အပိုင်း ၆၆ (မိခင်ဘက်မှမိသားစု)

3.3K 431 4
                                    

[Zawgyi]

အမျိုးသမီးလျို ရှက်ရွံ့စွာ ပြန်ပြောလိုက်တယ်။
" ဟန်အာ ဒီမှာ လုပ်စရာသိပ်မရှိပါဘူး...မင်းရဲ့အရီးကျိုးက ကူညီနေတာမို့ မင်း ကူညီပေးဖို့မလိုပါဘူး..."
"အရီးလေးရဲ့ စကားတွေက ကျွန်တော့်ကိုအပြင်လူလို့ သတ်မှတ်နေသလိုပဲ.... ရှောင်ချောင်းနဲ့ ရှီထုန်က ကြှနျဝျောာနဲ့ ရင်းနှီးတဲ့ မောင်နှမအရင်းတွေလို့ ယူဆထားတာ...ကျနော်အားလုံးက မိသားစုတစ်ခုလိုပါပဲ... ဒါကြောင့် မခွဲခြားနေပါနဲ့....နောင်အခါ ဘာပဲဖြစ်လာဖြစ်လာ ကျေးဇူးပြုပြီး ပြောပြနော် အရီး...
ရှီထုန်လေးက အားရဝမ်းသာ ပျော်ရွှင်နေပြီး မျက်နှာပေါ်မှာ အပြုံးပန်းဝေနေသည်။
" အစ်ကိုဟန် အနာဂတ်မှာ ကျွန်တော်တို့မိသားစုနှစ်ခုက နီးနီးကပ်ကပ်နေရတော့မှာကြောင့် သွားရလာရ ပိုလွယ်ကူနေတော့မှာဗျ...တစ်ချိန်လုံး အစ်ကိုတို့မိသားစုက အစားအစာတွေ စားနေကျဆိုတော့ အခုကစပြီး ကျွန်တော်တို့ အိမ်ကိုလာပြီး ဒုတိယအစ်မရဲ့ ဟင်းချက်လက်ရာတွေကို လာမြည်းသင့်တယ်...ဒုတိယအစ်မက တကယ်တော်တဲ့ စားဖိုမှူးနော်!...သူက ပဲခေါက်ဆွဲကို ဂျုံခေါက်ဆွဲထက် အရသာပိုရှိအောင်လုပ်နိုင်တယ်, သိလား အကိုဟန်...."
"ဟုတ်ပါပြီ!...အနာဂါတ်မှာ ငါ့အစာအိမ်ကတော့ ကံကောင်းနေပြီ..."
ကျောက်ဟန်က ခေါင်းမော့ကာ ရှောင်ချောင်း နောက်ကျောကို တစ်ခဏလောက် ကြည့်လိုက်ပြီးနောက် ပြန်ငုံ့ကာ ပေါင်းပင်တွေ ထပ်ရိတ်နေသည်။
မိသားစုကနေ ခွဲထွက်လာကြလို့ဖြစ်နိုင်တယ်။ ရှီထုန်လေးက ကောင်ငယ်လေးတစ်ယောက်လို သူ့ဘေးမှာ ပျော်ရွှင်စွာ ပြောဆိုနေတော့တယ်။ သူက မရပ်မနားပြောနေပေမဲ့ အလုပ်ကိုတော့ မနှောင့်နှေးနေချေ။ သူ့လက်ထဲက တံစဉ်လေးကို အဆက်မပြတ်လွှဲရမ်းကာနေတယ်။
သူ့ဘေးနားက ဒရယ်လေးကလည်း သူရဲ့ တက်ကြွလှုပ်ရှားမှုတွေ ကူးစက်သွားသည်ထင်ပါရဲ့ ချုံနွယ်တွေပေါ် ခုန်ပေါက်လွှားနေသည်။ တစ်ခါတစ်ရံ ခေါင်းကိုငုံ့ကာ အပင်တွေ ကိုက်ဖြတ်နေပြီး ချီးကျူးဂုဏ်ပြုမှုကို တောင်းခံနေသလို ရှောင်ချောင်းဆီကို ရတနာတစ်ခုလို လာလာပြတယ်။
