ကဲ my babies တွေကို နောက်ကျသွားတဲ့အတွက် တောင်းပန်ပါတယ်ကွာ၊၂ပိုင်းတင်ပေးထားတယ်၊ ပြီးတော့ ကြိုဖတ်ချင်တဲ့သူများ pdf fileနဲ့အခကြေးပေးပြီး ဖတ်လို့ရပြီZawgyi
ကျောင်းဝင်းထဲကို လော့ရှန်ဟွာတို့ ကားဝင်လာသည့်ချိန်မှာတော့ လူအားလုံးရဲ့အကြည့်တွေ ရောက်လာတော့သည်၊သူတို့အနေနဲ့ လော့ရှန်ဟွာထက် လော့ကျန်းပေ့ကို စိတ်ဝင်စားနေကျသည်ဟာ အမှန်ပေ၊လော့ကျန်းပေ့ဆိုတာ ဘယ်လိုလူမျိုးလဲဆိုတာ လူတိုင်းသိကျသည်။ဒါပြင် သားတစ်ယောက်ရှိပေမယ့် single-fatherဖြစ်တာကြောင့် လူတိုင်းရဲ့စိတ်ဝင်စားမှုကို ခံခဲ့ရပေမယ့် ကျန်းအိမ်တော်က ကျန်းသခင်မလေးကြောင့် သူတို့ဟာ လမင်းကိုမျှော်ကြည့်နေသည့် ပိုးစုန်းကြူးလေးလို ဖြစ်ခဲ့ရသည်မလား၊အခု လော့ကျန်းပေ့ဟာ ကျန်းသခင်မလေးလို အလှဘုရင်မကိုတောင် ငြင်းပယ်ခဲ့ပုံထောက်ရင် ရုပ်ရည်ကို ကြည့်တတ်သူမဟုတ်ဘူးပဲ၊အဆင့်အတန်းကတော့ မပြောမနေနဲ့ ကျန်းအိမ်တော်ဟာ တကယ့်အသိုင်းအဝိုင်းကြီးတွေနဲ့ယှဉ်ရင် သာမန်မျှပေ၊
ဒါသူတို့ဆီမှာ အခွင့်အရေးရှိသေးသည်ဟု ဆိုရမှာပဲလေ၊ဒါကြောင့် အားလုံးဟာ လော့ကျန်းပေ့တို့ကားကို အဆီတဝင်ဝင်းတောက်နေတဲ့အမဲသားတုံးလို ကြည့်နေကျတာ မဆန်းကျယ်ပေ၊တဖက်မှာတော့ လော့ရှန်ဟွာရဲ့သတင်းကတော့ မကောင်းပေ၊
"စီနီယာလော့ကျန်းပေ့မှာ လော့ရှန်ဟွာလို သားမျိုးရှိတာ လော့အိမ်တော်ကို ကျက်သရေယုတ်စေတာပဲ"
"ဟုတ်ပ ဘာလို့ လော့အိမ်တော်မှာ ဒီလိုလူမျိုးရှိနေရတာလဲ မသိဘူး" လို့ သူတို့ဟာ တိုးတိုးပြောနေကျတော့သည်။ဟန်စုမင်ကိုယ်တိုင်ကလည်း အဝေးကနေ ကြည့်ရင်း သူရဲ့အမူအရာကို ထိန်းရန် ခေါင်းငုံ့လိုက်မိသည်။
'အားလုံးအဆင်ပြေနေတာပဲ ငါစီစဉ်ထားသလိုပဲ အားလုံးက လော့ရှန်ဟွာကို အမှိုက်လို ပြန်ဆက်ဆံကျတော့မှာပဲ'
ဟန်မင်စု အခုတလော အရမ်းကံကောင်းနေသလို ခံစားရသည်၊သူရဲ့အစ်ကိုဟာလည်း အခုဆိုရင် ကုမ္မဏီပိုင်ဆိုင်သွားပြီး ဂုဏ်အဆင့်အဆန်းမြင့်လာရုံသာမဘူး ကုအိမ်တော်က ကုဖုန်းမော့ဟာလည်း သူ့ကို ဟိုတစ်ခါက ကူညီပေးခဲ့တာကြောင့် အားလုံးရဲ့မျက်ဝန်းထဲမှာ သူဟာ အထိအခိုက်မခံသည့်ကြာပန်းလေးလို ဖြစ်နေပြီမလား၊ဒါအပြင် သူရဲ့ဂုဏ်သတင်းက ကျန်းအိမ်တော်က သခင်လေးကျန်းလင်းရှကိုတောင် မီသွားပြီမလား၊

YOU ARE READING
Daddyရဲ့ ကလေးလေး ဖြစ်ခွင့်ပေးပါလား(Daddyရဲ့ ကလေးလေး ဖြစ်ခွင့်ပေးပါလား)
RomanceZawgyi/Unicode Started date: 25.oct.2020 End date: ???????? လော့ကျန်းပေ့ x လော့ရှန်ဟွာ