Cha-31

8K 1.6K 75
                                    

[Unicode]

ယွီချင့်ဟွမ်၏ ဒုတိယ​မြောက်နောက်ဆုံးဇာတ်ဝင်ခန်းအား နောက်တ​နေ့နေ့လည်ခင်းအချိန်မှာရိုက်ကူးခဲ့​လေသည်။

ဖန်းကျုံးရှီးမှာသက်သာ​လာပုံမရ​သေး​ပေမယ့် အ​တက်နိုင်ဆုံး​ကြိုးစားသည်းခံထား​နိုင်လေသည်။

လျိုကျားအန့်မှာ ထိုဇာတ်ဝင်ခန်းအားဖန်သားပြင်​ပေါ်တွင်ပြန်လည်ကြည့်ရှု​နေပြီးအမှားအယွင်းရယ်လို့တခုတ​လေမ​တွေ့​တော့မှအအောင်ပေးလိုက်၏။

အခုချိန်မှာ​တော့ 'The Line of Life and Death' ရုပ်ရှင်ဇာတ်ကားတွင် ယွီချင့်ဟွမ်အတွက်ဇာတ်ဝင်ခန်းတခုသာကျန်ရှိ​တော့၏။

"ချင့်ဟွမ် မင်း​နေခဲ့လိုက်"

လျိုကျားအန့်မှာသူ့မျက်လုံးများအားဖန်သားပြင်ပေါ်က​နေ ယွီချင့်ဟွမ်​အ​ပေါ် ရွေ့လျားလာပြီး ပြုံး​နေရင်းက

"သံကိုပူ​တုန်း​လေးပုံသွင်းထားရ​အောင်.. တ​​အောင့်​နေရင် မင်းရဲ့​နောက်ဆုံးဇာတ်ဝင်ခန်းကိုငါရိုက်ကြည့်ချင်တယ်...ဘယ်လိုသ​ဘောရလဲ?"

"ကိစ္စမရှိဘူး"

ယွီချင်ဟွမ်မှာခေါင်းညိတ်ပြလိုက်ရင်း "ကျွန်​တော်အဆင်သင့်ဖြစ်ပြီးသား"

ထိုသို့ကြားလိုက်​သော် လျိုကျားအန့်မှာရယ်​မောလိုက်ရင်း

"​ကောင်းပြီ! ဒါဖြင့်ခုသွားပြင်ဆင်​တော့"

ထို့​နောက်တွင် သူဟာစက်အဖွဲ့သားတွေဘက်လှည့်လို့

"​သွေးရည်ကြည်နဲ့သေနတ်​တွေအဆင်သင့်ဖြစ်ပြီလား? ​​နောက်ဆုံးတ​ခေါက်ပြန်စစ်​ကြည့်ချေဦး"

လျိုကျားအန့်မှာ အမြဲလိုလိုသာလွန်သည်ထက်သာလွန်​အောင် လုပ်ဆောင်​လေ့ရှိသည်။

သင့်​တော်တဲ့ဇာတ်ညွန်းမရှိဘူးလား?!
ရှုတင်မရှိဘူး!

​ကောင်းမွန်တဲ့သရုပ်​ဆောင်တွေမရှိဘူးလား?!
ရှုတင်မရှိဘူး!

သင့်​​တော်တဲ့ဇာတ်ကားဝတ်စုံနဲ့ထုတ်လုပ်​ရေးအဖွဲ့မရှိဘူးလား?!
ရှုတင်လဲမရှိ​သေးဘူး!

ဇာတ်ဝင်ပစ္စည်းအသုံးအ​ဆောင်​တွေ​ကအစ အစစ် အမှန်​တွေဖြစ်​နေရမည်။သူတို့အတွက်သုံး​ရမည့်​သေနတ်​တွေ​တောင်မှကျည်ဆန်မပါဝင်သည့်​တကယ့်သေနတ်အစစ်တွေ​ပေ။

ရည်းစား​လေးထားချင်မိတဲ့ကျွန်​တော် (ဘာသာပြန်)Where stories live. Discover now