တစ်ဖက်မှာတော့ အမျိုးသမီးလျိုနဲ့ အမျိုးသမီးဖန်းကလည်း အလုပ်ရှုပ်နေကြသည်။ သူတို့နှစ်ယောက်ကလည်း စကားပြောရင်း အလုပ်လုပ်နေကြသည်။
စုတ်ပြတ်နေတဲ့ အိမ်အိုကြီးကို ကြည့်ပြီးနောက် အမျိုးသမီးဖန်းက ပြောလိုက်သည်။
"ယွီမိသားစုရဲ့ ဦးစီးမိန်းမကြီးက တကယ်တစ်ခုခုပဲ!...အစ်ကိုသာ့ဟိုင်က မိသားစုအတွက် ငွေတွေအများကြီး ရှာပေးပေမယ့် သူကနင်တို့ကို နှစ်လျန်ပဲပေးတယ်...ဒီငွေလေးနဲ့ ဘာလုပ်နိုင်မှာလဲ...အိမ်ပြင်ဖို့တောင် မလောက်ဘူး...ညီမလေး မုယွမ် ငွေလိုရင်ပြောနော်...ငါတို့အိမ်မှာ ငွေအများကြီးမရှိပေမဲ့ လျန်တော်တော်များများကိုတော့ ပေးနိုင်ပါသေးတယ်...အခု ရာသီဥတုက အေးနေတုန်းပဲ...ဒါကြောင့် ဘာပဲဖြစ်ဖြစ် အိမ်ကို ပြင်သင့်ပြီ.."
လျိုမုယွမ်က သူမစကားတွေကြားတဲ့အခါ ကျလာတဲ့ မျက်ရည်တွေကို သုတ်လိုက်သည်။ သူမက သူမရဲ့ခံစားချက်ကို ဖုံးကွယ်ဖို့ ပေါင်းရှင်းရာမှာသာ အာရုံစိုက်ပြီး ပြောလိုက်သည်။
" ကျေးဇူးတင်ပါတယ်...သာ့နျန်ဇနီးရယ်.."
"ဘာအတွက် ကျေးဇူးတင်နေတာလဲ...နောက်ဆို ငါတို့တွေက အိမ်နီးချင်းတွေ ဖြစ်တော့မှာလေ
...အဝေးက အမျိုးတွေထက် အိမ်နီးချင်းက နည်းနည်း အသုံးဝင်ပါတယ်...ငါတို့ကူညီနိုင်မယ့် အရာတွေရှိရင် ပြော.."
အမျိုးသမီးဖန်းက ပေါင်းမြက်တွေဖြတ်ဖို့ တံစဉ်ကို မြေပေါ် ခပ်မြန်မြန် လွှဲရမ်းလိုက်သည်။ တစ်ချက်ကြည့်ရုံနှင့် သူမက အလုပ်ကြိုးစားတဲ့မိန်းမမှန်း ပြောနိုင်သည်။
အနောက်ဘက်က မိသားစုက သူတို့အနောက်ဘက် ဝန်းတံခါးကို ဖွင့်ပြီး နေအိမ်အနောက်ဘက်မှာရှိတဲ့ ကန်ထဲကို ဘဲတစ်အုပ် မောင်းထည့်နေသည်။ ဒီဘက်က လှုပ်ရှားမှုတွေ မြင်တဲ့အခါမှာ သူမက လာကြည့်ပြီး
"ဟေ့ သာ့ဟိုင်ဇနီး!...မင်းတို့ ပြောင်းလာကြပြီလား...အမယ်လေးတော် အမယ်လေး...ဦးလေးယွီနဲ့ အရီးယွီက အကြင်နာတရားမဲ့လိုက်တာ...ဘယ်သူကများ ဒီလို စုတ်ပြတ်နေတဲ့ အိမ်ကြီးမှာ နေနိုင်မှာတုန်း...."
