"လက်ရဲဇက်ရဲ!"
သူ့နာမည်ခေါ်သံကြားတော့တစ်ဖက်လူကို ရိုက်ဖို့ပြင်နေတဲ့ပုလင်းကိုပြန်ချပြီး ပြန်ကြည့်လာသည်။မွေးခါစမှာပင် ဆရာဝန်မရဲ့မျက်နှာကိုလှမ်းရိုက်ခဲ့တဲ့သားဖြစ်သူကို 'လက်ရဲဇက်ရဲ'ဆိုပြီးနာမည်ပေးတဲ့ မိန်းမဖြစ်သူကရှေ့ရေးကိုများ ကြိုမြင်သလားမသိ၊ အသက်
ကြီးလေပိုလက်ရဲဇက်ရဲရှိလာတဲ့ 'လက်ရဲဇက်ရဲ'ပင်။"လိုက်ခဲ့"
Clubမှာဖြစ်တဲ့ကိစ္စတွေကိုရှင်းဖို့ အတွင်းရေးမှူးကိုပဲလွှဲလိုက်ပြီး ကိုယ့်ကိုမစောင့်ပဲထွက်သွားသည့်သားဖြစ်သူအနောက် မပြေးရုံတမယ်လိုက်ရသည် ။အရင်ကရန်ုဖြစ်တိုင်းကိုယ်ပိုင်တဲ့Clubတွေမို့ ပြသာနာမရှိ၊
အခုသူမ်ားClubဖြစ်တဲ့အပြင် သူနဲ့ဖြစ်တဲ့တစ်ဖက်ကဝန်ကြီးမြေး ၊တစ်ရက်မှရန်မဖြစ်ရရင် ထမင်းစားမဝင်တဲ့သားဖြစ်သူကြောင့် ရန်ပွဲဆိုတာတောင်ကိုယ့်အတွက်မထူးဆန်းတော့သလိုပင် ။"ဘယ်အချိန်ရှိနေပြီလဲ အပြင်ထွက်လာစရာလား"
ဘုရား...ဘုရား..သူကပဲကိုယ့်ကိုပြောရတယ်ရှိသေး၊သူ့လိုညနဲ့မနက်မှားနေတဲ့လူကလေ.. ။
"လူတွေအိပ်တဲ့အချိန်လေ"
"ဒါဆိုဒယ္ဒီကလူမဟုတ္ဘူးလား"
ရွဲ့စောင်းသလိုပြောလာတဲ့သားဖြစ်သူကြောင့် သက်ပြင်းသာချမိသည် ။ 'ထိပ်ထိပ်ထားရေ မင်းသားကိုငါတကယ်မနိုင်တော့ဘူး' ဟုအတွေးမဆုံးသေးခင်
"သေသွားတဲ့လူကိုတပြီးဒုက္ခပေးမနေနဲ့ နောက်တစ်ခါဒီအချိန်ထွက်မလာနဲ့ ကိုယ့်ရောဂါကိုယ်မသိတာလည်းမဟုတ်ဘဲနဲ့"
ပြောပြီးပြတင်းပေါက်ဘက်မျက်နှာလှည့်သွားတဲ့သူကကိုယ့်ကိုပြန်ဆုံးမသွားသေးသည် ။ ကိုယ့်မှာအဖေသာဖြစ်နေတာ လူမှန်းသိတတ်စကတည်းကသူ့ဆုံးမမှုတွေနဲ့သာနေရသည် ။ဒါကလည်းသူ့ဇနီး ထိပ်ထိပ်ထားရဲ့ပရောဂမကင်း ၊ဒင်းကတော့သားကိုအလိုလိုက်ပြီးစိတ်ချလက်ချကိုယ့်ဆီထားသွားခဲ့ပြီ ။
<<>>
"မောနင်း ဖေကြီး"
"ထိုင် သား"
YOU ARE READING
ေမာင့္လက္ယာ(မောင့်လက်ယာ){completed}
Randomstory description>>>>> start-5/10/2021 end-1/1/2022