစ်ရံ မတူတဲ့ဟာ စမ်းကြည့်ပေမယ့်လည်း ဆန်ပြုတ်လုပ်ဖို့သုံးတဲ့ ကန်စွန်းဥခြောက်တွေပဲ ထပ်သုံးရတာပဲ။ အသက်ကြီးတဲ့လူတွေရဲ့ အစာချေနိုင်စွမ်းက သိပ်မကောင်းတာကြောင့် နေ့တိုင်းသာ ကန်စွန်းဥချည်းစားရင် ရင်ပူရင်ဆာဖြစ်နိုင်တယ်။ သို့သော် သူတို့က ကန်စွန်းဥမှ မစားရင် ငတ်ပြတ်မှုအန္တရာယ်နဲ့ ကြုံရနိုင်တယ်။ ဒ့ါကြောင့် ယွီရှောင်ချောင်းမှာ အံ့ဖွယ်ကျောက်ရေနဲ့ ဆေးမြစ်အချို့ရောပြီး သူမမိသားစုရဲ့ အူလမ်းကြောင်းနဲ့ အစာအိမ်အတွက် အာဟာရဖြစ်ဖို့ ကျွေးရုံက လွဲပြီး ရွေးစရာမရှိဘူး။
ဆက်တိုက်လာနေတဲ့ နှင်းမုန်တိုင်းက လမ်းတွေကိုပိတ်သွားစေတယ်။ မြို့အတွက် သိုလှောင်ထားတဲ့ ရိက္ခာတွေကလည်း ပေးပို့တဲ့ပြဿနာကြောင့် အခက်အခဲနဲ့ကြုံနေရတယ်။ ဒါ့အပြင် ဆန်ဈေးတွေကလည်း ကျမယ့်ပုံမပေါ်ပဲ မြင့်တက်လျက်ရှိတယ်။ ဆန်ဖြူနဲ့ ဂျုံက အသားဈေးလောက် ဖြစ်လာတော့တယ်။
........

သက်တန့်ရောင် မိန်းမပျို Book 1 (MMTranslation) Where stories live. Discover now