ယွီရှောင်ချောင်း ခေါင်းမော့ကြည့်လိုက်တော့ နှုတ်ခမ်းပါးပြီး ပါးရိုးမြင့်တဲ့ အမျိုးသမီးတစ်ယောက်ကို မြင်လိုက်သည်။ စဉ်းစားလေလေ ထိုသူ၏ စကားတွေက သူတို့ရဲ့ဆင်းရဲတဲ့ အခြေအနေအပေါ်မှာ ပျော်နေသည်ဟု ထင်လေလေပင်။
"သူကို အာရုံစိုက်မနေနဲ့!...အမျိုးသမီးမောက်စကားတွေကို အတည်ယူနေရင် သေလောက်တဲ့အထိ ဒေါသထွက်ရလိမ့်မယ်...စာကလေး အော်နေတာလို့ သဘောထားလိုက် ဒါဆို အဆင်ပြေပြီ..."
ကျိုးမိသားစုနဲ့ ချန်းမိသားစုက အိမ်အိုကြီးနဲ့ တစ်ကီလိုမီတာ အကွာအဝေးအတွင်းမှာရှိတဲ့ အိမ်နီးနားချင်း နှစ်အိမ်ပင်ဖြစ်သည်။ ကျိုးမိသားစုက ကြက်မွေးမြူကြပြီး ချန်းမိသားစုကတော့ ဘဲမွေးမြူကြသည်။ ကြက်ဥဈေးနဲ့ ကြက်ပေါက်ဈေးက ဘဲဈေးထက် သိသိသာသာပင် ရောင်းအားကောင်းသည်။ ချန်းမိသားစုရဲ့ချွေးမ အမျိုးသမီးမောက်က ပါးစပ်သရမ်းသည်။ သူမက အမျိုးသမီးဖန်းကို မြင်တိုင်း ကျွဲမြီးတိုစကားများပြောတတ်သည်။
အစတုန်းက အမျိုးသမီးဖန်းက ပြန်ပြောတတ်သည်။ နောက်ပိုင်း မိသားစုနှစ်ခုက နားလည်မှုရှိလာသည်။ အမျိုးသမီးမောက်မှာ သူမပါးစပ်ဟလိုက်တာနဲ့လူတွေ သူမကို မျက်မုန်းကျိုးစေနိုင်တာအပြင် အခြားစရိုက်လက္ခဏာတော့ လုံးဝမရှိပေ။
ရလဒ်အနေနဲ့ ရွာထဲက မိန်းမတွေ မိန်းကလေးတွေ အများစုက သူမကို ရှောင်ကြတော့သည်။ အမျိုးသမီးဖန်းကသာ သူမကိုတော့ ထွေထွေထူးထူး စိတ်ရှုပ်မခံဘဲ အိမ်နီးချင်းဆက်ဆံရေးကို ထိန်းသိမ်းထားသူ ဖြစ်သည်။
အမျိုးသမီးမောက်က သူမ ခုနကပြောလိုက်တာ နည်းနည်းမကောင်းမှန်း သိသိသာသာ သဘောပေါက်လိုက်သည်။ ဒါကြောင့် သူမက ကတိုက်ကရိုက် ကြားဖြတ်ပြောလိုက်သည်။
"အိမ်ပြင်တုန်း တစ်ခုခုအကူညီလိုရင် ကျွန်မတို့အိမ်ကို လာမေးလှည့်... ကျွန်မအမျိုးသားက ကျွမ်းကျင်တာတွေမရှိပေမဲ့ သူက သန်မာပါတယ်...နောက်ကျ ငါတို့က အိမ်နီးချင်းတွေ ဖြစ်လာမှာဟုတ်တယ်မလား... ပြီးတော့ တစ်ယောက်ကိုတစ်ယောက် ကူညီရမှာ အမှန်ပဲလေ...ကျွန်မကြောင့်နဲ့ အလုပ်ကိုမရပ်လိုက်နဲ့...ကျွန်မက ငါးရောင်းဖို့ရှိလားလို့ ဆိပ်ကမ်းသွားကြည့်လိုက်ဦးမယ်...ကျွန်မသား ဝိန်အာရဲ့ ကိုယ်ခန္ဓာဖွံ့ဖြိုးဖို့ တစ်ခုလောက် ဝယ်ဖို့လိုတယ်...."
