Ep.1

3.9K 273 39
                                    

ဇာတ်သိမ်းပိုင်း#

"ယောင်း!!!"

သူမ...သိပ်ချစ်ရပါသောသူမက
လက်ဆောင်ပေးထားတဲ့ အနောက်နိုင်ငံက ပိုးသားဝတ်ရုံ
ဖြူလွလွဖြင့် မြေပြင်ပေါ်မှာလဲကျနေတယ် ရဲရဲတောက်နေတဲ့ သွေးနီနီတွေဟာ သူမရဲ့ ဝတ်ရုံလေးနဲ့မှ မလိုက်ဖက်......

ကြိုမြင်နေလို့....ဒီလိုအဖြစ်အပျက်တွေဖြစ်လာမှာကိုကြိုသိနေလို့
ချစ်ရသူကို အစွမ်းကုန်ကာကွယ်ဖို့
အပြေးလာခဲ့ပါသော်လည်း
ချစ်ရသူရဲ့ ရင်ဝတည့်တည့်မှာ
မြားတချောင်းစိုက်ဝင်နေခဲ့ပြီ....

မြေပြင်ပေါ် လဲကျသွားသောပုံရိပ်လေးဆီသို့...ဘယ်အရာကိုမှဂရုမစိုက်ဘဲ သွေးရူးသွေးတန်းသွားပြီးထွေးပွေ့ရာတွင် သူမလေးတကိုယ်လုံးဟာအေးစက်နေလေပြီ...

Li: ယောင်း...Li လေ...Li ပါ
ဘာမှမဖြစ်တော့ဘူးနော်...ကိုယ် သမားတော်ဆီပို့ပေးမယ် အဆင်ပြေသွားမှာ..

ယောင်းဟာ နီရဲနေသောမျက်အိမ်တွေဖြင့် သွေရဲရဲတွေပေနေတဲ့ လက်ချောင်းရှည်ရှည်လေးတွေဖြင့် ဝတ်ရုံကိုအားကိုတကြီးစုပ်ကိုင်ထားတယ်...

ကျလုဆဲဆဲမျက်ရည်တွေဖြင့် ဝေဒနာကိုပြင်းထန်စွာခံစားရင်း
သူ့အားရင်ကွဲနာကျစေသော နာကျင်စေသော ရင်တွေအစိတ်စိတ်အမွှမွှာ ကွဲစေသော မျက်ဝန်းတွေနဲ့ကြည့်နေကာ ဝတ်ရုံကိုကိုင်ထားတဲ့ သွေးတွေပေကျန်နေတဲ့ လက်ချောင်းရှည်ရှည်တွေနဲ့ ပါးပြင်ကိုလာထိတွေ့တယ်....

Young: တောင်းပန်ပါတယ် Li

Li: မလိုဘူး...မတောင်းပန်နဲ့
ယောင်းကို ကိုယ် ရအောင်ချီခေါ်သွားမယ်...ဘာမှမဖြစ်တော့ဘူး.. သူတို့ယောင်းကိုဘာမှလုပ်လို့မရတော့ဘူး...

သူမရဲ့ မျက်ဝန်းလှလှလေးတွေသည် li ကိုစူးစိုက်ကြည့်နေရာမှ တခြားဦးတည်ဘက်တခုကို ကြေကွဲနေသောမျက်ဝန်းတွေဖြင့်ကြည့်စေတယ်....
ယောင်း လှမ်းကြည့်နေတဲ့နေရာကို
မျက်ရည်တွေ မနိုင်တဲ့ကြားက
ကြည့်လိုက်တော့ ဒီနိုင်ငံတော်ရဲ့
ဘုရင်မ....။

အမြဲတမ်း ရွှေရောင်ဝတ်ရုံကြီးတွေနဲ့ အနီတောက်တောက်ဝတ်ရုံကြီးတွေကို ခမ်းနားထည်ဝါအောင်ဝတ်တတ်ပြီး....
အနက်ရောင် ဆံနွယ်ရှည်ရဗည်တွေကို ဘုရင်မ ပီသစွာ စည်းနှောင်ထားတတ်ပင်မယ့်
အခုတော့....ထိုဆံနွယ်ရှည်ရှည်တွေကို လေဟာနယ်တွင်သာ လွင့်မြောနေစေပြီး ညဝတ်ရုံ ဖြူလွလွ ကိုသာဝတ်ဆင်ထားတယ်....

Last Tear (Season 1)Where stories live. Discover now