ထည်ဝါလင်းရှိန်ဟာ ဖီးနစ်ကိုးလ်ရဲ့ ခေါင်းဆောင်တစ်ယောက် ၊ 'တော်ဝင်' လုပ်ငန်းစုကြီးရဲ့ ဥက္ကဌကြီး ၊ ဒါ့အပြင် ခက်ထန်ရင်ထဲက အမုန်းဆုံးသူတစ်ယောက်.... ။
'တော်ဝင်' လုပ်ငန်းစုကြီးမှာ ရှိကြတဲ့ အလုပ်သမားတိုင်းက ပြောကြသတဲ့ ။ လစာမပေးရင်တောင် ဒီနေရာက တဖ၀ါး မှ မခွာနိုင်ဘူးဆိုပဲ ။ အကြောင်းအရင်းကတော့ ထည်ဝါလင်းရှိန် ကွာရှင်းမဲ့ နေ့ကို စောင့်နေချင်သေးလို့တဲ့လေ ။
ထည်ဝါလင်းရှိန်က မျှစ်စို့ကြီးတစ်ခုနဲ့လည်း တူသတဲ့.... ။ ဘာမျှစ်လဲဆို နုနုထွားထွား နဲ့ ကြီးလေနုလေ ကြီးလေ ချိုလေ မျှစ်စို့ကြီးတစ်ခုနှင့် ခိုင်းနှိုင်းကြပြန်တယ် ။
" ချီးပဲ... ဒီခွေးမသားကြီး မျက်လုံးနှစ်လုံးကို ဖောက်ထုတ်ပစ်မယ် "
လော့ချထားရသေးသည် ။ ဦးထည် ၀င်လာတဲ့အခါ သူ ဖြေရှင်းစရာ မယ်မယ်ရရ မရှိမှာလည်း စိုးသေး၏။ ဦးထည် ကို မျက်စိကျွတ်မတတ် ငေးကြည့်လာတဲ့ ရှယ်ယာရှင် အသစ် ဆိုသူ ဟာ ခက်ထန် မျက်လုံးထဲ ကန့်လန့်ကြီး ၀င်နေပုံမှာ ဒေါင်လိုက်ဆွဲထုတ်လို့လည်းမရသလို အလျားလိုက်ဆွဲထုတ်ပစ်လိုက်လို့လည်း မရပြန်ဘူး။
နောက်ဆုံးမှာ သူ တစ်ယောက်တည်း စကားပြောလိုက်သည် ။
ခင်ဗျားက နည်းနည်းလေးမှ ကောင်းကျိုးမပေးဘူး ထည်ဝါလင်းရှိန် ဟူ၍....... ။
*****************
" ရှေ့ဆက်ပြီးတော့လည်း ကြိုဆိုပါတယ်ဗျာ "
ဦးထည် က ရှေ့မှ ရှယ်ယာရှင်အသစ်ဆိုသူအား လက်ဆွဲနှုတ်ဆက်လိုက်သောအခါ ခက်ထန်က အကြီးအကျယ် ချောင်းဆိုးပြ၏ ။ ထိုအခါမှ ပြုံးရယ်နေသော ဦးထည် မျက်နှာပျက်ကာ သူ့ဘက်သို့ လှည့်ကြည့်လာခဲ့သည် ။
" ဘာဖြစ်တာလဲ ခက်ထန်! ချောင်းဆိုးချင် အပြင်ထွက်ဆိုး သွား... "
အခု သူ့ကို မောင်းထုတ်လိုက်တာလား...။ လူတွေရှေ့မှာလေ ။
" ရတယ်! "
သူ သည်လည်း ခက်ထန် ပီသစွာ ဂျစ်ကန်ကန်ပြန်ပြောလာ၏ ။ ဦးထည်ကတော့ ရှေ့မှလူဆီသို့သာ ခေါင်းငြိမ်ကာဖြင့် ပြုံးပြပြန်သည်။ သူ့အပြုံးချိုတယ် ၊ သူ့အပြုံးလှတယ် ဆိုတိုင်း လူတိုင်းကို ဖောဖောသီသီ ပြုံးပြနေတာ... တကယ်တော့ ထည်ဝါလင်းရှိန်က ယောက်ျားတွေကိုများ မြှူစွယ်နေတာများလား ။
YOU ARE READING
You are my husband (Season 1)Completed
Actionသူ့နာမည်က ' တော်ဝင်မင်းခက်ထန် ' တဲ့... ကျွန်တော့်ရဲ့ ခက်ထန် ၊ ကျွန်တော့်ကို မုန်းတဲ့ခက်ထန် ၊ ကျွန်တော့်ကို မြေကြီးပေါ်က သဲမှုန့်လေးလို စုပ်ချေ ဖျက်စီးပစ်ချင်နေပါသော ကျွန်တော်ချစ်ရပါသော ခက်ထန်... ။