Chapter (2.1)

12.2K 1.8K 50
                                    


                  {Unicode}

  ကျန်းရှု အနေနဲ့ ရှုပေါ်စု ကို စတွေ့ လိုက် ကတည်း က ထိူလူဟာ ယောကျာ်း လေးတွေ ကိုပဲ နှစ်သက်မယ့် သူဆိုတာ သိလိုက်ရတယ်။ ဘာလို့လဲ ဆိုတော့ အဲ့လူရဲ့ မျက်လုံး တွေ က သူ့(ZX) အပေါ် မှာပဲ ချိတ်နဲ့ တွယ် ထား သိလို မျိုး ရှိနေ ခဲ့ လို့လေ။ ထပ်ပြီး ပြောရရင် ရှုပေါ်စု က သူ့ရဲ့ သန်မာ တောင့်တင်း တဲ့ ကိုယ်ဟန် ကို လည်း လူတွေ ကြားမှာ မဖုံးကွယ် ထားတာ ကြောင့် သူက ဂေးအသိုင်းအဝိုင်း ထဲ က ညီအစ်မလေး တွေရဲ့ မျက်လုံးထဲ  ကို ဝင်နေ တယ်လေ။

  လုခယ် ကတော့ အရူး တစ်ယောက် လို ရီ ပြီးတော့ ပြန်မေး လိုက်တယ်။

" ကွေးနေတာ မှ ခြင်ဆေး ခွေ လိုပဲ ဟုတ်လား?  ဘုရားရေ....ဟားဟားဟား ''

   သူ(LK) ဟာ ရီနေရင်းနဲ့ သူ့ပေါင်တွေ ကို သာ မက ရှန်ဖေးကျီး ရဲ့ ပေါင်းတွေ ကို ပါ တဖက်ဖက် ရိုက်ရင်း အော်ရီ နေခဲ့တယ်။

" သူပြောတာ ကို မင်းကြား လိုက်ရ လားဟင်...လောင်ရှုက ကွေးနေတာ မှ ခြင်ဆေး ခွေ လိုပဲ တဲ့ကွ။ ဒါကြီး က ဖြစ်နိုင် ပါ့မလားဟ!''

(အဖြောင့်တွေ ဟူသည် 😒)

   လုခယ် ရယ် ၊ ရှန်ဖေးကျီး ရယ် ၊ ရှုပေါ်စု ရယ်တို့က လွန်ခဲ့တဲ့ အနှစ် ၂၀ ကျော် ကတည်း က သူငယ်ချင်းတွေ ဖြစ်လာ ခဲ့ကြတာပဲ ဖြစ် တယ်။ ဒါတောင် အခု နောက်ပိုင်း ရောက်မှ သူတို့ သူငယ်ချင်း က ယောကျာ်းတွေ ကို ကြိုက်မှန်း သိခဲ့ ရတာ။

" သေချာ ခွဲ ခြားပြီး ကြည့်မယ် ဆိုရင်တော့ သိမြင်နိုင်ပါတယ်''

  ရှန်ဖေးကျီး က ပြုံးရင်း ပြန်ဖြေ လိုက်တယ်။ စိတ်ထဲ မှာ အံ့အား သင့်နေ ပေမယ့် အပြင်မှာတော့ သူ့ရဲ့ ပုံရိပ်ကို အခုထိ ထိန်းသိမ်း နိုင်နေ တုံးပဲ။

  ရှုပေါ်စု ဆိုတဲ့ ကောင်နဲ့ လုခယ် ဆိုတဲ့ ကောင် ကို သူငယ်ငယ်လေး က တည်းကနေ အခုထိ ပေါင်းသင်းလာကြတဲ့ ငယ်သူငယ်ချင်းတွေ ပဲ ဖြစ်တာမို့ ရှုပေါ်စု ကို လည်း သူတို့လို စတီးကဲ့သို့ ဖြောင့်နေတဲ့ အဖြောင့်ကောင်ပဲ လို့ထင်ခဲ့ ဘူးတယ်။ အဲ့ကောင် ဘယ်လို ကွေး သွားတာ ကို သိလိုက် ရတဲ့ အချိန် တုံးက သူ့(XBS) ဆီမှာ အဖြစ်အပျက်တွေ အများကြီး ဖြစ်ပြီးမှ သူတို့လည်း သိခဲ့ရတာပဲ ဖြစ်တယ်။

[Complete]လမ်းခွဲပြီးတဲ့နောက် ငါလက်ထပ်ပစ်လိုက်တယ်(mmtranslation)Where stories live. Discover now