နောက်တစ်နေ့ မနက်မှာတော့ ဇွဲကြီးလွန်းလှသည့်
မောင်ပဲပင်ပေါက်မှာ စိုင်းမာန်ခ အိမ်သို့ ထပ်ရောက်လာပါ၏။
လက်မှာ ပွန်းပဲ့ရာအနည်းငယ်ရှိနေသဖြင့် ပလာစတာ
ဟိုတစဒီတစကပ်လာလေသည်။ယခုတစ်ခေါက်တွင်တော့ ထိုအိမ်ထဲ၌ စိုင်းမာန်ခ တစ်ယောက်တည်း မဟုတ်တော့ပေ။ခေတ်ဆန်ဆန် ဝတ်စားထားသည့် အမျိုးသမီးတစ်ယောက်
လည်းရှိနေသေးသည်။ထိုအမျိုးသမီးက စိုင်းမာန်ခထက် အသက်ကြီးပုံရပြီး စစချင်းအိမ်ထဲဝင်လာသည့် သူ့ကို
တအံ့တဩဖြင့် စိုက်ကြည့်လာလေသည်။ထို့နောက်တွင်တော့ မီးဖိုချောင်၌ ချက်ပြုတ်နေ၏။ဦးစိုင်းမာန်ခ မိတ်ဆက်ပေးပုံအရ ထိုအမျိုးသမီးဟာ သူ့ရဲ့ အဒေါ်ဖြစ်သည်ဟုသာသိထားသည်။စိုင်းမာန်ခက သူမကို တရေးတယူစကားမပြောသလို သူမဘက်ကလည်း ကိစ္စမရှိဘဲ စကားပြောလာခြင်းမျိုးလုံးဝမရှိပေ။
စောစေးရတုကို ဧည့်ခန်းထဲ၌စောင့်ခိုင်းထားပြီး စိုင်းမာန်ခကတော့ အိမ်ပေါ်ထပ်သို့ တက်သွားလေသည်။
အငြိမ်မနေနိုင်သော ပဲပင်ပေါက်လေးမှာ ထိုင်နေရာမှ ထပြီး
မီးဖိုချောင်၌ ချက်ပြုတ်နေသည့် အမျိုးသမီးဆီသို့
သွားလိုက်လေသည်။ထိုအမျိုးသမီးက သူ့ကိုမြင်တော့
ပြုံးပြပြီး အမေးရှိလာ၏။"ကလေးဘာလိုချင်လို့လဲ?"
စောစေးရတုက ခေါင်းကိုခါပြီး သူမကိုပြောလိုက်သည်။
"ဒီတိုင်းထိုင်နေရတာပျင်းလို့ ဦးကလည်း တော်တော်နဲ့ပြန်
ဆင်းမလာသေးဘူးလေ အဲ့တာကြောင့် ကြီးကြီးဘာတွေ
ချက်နေလဲ လာစပ်စုတာ""ကဲ အဲ့တာဆိုလည်း ထိုင်ကြည့်ပါရှင်"
ထိုအမျိုးသမီးက ချက်လက်စကို အာရုံစိုက်နေပြီး ခဏကြာတော့ လူတို့၏သဘာဝအတိုင်း သိချင်စိတ်တစ်ခုကြောင့် မေးလာလေသည်။
YOU ARE READING
If we meet again (ထပ်ဆုံဖြစ်ခဲ့ရင်)
Romance"နောက်ထပ်တစ်ကြိမ်သာ ရှိလာခဲ့မယ်ဆိုရင် မင်းရဲ့ အချစ်ရဆုံးလူပဲ ဖြစ်ချင်တယ်" ~နောင်~ "အချစ်ဆိုတာရယူပိုင်ဆိုင်နိုင်မှ မဟုတ်ဘူး တစ်ခါတစ်လေ သူပျော်ရွှင်ဖို့ ကိုယ့်ဘက်က လက်လွှတ်ပေးလိုက်ရတာကလည်း အချစ်ပဲ" ~သူစိမ်းတစ်ဦး~