Part-22

266 64 3
                                    

Unicode

လောင်မားက ကုန်းကျွင့်ကို သူမနဲ့မိတ်ဆက်ပေးပါရန် ကျန်းကျယ်ဟန့်ဆီ ထုတ်ပြောလာတော့ ကျယ်ဟန့်ခမျာ ဘာလုပ်လို့ ဘာကိုင်ရမှန်းမသိ။

ညဘက်ရောက်လို့ ခေါင်းအုံးပေါ် ခေါင်းချလိုက်ချိန် ခေါင်းထဲဝင်လာတဲ့ အတွေးပေါင်းစုံက သူ့ကိုဝေခွဲမရ ဖြစ်စေပြန်သည်။

ကုန်းကျွင့်က beijingမှာ သူနဲ့အချိန်ကာလတစ်ခုအထိ နီးနီးကပ်ကပ်ရင်းနှီးခဲ့သည့် ဆက်ဆံရေးရှိတဲ့မိတ်ဆွေတစ်ယောက်။

အမှန်တကယ်ဆိုလျှင် ကုန်းကျွင့်ကို လောင်မားနဲ့ မိတ်ဆက်မပေးနိုင်စရာ အကြောင်းအရင်းရယ်လို့ ရှိမနေပါချေ။
သို့သည့်တိုင် ဘာကြောင့်များ သူက ကုန်းကျွင့်ကို အိမ်ခေါ်လာဖို့အရေး မလုံမလဲစိတ်နဲ့ ရှက်ရွံ့စိတ်တချို့ ဝင်နေရပါသနည်း။ ကိုယ့်ချစ်သူကို မိဘတွေနဲ့မိတ်ဆက်ပေးတော့မည့် မိန်းမငယ်လေးတစ်ယောက်လို ရင်တထိတ်ထိတ်စိတ်လှုပ်ရှားနေသည့်ခံစားချက်မျိုးက သူ့ဆီမှာ လာဖြစ်တည်နေသည်။

"ငါ ဘာတွေဖြစ်နေတာလဲကွာ...ကျစ်
မနက်ဖြန် သူ့ကိုအိမ်လာလည်ဖို့ဖိတ်လိုက်တော့မယ် မလာခိုင်းစရာအကြောင်းမှမရှိတာပဲ...သူလာတာနဲ့ လောင်မားတို့အထင်လွဲနေတဲ့ကိစ္စကိုပါ တစ်ခါထဲရှင်းရမယ်"

ကျန်နေသေးတဲ့ အတွေးတချို့ကို ခေါင်းထဲကနေခပ်မြန်မြန်ဖယ်ရှားလိုက်ပြီးနောက် ကျယ်ဟန့်က စောင်ကိုခေါင်းမြီးခြုံလိုက်ပြီး အိပ်ဖို့ကြိုးစားလိုက်တော့သည်။ မနက်လင်းလျှင် လောင်မားအတွက် စျေးဝယ်ဖို့သွားပေးရဦးမည်မို့ အိပ်ရာစောစောထဖို့လိုပါ၏။

သင့်တင့်တဲ့ အအေးဓာတ်လေးက တိတ်ဆိတ်နေတဲ့အခန်းထဲ လွှမ်းခြုံလို့ထား၏။ အိစက်စက်မွေ့ရာဟာ လဲလျောင်းနေသူအား နှစ်နှစ်ခြိုက်ခြိုက်အိပ်ပျော်နိုင်ပါရန် အပြည့်အဝကူညီဖို့အသင့်ပင်။ သို့ပေမဲ့ ထိုလဲလျောင်းနေသူရဲ့ ဖိမှိတ်ထားတဲ့ မျက်ခွံမို့မို့အောက်က မျက်လုံးတွေကတော့ မိနစ်အတော်ကြာတဲ့အထိ မငြိမ်သက်နိုင်သေးပေ။

ကောင်းကောင်းမွန်မွန် အိပ်စက်နိုင်ဖို့အတွက် တစ်စုံတစ်ရာကို လိုအပ်နေတဲ့ ခံစားချက်မျိုး ခံစားဖူးကြတယ်ဟုတ်?

302 (Completed)Where stories live. Discover now