Part-83(မသေချင်ရင် ထွက်သွားစမ်း!!)

14.9K 1.8K 42
                                    

(Zawgyi)🍀🍀🍀🍀


Part-83
(ကိုယ်..ချစ်သော clover..!!..)

ဝမ်ဟိုင်ရှေ့မှလူစုကို စူးရဲစွာကြည့်လိုက်သည်။
ဝမ်ဟိုင်၏အကြည့်များကြောင့် ထိုလူစုသည်
တွန့်ဆုတ်သွားရ၏။ ထိုသူများကဝမ်ဟိုင်ဆိုသော
သူအကြောင်းကို ကောင်းစွာသိသောကြောင့်သူတို့
၏ အမူအရာများကို မထိန်းနိုင်ဖြစ်သွားရ၏။

ထိုလူစု၏အမူအရာသည် မသိသာသော်လည်း
ဝမ်ဟိုင်ကတော့ သတိထားမိသည်။ ဝမ်ဟိုင်၏
နှုတ်ခမ်းတစ်စုံတွင် မဲ့ပြုံးတစ်ခု ​ပေါ်လာရသည်။
ဝမ်ဟိုင်..ပါးချောင်ကိုလျှာဖြင့်ထိုးကာစော့ကစား
လိုက်သည်။

ထိုသူများကို ​သေလူများကို ကြည့်သလိုသာ
ကြည့်​နေလိုက်၏။ မျက်နှာအမူအရာမှာနတ်ဆိုး
တစ်ကောင်လိုကြောက်မက်ဖွယ် ကောင်းနေသော်
လည်း လင်းနေကိုပြောလာသော စကားသံများမှာ
တော့နူးညံ့ကာချိုသာ ​နေတုန်းပင်ဖြစ်သည်။

"လင်းနေ..သူတို့က လူတွေအများကြီးဘဲ။
ကျွန်တော့်ကြောင့် လင်းနေ ထိခိုက်မိသွားမှာ
ကျွန်တော်မလိုချင်ဘူး"

ဝမ်ဟိုင် တစ်ကယ်ကိုစိုးရိမ်နေခြင်းဖြစ်သည်။
ဝမ်ဟိုင်က လင်းနေဆိုသောသူကို အနည်းငယ်
မျှထိခိုက်ခြင်းပင် မဖြစ်စေချင်သူဖြစ်၏။ဝမ်ဟိုင်
တစ်ယောက်ထဲသာ ဆိုပါကထိုသူများက စက္ကန့်
ပိုင်းအတွင်း လက်စသတ်လိုက်၍ ရသော်လည်း
လင်းနေရှေ့တွင်တော့ သူထိုသို့မလုပ်နိုင်..။.

သူအတော်ကြာတည်ဆောက်ထားသော
အခြေအနေများ ယိုယွင်းကုန်လိမ့်မည်။ ဝမ်ဟိုင်
အခြေအနေမှာ ​ဘေးကြပ်နံကြပ်ဖြစ်နေရ၏။

ဝမ်ဟိုင်အမူအရာမှာပို၍ပင်မည်းမှောင်လာ
ကာကြောက်စရာကောင်းနေတော့သည်။ ထိုသူများ
သာဝမ်ဟိုင်၏ လင်းနေကိုထိခိုက်စေခဲ့ပါက..
ထိုသူများနှင့် ပါဝင်ပတ်သတ်သူတစ်ဦးတစ်ယောက်
တိုင်းတာဝန်ယူရမည်ဖြစ်သည်။ ဝမ်ဟိုင်၏အတွေး
များမှာကျယ်ပြန့်သော်လည်း မျက်စိတမှိတ်အတွင်း
သာကြာ၏။ လင်းနေကပြောလာသည်။

"ကိုယ့်ကိုစိတ်မပူပါနဲ့..ကိုယ်ကဘယ်လို
တိုက်ခိုက်ရမလဲဆိုတာ နည်းနည်းသိပါတယ်။
မစိုးရိမ်နဲ့တော့..ဟုတ်ပြီလား..ကိုယ့်ကိုယုံကြည်
ထားလိုက်"

Clover your'e my clover[Completed]Where stories live. Discover now