အမျိုးသမီးဖန်က တိတ်တိတ်လေး မှတ်ချက်ပေးလိုက်သည်။
"အမျိုးသမီးမောက်ရဲ့ အကြီးဆုံးသားက မြို့ထဲမှာ ပညာသင်နေတာ သူတော်တော်ကြိုးစားတယ် ပြောတယ်။ သူက အခွင့်ရရတိုင်း ကြွားဝါပြောလိမ့်မယ်....ဒီနေ့လိုပဲ
ချန်းဝိန်က အိမ်မှာအနားယူဖို့ ပြန်လာနေတာ ဘလာဘလာနဲ့ သူမက ဒါပဲပြောနေလိမ့်မယ်..."
" သိတယ်!..သိတယ်!...အစ်ကို ချန်းဝိန်က တကယ်အံ့ဩဖို့ကောင်းပြီး သူက နောက်ဆုံး စာမေးပွဲမှာတောင် အဆင့်တစ်ရတယ်!...."
ရှီထုန်လေးက ကျောက်ဟန်နောက် အမြီးလေးလို ပျော်ရွှင်စွာလှည့်ပတ်လိုက်ရင်း ကြားဖြတ်ပြောလိုက်သည်။
အမျိုးသမီးလျိုက သိသိသာသာတက်ကြွနေတဲ့ သားဖြစ်သူကို ကြည့်ကာ ညင်သာစွာပြုံးလိုက်သည်။
"မိဘတိုင်းက သူတို့သားသမီးတွေကို တန်ဖိုးထားကြတယ်...အမေတစ်ယောက်ရဲ့ အမြင်မှာ သူတို့ကလေးက အမြဲတမ်းအကောင်းဆုံးပဲ..."
" မှန်တယ်...မှန်တယ်!...ကျွန်မသား ဟွားအာက ပညာသင်မှာ ပါရမီမရှိတောင် သူငယ်ငယ်လေးကတည်းက သူအဖေကို ပစ္စည်းလှည့်ရောင်းရာမှာ ကူညီပေးတယ်..သူက ပင်ပန်းတဲ့အလုပ်လို့တောင်မထင်ဘဲ ပျော်ရွှင်နေတာ...ကျွန်မတို့အိမ်မှာ ကြက်အကောင် တစ်ရာနီးပါးရှိပြီး သမီးနှစ်ယောက်ရှိပေမဲ့ ကျွန်မက သူမတို့ကို ကြက်တွေဂရုစိုက်ဖို့ တော်တော်ပြောရတယ်..."
အမျိုးသမီးလျိုက ပေါင်းပင်တွေကို တည်ငြိမ်စွာ ရှင်းလင်းနေတဲ့ သူမသမီးနှစ်ယောက်ကို တစ်ချက်ကြည့်လိုက်သည်။ သူမမျက်ဝန်းတွေမှာ ပျော်ရွှင်မှုတွေ တောက်ပနေပြီး ပြောလိုက်သည်။
" ကျွန်မကလေးတွေကတော့ စဉ်းစားချင့်ချိန်တတ်ပြီး အလုပ်ကြိုးစားကြတယ်..."
ယွီရှောင်ချောင်းက သူမခေါင်းကိုလှည့်ကာ ပြုံးလိုက်ပြီး
"အမေနဲ့ အရီးကျိုးတို့ တိုးတိုးလေးပြောသင့်တယ်..လူတွေက ဒါကိုကြားတဲ့အခါမှာ အမေတို့က လိမ်လည်ပြီး ချီးမွမ်းနေတာလို့ တွေးနေကြလိမ့်မယ်!...
