Description

77.8K 2.6K 64
                                    

//Unicode//

စုလင်းသည် ABO ဝတ္ထုသို့ကူးပြောင်းသွားခဲ့ပြီး သူရဲ့စိတ်ကူးယဉ်နတ်ဘုရား ကုလီ​ဟန်သည် ထိုဝတ္ထုရဲ့ အ​မြှောက်စာဇာတ်ရံတစ်​ယောက် ဖြစ်​ပေသည်။

ဝတ္ထုထဲတွင် အ​မြှောက်စာ Shou တစ်​ယောက်သည် ကုလီဟန်က သူ့ကိုလက်ထပ်​လာစေရန် ယခင်က ရှိခဲ့ဖူး​သော ​ကျေးဇူးတရားကို အသုံးချခဲ့ပြီး  မှီခိုအားထားရာ ရှာခဲ့သည်။ ဒါပေမယ့်လက်ထပ်ပြီးတဲ့အခါမှာတော့ အမြှောက်စာShou က ဇာတ်လိုက် Gong ကို လိုက်​နှောက်ယှက်ခဲ့ပြီး ဇာတ်လိုက်Shouကို အပြစ်ပုံချခဲ့သည့်အပြင် ကုလီဟန်ရဲ့ ဂုဏ်သတင်းများကို ပျက်စီး​စေခဲ့ပြီး ဝတ္ထုအဆုံးမှာ သူ့ကို​သေဆုံး​စေခဲ့သည်။

စုလင်းသည် ဇာတ်လိုက် Shouက ကုလီဟန်ကို အတင်းအကျပ် လက်ထပ်ဖို့ မ​တောင်းဆိုခင် ကုလီဟန်ကို ကယ်တင်ရန် ဆုံးဖြတ်ခဲ့သည်။

စုလင်းရဲ့ ခန္ဓာကိုယ်​လေးက ကုလီဟန်အပေါ်ကို ညင်သာစွာ လဲကျသွားသည်။

"ဥက္ကဋ္ဌကု၊ ခင်ဗျားရဲ့ pheromoneရနံ့​လေးတွေကို နမ်းခွင့်ပြုပါ။ ကျွန်​တော် ​နေလို့ အဆင်မ​ပြေဘူး။QAQ"

ကုလီဟန်က သူ့ကို တားဆေး ​ပေးလာသည်။

စုလင်းက ကုလီ​ဟန်ဆီသို့ နေ့စဉ် နှင်းဆီပန်းများ တစ်ပတ်လုံး ပို့သည်။

"ဥက္ကဋ္ဌကု၊ ကျွန်​တော် ခင်ဗျားကို ချစ်တယ်၊ ကျွန်​တော့်ကို လက်ထပ်နိုင်မလား?"

ကုလီဟန်: "ဟင့်အင်း"

စုလင်း: “ …”

စုလင်း ကုလီဟန်ကို လိုက်ရတာ ပင်ပန်းလာပြီး သူကိုယ်သူ ရက်အနည်း​ငယ်​လောက် အနား​ပေးဖို့ ဆုံးဖြတ်လိုက်သည်။

ပထမနေ့။
စုလင်းက ပေါ်မလာ​ချေ။

ကုလီဟန်: "... "

ဒုတိယနေ့။
ကုလီဟန်: [ပြတင်းပေါက်မှကြည့်။ ]

တတိယမြောက်နေ့။
ကုလီဟန်က စုလင်းရဲ့တံခါးကို ခေါက်လိုက်ပြီး

"မင်းဘာလို့ မလာတော့တာလဲ"
~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~
Jue's note

​အသစ်ထပ်Pickဖြစ်တဲ့ Sweet Type Omegaverse ​လေးပါ။ 87ပိုင်းရှိပြီး Completed ပါ။ အ​ကြောင်း​တစ်စုံတစ်ရာမရှိရင် တစ်ပတ် ၂ပိုင်းက​နေ ၃ပိုင်း တင်ပါမယ်​​နော်။ အခုလက်ရှိတင်​နေတဲ့ FOS ​လေးဇာတ်သိမ်းရင် တပတ်နားပါမယ်​နော်။ ပြီးတာနဲ့ ဒါ​လေးကို စတင်​ပေးပါမယ်။ ဒါ​လေးကို လက်ရှိဘာသာပြန်​နေတဲ့သူ ရှိရင်လည်း ​ပြော​ပေးပါဦး​နော်။

ဥက္ကဋ္ဌကြီးရဲ့ အိုမီဂါဇနီး​လေးအဖြစ် ပြန်လည်​မွေးဖွားခြင်းWhere stories live. Discover now