Chapter(305) - သီးသန့်မိသားစုမှတပည့်များ

3.2K 703 20
                                    

Unicode

အခန်း(၃၀၅) - သီးသန့်မိသားစုမှတပည့်များ

ဝမ်ရိထုန်က အကြိမ်အနည်းငယ်မျှ မျက်တောင်ခတ်လိုက်သည်။

"အကြီးဆုံးအကိုကြီး, ဘာဖြစ်လို့ အငယ်ဆုံးညီလေးကို အဲ့ဒီလိုပြောနေတာလဲ? သူကအခု လင်မိသားစုရဲ့ သခင်လေးလေ, သူ့မိသားစုရဲ့ တပည့်တွေကို အမြင့်ဆုံးမှန်းထားတာက ပုံမှန်ပဲဟာ"

ကျန်းဖုန်းထင်က ခဏစဉ်းစားလိုက်ပြီး ခေါင်းညိတ်ပြသည်။

"ဒါတော့အမှန်ပဲ, တကယ်တော့လည်း အခုလင်မိသားစုက ပထမအဆင့်မိသားစုဖြစ်နေပြီပဲလေ"

လင်ရွှမ်းဇီဘက်ကို ပြန်သွားရမယ်ဆိုရင်

ထိုနေ့ရဲ့ နေဝင်ချိန်မှာ စာမေးပွဲကို အောင်မြင်သွားတဲ့ ပထမဆုံးကျောင်းသားက ခွင့်ပြုကဒ်ကိုကိုင်၍ လေ့ကျင့်ရေးကွင်းထဲကနေ ထွက်လာသည်။ သူ့ခါးပေါ်တွင် လက်ရာသေသပ်လှသော ' ကျန်း' ဟုစာလုံးရေးဆွဲထားသည့် သိုလှောင်ပုလင်းတစ်လုံးအား ချိတ်ဆွဲထားသည်။ သူက ကျန်းမိသားစုက ဖြစ်ကြောင်း ထင်ရှားလှ၏။

"ကျန်းမိသားစုက သီးသန့်မိသားစုပဲ" ဝမ်ရိထုန်က အာရုံစူးစိုက်စွာဖြင့် လိုက်ကြည့်နေသည်။

"သီးသန့်မိသားစုက တပည့်တစ်ယောက်ယောက်က ဒီလိုဂိုဏ်းဝင်ခွင့် စာမေးပွဲမျိုးမှာ ဝင်ပါတာကို မြင်ဘူးတာ ပထမဆုံးပဲ"

ကျန်းဖုန်းထင်သည်လည်း သူ့မျက်လုံးများကို ကျဉ်းမြောင်းလိုက်သည်။

"ငါစာရင်းသွင်းမှုကို ကြည့်လိုက်သေးတယ်, ကျန်းမိသားစုက ဒီဂိုဏ်းဝင်ခွင့် စာမေးပွဲကြီးမှာ ဝင်ပါတဲ့ တစ်ခုတည်းသော သီးသန့်မိသားစု မဟုတ်ဘူး, အနောက်ဘက် တိုက်မကြီးရဲ့ လျှိုမိသားစုလည်း လာတယ်"

"အမ်, ကျွန်တော်လည်း စာရင်းကိုကြည့်လိုက်တယ်" ဟိုင်ခွမ်းလောင်က လက်ပိုက်ကာ သူ့နှုတ်ခမ်းကို ကွေးညွှတ်လိုက်သည်။

"ဒါပေမဲ့ သီးသန့်မိသားစုတွေရဲ့ ဘယ်တပည့်ပဲ အပြင်ထွက်ပြီး လှုပ်ရှားမှုတွေမှာ ပါဝင်သည်ဖြစ်စေ အကြောင်းပြချက်က နှစ်ခုပဲရှိတယ်— သီးသန့်မိသားစုတွေ ကြားထဲမှာ ပြိုင်ဆိုင်မှုတွေ ရှိရင်ရှိ မဟုတ်ရင် တိုက်ကြီးငါးတိုက်မှာ အရေးကြီးတဲ့ ကိစ္စတစ်ခုခု ဖြစ်တော့မှာမို့လို့ပဲ, ဒိတစ်ခေါက် ဘယ်တစ်ခု ဖြစ်နိုင်မလဲလို့ ခန့်မှန်းနိုင်လား?"

(Book-2)အမြင့်မြတ်ဆုံး ကောင်းကင်အရှင်၏ ပြန်လည်မွေးဖွားခြင်းWhere stories live. Discover now