အပိုင်း ၁၆

3.5K 161 0
                                    

(unicode)

တိတ်ဆိတ်နေသောအခန်းထဲဝယ် အသက်ရှုသံတိုးတိုးမှန်မှန်လေးသည် အခန်းတွင်း ကုတင်ထက်၌ စည်းချက်မှန်စွာ ထွက်ပေါ်နေပေသည်။ ဆိုဖာထက် ဘေးတစ်စောင်းအိပ်လျက် ရှိနေသူမှာ XZ အုပ်စုမှ ဒေါင်းမာန်ပင်။ ဒေါင်းမာန်တစ်ယောက်  အိပ်မပျော်နိုင်။ တိတ်ဆိတ်မှုကြားမှ ကြားနေရသောအသက်ရှုသံလေးသည် ဒေါင်းမာန်ကို လာပါ လာခဲ့ပါနှင့် မြူဆွယ်နေသယောင် ။ ဆိုဖာထက်အိပ်ရသည်မှာလည်း အဆင်မပြေပေ။ အရပ်ရှည်ကြီးနှင့် ခြေထောက်တို့သည် ဆိုဖာထက်ကို သိသိသာသာရှည်ထွက်နေ၏။ ကျောချရရုံအကျယ်နှင့် ဆိုဖာလေးထက်၌ရှိနေရ၍ အိပ်မပျော်နိုင်ဖြစ်ရ၏။

ထို့ကြောင့် ဆိုဖာထက်မှအသာထ၍ အိပ်ခန်းဆီဦးတည်လိုက်၏။ အခန်းသည်အတွင်းမှ မပိတ်ထား၍ အလွယ်ပင် ဝင်လို့ရပေ၏။ ကုတင်ဘေးကို ကပ်သွားလိုက်လျှင် မြင်လိုက်ရသည်မှာ အသံရှုသံမှန်မှန်ဖြင့် အိပ်ပျော်နေသူ။ ထိုအိပ် ပျော်နေသူ အနား၌ဝင်အိပ်ကာ အနောက်မှသိုင်းဖက်အိပ်လိုက်ချိန် သော်လင်းသည် မျက်နာချင်းဆိုင်လှည့်လာ၍ ရင်ခွင်ထဲတိုးဝင်လာပေသည်။

စွယ်သော်လင်းသည် အိပ်ရေးဝဝအိပ်စက်ခဲ့ပြီးနောက် လန်းဆန်းစွာနိုးထခဲ့ရပေသည်။ သို့သော် ဘေး၌ရှိနေခဲ့သူကြောင့် စိတ်တို့မှာ ရှုပ်ထွေးသွားရသည်။

" ထ ဟေ့လူ ဟေ့လူ ထတော့ "

လက်မောင်းအားတွန်း၍နှိုးလာမှုကြောင့် ဒေါင်းမာန်မျက်စိနှစ်ဖက်ကို အားယူကာဖွင့်လိုက်လျှင်
မကြည်လင်သောမျက်နှာလေးဖြင့် မ​ကြည်
ကြည့်ကြည့်နေသူကို တွေ့လိုက်ရသည်။

" ဘာဖြစ်လို့လဲ သော်လင်း။ ကိုယ် ခဏထပ်အိပ်အုန်းမယ်၊ အစောကြီးရှိသေးတယ်လေ "

" ၇ နာရီထိုးပြီး။ မစောတော့ဘူး၊ ထ ပြန်တော့ "

"........"

" ဟေ့ ! ပြောနေတယ်လေ၊ ပြန်တော့ဆို "

"............"

" ဘာကြည်နေတာလဲ၊ ပြီးတော့ ခင်ဗျားဘယ်လို့လုပ် ကျွန်တော်ကုတင်ပေါ်ရောက်နေတာလဲ "

"..........."

ဘာမှပြန်မပြောဘဲလက်နှစ်ဖက်အား ဦးခေါင်းနောက်ယှက်လျက် မထသေးဘဲ ဆက်လဲ လျောင်းနေဆဲ ထိုသူကြောင့် စိတ်မရှည်ချင်အောင်ဖြစ်ရ၍ အမြန်ပြန်ရန်သာ မောင်းထုတ်နေမိတော့၏။

ချစ်မြဲ ချစ်ဆဲWhere stories live. Discover now