Chapter Twenty-Six: : We Are Missing Each Other

4.6K 44 4
                                    

Chapter Twenty-Six:                  : We Are Missing Each Other
 
 

သန့်ဇင်ကိုနှင့် အိမ့်မျက်ချယ်တို့ စကားများ ရန်ဖြစ်ပြီး နောက်ပိုင်းတွင် အဆက်အသွယ် မလုပ်ကြသည်မှာ နှစ်လပင်ကျော်ခဲ့လေပြီ ။

တက္ကသိုလ်သို့ ပြန်ရောက်ခဲ့သော်လည်း အရင်လို ပျော်ရွင်မှုတွေမရှိပဲ စိတ်ခံစားချက်များက ခြောက်သွေ့နေ လေသည်။
 

သူမနှင့် ရန်ဖြစ်ခဲ့သည့် ညကစပြီး ဖုန်းမဆက်ကြည့်သည်မှာ နှစ်လကြာပြီ ဖြစ်သော်လည်း အခုထိ အသားမကျသေးချေ။

သန့်ဇင်ကိုသည် သူမဆီဖုန်းဆက်ပြီး စကားပြောချင်သော်လည်း အခဲမကျေသေးသည့် တလွဲမာနတို့က တင်းခံထားသည်။
 
သူတို့နှစ်ယောက် စကားများခဲ့သော ကိစ္စတွင် သူ့အမှားလည်းပါသလို သူမဖက်ကလည်း လွန်ခဲ့သည်ဟု သန့်ဇင်ကို ထင်လေသည် ။

သူမကတော့ သူ့ထက်ပြတ်သားသည်....အခုထိ Social media တွင် Block ထားဆဲ......သူဖုန်းဆက်ကြည့်လျင်လည်း Black list ထဲ ရောက်နေမည်မှာ သေချာသလောက်ပင် ဖြစ်လေသည်။
 

အမှန်အတိုင်း ဝန်ခံရလျင် သူဒေါသထွက်ခဲ့သည့် အချိန်တုန်းက သူမအား ပြတ်နိုင်သည်ဟု ထင်ခဲ့မိသော်လည်း အခုတော့ ရင်နာနာနှင့် လွမ်းနေရလေပြီ။

ကျောင်းကပြန်လာပြီး အဆောင်ကိုပြန်ရောက်လျင် သူမနှင့် ဖုန်းဆက်ပြီး စကားပြောခဲ့ကြသည့် အချိန်တွေကို လွမ်းသည်....
 

သူမ၏ “တခစ်ခစ်” ရယ်သံလေးများနှင့် ချစ်စရာကောင်းသည့် စကားသံလေးများကိုလည်း လွမ်းသည်.....
 

တက္ကသိုလ် ကျောင်းဝန်းထဲက စုံတွဲများကို တွေ့လျင်လည်း သူမကို လွမ်းမိပြန်သည်.....
 

မျက်မှန်ဝတ်ထားသည့် ကောင်မလေးများ ဘေးနားကဖြတ်သွားလျင် သူမအား လွမ်းသည်...
 

အရင်က သူမစာကြိုးစားရန်...ကျန်းမာရေး ဂရုစိုက်ရန်...စိုးရိမ်တကြီးဖြင့် မှာကြားခဲ့ဖူးသည့် အချိန်များကို အရမ်းလွမ်းလေသည်....
 

သန့်ဇင်ကိုသည် သူမနှင့် လမ်းခွဲခါစ အချိန်များက ပြတ်သားခဲ့သည့် သူ့စိတ်ကိုလည်း လွမ်းမိပြန်သည် ၊ အခုတော့ တစ်ယောက်ထည်း ယောင်ချာချာနှင့် “နေမြင့်လေ အရူးရင့်လေ” ဖြစ်နေရသည်။
 

When we were young Where stories live. Discover now