Arc.5.10
3.6K 637 20
" သေချာစီစဉ်ထား!! အမှားတစ်ခုခုဖြစ်လို့ကတော့ ..နင့်အသက်ဘဲ .."
ခြိမ်းခြောက်သည့် စကားကြောင့် အစေခံမလေးသည် တုန်ယင်သွားခဲ့သည် ။ သူမ ခေါင်းကို တဆတ်ဆတ်ငြိမ့်ရင်း နာခံကြောင်းပြရင်း ငွေကိုယူလိုက်ကာ အလျင်အမြန်ထွက်သွားတော့သည်။ အစေခံထွက်သွားသည့် ဘက်ကိုကြည့်ရင် နူတ်ခမ်းများ လှပစွာတွန့်ကွေးသွားခဲ့သည် ။ လှပသည့် အပြုံးလေးကတောင် မျက်နှာထက်က အကြံအစည်ပြည့်နေသည့်အမှုအရာကို မဖုံးကွယ်နိုင်ခဲ့ပေ....
အဓိကမြို့ဖြစ်သည့် အလျောက် မြို့တော်တွင် ကျင်းပသည့် နွေဦးပွဲတော်သည် အခြားမြို့များထက် စည်ကားပေသည် ။ လမ်းပေါ်တွင် ဈေးဆိုင်များ ၊ ပြပွဲများ နဲ့ စုံလင်ကာ ရယ်မောပျော်ရွင်နေကြသည် ။ ညအချိန် မီးအိမ်များ၏ အလင်းရောင်ကိုယူလျက် လှပသည့် ညခင်းတစ်ခုကို ပုံဖော်နေခဲ့သည် ။
တဖက်တွင် တော်ဝင်နန်းတော်ထဲ၌ စည်းချက်ကျသည့် တီးလုံသံများ ညံနေခဲ့ပြီး ပွဲတော်၏ အလယ်တွင် အပြာရောင်ဇာဝတ်စုံများ ဝတ်ဆင်ထားသည့် အကမယ်လေးများက လိပ်ပြာလေးများအလား ကခုန်နေခဲ့သည် ။ ထိပ်ဆုံးနေရာတွင်ရွှေဝါရောင်ဝတ်ရုံရှည်ဆင်မြန်းထားသည့် လူကြီးတစ်ယောက်ရှိပြီး တစ်ဖက်တွင် ဟိတ်ဟန်အပြည့်နဲ့ ကျောရှင်းလှပသည့် အမျိုးသမီးတစ်ယောက် ထိုင်နေခဲ့ပြီး နောက်တစ်ဖက်တွင် ပန်းနုရောင်ကို ဆင်မြန်းထားသည့် အမျိုးသမီးတစ်ယောက်ရှိသည် ။ သူမကို ကြည့်လိုက်ရုံဖြင့် နူးညံ့ပြီး ပန်းလေးတစ်ပွင့်လို လှပကြောင်း သိနိုင်လေသည် ။
ပွဲတော်အား ကွင်းပြင်တစ်ခုတွင် ပြင်ဆင်ထားကာ အတော်လေးကျယ်ဝန်းလှပြီး အခုချိန်တွင် နေရာတိုင်းတွင် မတွေ့နိုင်သည့် အလှလေးများသည် ကွင်းပြင်၏ တဖက်တွင် စုစည်း‌နေသည်က အလွန်မျက်စိပဒေသာဖြစ်လှသည် ။ ဆန့်ကျင်ဘက်အရပ်တွင်လည်း ခန့်ညားသည့် အမျိုးသားများ သည် သူတို့နဲ့ မျက်နှာချင်းဆိုင် အမျိုးသမီးလေးများအား လေ့လာနေဟန် ရသည် ။
နေရာများသည် ရာထူးအလိုက်စဉ်ထားခြင်း ဖြစ်ပြီး မိသားစုရဲ့ တရားဝင်ဇနီးများနဲ့ တိသမီးများသည် ဦးစွာနေရာချထားခြင်းခံထားရသည် ။ ထိုကဲ့သို့ပင် အမျိုးသားလည်း နေရာချထားခံရသည် ။ မုန့်ယိရှင်းသည် ခပ်မြင့်မြင့်တစ်နေရာတွင် နေရာချထားခံရပြီး ထိုနေရာသည် နေရာကောင်းတစ်ခုဖြစ်သည်မှာ မလွဲမသွေပင် ။ သူမက မင်းသားများ သခင်လေးများနဲ့ ရင်းရင်းနှီးနှီးစကားပြောနေပြီး ထိုမြင်ကွင်းက အနဲငယ် သိက္ခာမရှိသော်လည်း အလွန်ပနံ့သင့်နေပုံကြောင့် မိန်းကလေးများ၏ မနာလိုခြင်းကို ခံနေရပေသည် ။