Episode-17

3.9K 439 32
                                    

♡Unicode version♡



ည7နာရီခန့် ကျောင်းလမ်းထဲကhotpotဆိုင်လေးဟာလူစည်ကားလျှက်ရှိပြီးစကားသံတို့မှာလည်းတိုးတလှည့်ကျယ်တလှည့်တရုန်းရုန်းဖြင့်သာ။ဒီနေ့ဟာရှောင်းကျန့်မွေးနေ့ဖြစ်သလို ဒီညမှာစားသောက်ပွဲလေးကျင်းပပေးသည်မို့hotpotဆိုင်လေးအတွင်းမှာရှောင်းကျန့်ရဲ့အတန်းဖော်တချို့အပြင်အသိမိတ်ဆွေကျောင်းသူကျောင်းသားတွေသာအပြည့်နေရာယူထားကြတယ်။

စားပွဲတိုင်းလိုလိုမှာhotpotအိုးကြီးတွေအငွေ့တထောင်းထောင်းနဲ့ရှိနေကြပြီးအအေးအပြင် ဆိုဂျူး၊ဘီယာနဲ့သောက်စရာအမျိုးမျိုးလည်းအလျှံအပယ်ပင်။စီနီယာတွေရောဂျူနီယာတွေရော တရင်းတနှီးစကားတပြောပြောနဲ့စားသောက်နေကြသည်မို့hotpotဆိုင်တွင်းအသံမစဲတသဲသဲနှင့်သိုက်သိုက်မြိုက်မြိုက်ရှိလှတယ်။

ဖန်းဝေနဲ့တဝိုင်းတည်းထိုင်နေသည့်မွေးနေ့ရှင်ရှောင်းကျန့်မှာတော့ဖင်တကြွကြွနှင့်ဆိုင်ပေါက်ဝကိုမျှော်ငေးကြည့်ရတာအမော။ကောင်လေးကသူ့မွေးနေ့မှန်းသိရက်နဲ့ညနေကတည်းကဖေရှီးတို့အဆောင်ဘက်ကူးသွားတာ ယခုညရောက်သည်အထိသူ့ရှေ့ပေါ်မလာသေးတာကြောင့်ရှောင်းကျန့်စိတ်အေးလက်အေးတခြားသူတွေနဲ့ပျော်မနေနိုင်ပါ။

နှစ်စဥ်တန်ဖိုးကြီးလက်ဆောင်တွေနဲ့အတူ မွေးနေ့ဆုတောင်းmessageတစောင်သာပို့ပေးသည့်မိခင်ကိုလည်းထွေထွေထူးထူးစိတ်ခုမနေသလို မြို့တော်ဝန်တဖြစ်လည်းအစဥ်အလုပ်များနေတတ်သည့်ဖခင်ကိုလည်းရှောင်းကျန့်စောဒကမတက်မိ။ဒီနှစ်တွေတော့ ချစ်ရသူကောင်လေးနှင့်အတူရှိခွင့်ရမှာမို့ ရှောင်းကျန့်စိတ်တို့ အတော်မြူးနေတာတော့အမှန်ပင်။

"ကယ်ကယ်!...အချိန်ကျပြီ...မွေးနေ့ရှင်ကိုလူချောကို birthday wishပေးလိုက်ကြရအောင်..."

မတ်တပ်ထရပ်ကာဆိုဂျူးပုလင်းမြှောက်လျှက်ဆော်အောလာသည့်ဖန်းဝေကြောင့်အားလုံးကလည်းတညီတညွတ်။

"ဟတ်ပီဘတ်ဒေတူးယူ!...ဟတ်ပီဘတ်ဒေတူးယူ!!...ဟတ်ပီဘတ်ဒေး ဟတ်ပီးဘတ်ဒေး...ဟတ်ပီးဘတ်ဒေတူးယူ!!!!!!..."

*ရွှီး!!!* *ဖြောင်း!* *ဖြောင်း!* *ဖြောင်း!*

အသံဒေးအသံကြောင်အသံစုံတပြိုင်နက်birthday songဆိုပြီးနောက်လေချွန်သံတရွှီးရွှီးနှင့်လက်ခုပ်တီးသံတွေဆိုင်အပြင်လျှံကျတဲ့အထိအုံ့အုံ့ကြပ်ကြပ်။ထို့နောက်ပုလင်းချင်းတွန်းတိုက်သံတွေနှင့်တယောက်တပေါက်ဆုပေးသံတွေကဝေဝေဆာဆာပင်။

LOVE ME,OK![Complete]Where stories live. Discover now