အခန်း◀၀၁▶

7.2K 324 16
                                    

နှလုံးသားတစ်ခုလုံးကို ပေးဆပ်အပ်နှင်းကာ တစ်ဘဝလုံးစာမပြောင်းလဲတမ်း ချစ်ခင်မြတ်နိုးသွားရတော့မည့် လူသားကလေးတစ်ယောက်ကို ပထမဆုံးစတင်တွေ့မြင်ခဲ့ဖူးတဲ့နေ့တုန်းက တမန်အသက်ဆယ်နှစ်မပြည့်တပြည့် မူလတန်းကျောင်းသားကလေးဘဝသာရှိသေးတာပေါ့။

"သား... ထမင်းစားပြီးရင် အဝတ်အစားလဲထားနော်.... ဘွားတို့အိမ်ကိုသွားရမယ်..."

ကျောင်းကပြန်လာသော တမန့်ကိုမေမေကထိုသို့ပြောသည်။တမန်တို့ ဘွားလို့ခေါ်ရတဲ့ ဘွားဘွားဒေါ်မြသက်ထားက တမန်တို့နဲ့ဘာမှမတော်ပါ။မေမေနဲ့လည်း အမျိုးမစပ်။ဖေဖေနဲ့လည်းသွေးမတော်ပါချေ။မေမေ့ အစ်မ အန်တီ‌ဒေါ် ရွှေစကားဦးရဲ့ ‌‌ယောက္ခမဖြစ်သူဘွားလေး ဒေါ် မြသက်နွယ်ရဲ့ အစ်မသာဖြစ်ပါသည်။

မိဘနှစ်ပါးတပြိုင်နက်ထဲ ဆုံးပါးသွားတဲ့ မေမေတို့ညီအစ်မနှစ်ဦးဟာ.. ငယ်ငယ်ရွယ်ရွယ်နဲ့ပင် မိဘမဲ့ကလေးများအဖြစ်လောကကြီးမှာ မျက်နှာငယ်ငယ်နဲ့ကျန်ရစ်ခဲ့ကြပါသတဲ့။ဦးလေးတော်စပ်သူရဲ့အိမ်မှာ ဦးလေးမိန်းမရဲ့ အညိုအညင်ကိုခံကာ ကပ်ရပ်မှီခိုနေခဲ့ရတဲ့ ညီအစ်မနှစ်ယောက်ကို ဒေါ်မြသက်ထားကသမီးအရင်းကလေးတွေလိုပဲ စောင့်ရှောက်ကြင်နာမေတ္တာပေးခဲ့ပါသည်။အရွယ်ရောက်လာကြတော့လည်း အစ်မအကြီးဖြစ်တဲ့ အန်တီရွှေစကားကို ဘွားရဲ့ညီမ ဒေါ်မြသက်နွယ်ကမွေးတဲ့ သား ကိုဒီပနဲ့ ထိမ်းမြားလက်ထပ်စေခဲ့တာမို့ ရွှေစကားဦးက ဒီပါချမ်းမြရဲ့ မိသားစုဝင်ဖြစ်သွားခဲ့ပါသည်။နဂိုကမှ ဘွားကိုချစ်ခင်ရိုသေလှတဲ့ မေမေတို့ညီအစ်မနှစ်ယောက်ဟာ အန်တီစကားနဲ့အမျိုးပါတော်စပ်သွားတဲ့အခါ ပြောစရာပင်မရှိ။ဘွားကို အန်တီစကားတင်မက မေမေကပါ မိခင်အရင်းကဲ့သို့ ချစ်ခင်မြတ်နိုးကာ ရိုသေလေးစားဝပ်တွားခယရလှပါသည်။

ကိုဒီပရဲ့ညီ ကိုရန်နောင်နဲ့စံပယ်ဖြူဟူသော..အတွဲအစပ်ကိုလည်း ဘွားကစီမံခဲ့သေးတာပါပဲ...ဒါပေမယ့်.. လေးလေး ရန်နောင်က အော်ရယ်သည်တဲ့...

"တသက်လုံး ညီမအရင်းလိုနေလာတာ...ကိုယ်အိပ်ရာထဲအပေါ့စွန့်တာလည်း သူသိ... ကိုယ်ကလည်းသူ့ကိုကြည့်လိုက်ရင်...

မနီးချင်...မဝေးချင်||completed||Where stories live. Discover now