အမျိုးသမီးလျို နဲ့အမျိုးသမီးဖန်း နှစ်ယောက်လုံးက သူမကိုကြည့်ကာ ရယ်ကြသည်။ အမျိုးသမီးဖန်းက ပြောလာသည်။
"မိသားစုခွဲနေတာက ကောင်းတဲ့အရာပဲ...ရှောင်ချောင်းရဲ့ပင်ကိုယ်ဗီဇက ပိုတက်ကြွလာတယ်...သူက ရယ်စရာတွေတောင် လုပ်တတ်နေပြီ.."
အမျိုးသမီးလျိုက ခေါင်းညိမ့်ကာ ပြောလာသည်။
"ချောင်းအာခန္ဓာကိုယ်က ပိုကောင်းလာပြီး ပိုတက်ကြွလာတယ်... သူ့အမေအနေနဲ့ အများကြီး စိတ်သက်သာရလာပါပြီ....သူ့အဖေခြေထောက်ကသာ ပိုကောင်းလာမယ်ဆိုရင်...."
" ပြန်ကောင်းလာမှာပါ ကောင်းလာမှာပါ!..ကောင်းတဲ့အရာတွေက လူကောင်းတွေဆီမှာ ဖြစ်လာလိမ့်မယ်...အစ်ကိုသာ့ဟိုင်ခြေထောက်က သေချာပေါက်ကုသလို့ရမှာပါ..."
အမျိုးသမီးဖန်းက သာ့ဟိုင့်ခြေထောက်အကြောင်းကြားတဲ့အခါမှာ အမျိုးသမီးလျိုကို အစောတလျင် နှစ်သိမ့်ပေးသည်။
........
"ဒုတိယအစ်မ ဒုတိယ အစ်မ!...ကြည့်လိုက်!..အစ်ကိုရှောင်ဝိန်နဲ့ ကျွန်တော်တို့ သစ်ပင်အုပ်လေးထဲကနေ ရစ်ငှက်ရိုင်းဥလေးတွေ ရှာတွေ့တယ်...စုစုပေါင်း သုံးလုံး!...နောက်ကျ အကြီးဆုံးအစ်မက သူတို့ကို ပြုတ်ပြီးရင် အဖေရယ် အမေရယ် ဒုတိယအစ်မရယ် တစ်လုံးစီ စားလို့ရတယ်..."
ခြံအရှေ့နဲ့ အနောက်ဘက်ရှိ ပေါင်းပင်တွေကို ရှင်းလင်းလို့ ပြီးသွားသလိုပဲ အိမ်နီးချင်း ချန်းဝိန် နှင့်အတူထွက်သွားခဲ့သော ရှီထုန်လေးက ပြန်ရောက်လာသည်။ သူတို့ထွက်သွားတာ ဘယ်သူကမှ မသိလိုက်ပေမဲ့ ရှီထုန်လေးက အပြုံးမျက်နှာနှင့် လက်ထဲတွင် ရစ်ငှက်ဥတွေကိုင်ထားလျှက် သူ့ခေါင်းပေါ်မှာတော့ သစ်ရွက်တွေ မြက်ပင်လေးတွေ ရှိနေသည်။
ကျိုးမိသားစုမှ ဒုတိယသမီး ရှန်းဟူက တမင်တကာ စလိုက်သည်။
"နင်က အစ်မကြီးကိုတော့ ဥတွေပြုတ်ခိုင်းပြီး သူ့အတွက်ကျ စားဖို့မပါဘူးပေါ့...ရှီထုန်လေး ရှောင်လျန်က ဘက်လိုက်တယ်လို့ အပြစ်ပြောမှာ မစိုးရိမ်ဘူးလား.."
ရှီထုန်လေးက ရှောင်လျန်ကို တစ်ချက်ကြည့်ပြီး ပျော်ရွှင်စွာ ပြန်ပြောလိုက်သည်။
"အစ်မကြီးက အဲ့လိုလုပ်မှာမဟုတ်ဘူး!..အမေနဲ့ ဒုတိယအစ်မရဲ့ ကိုယ်က အားနည်းနေပြီး အဖေက ဒဏ်ရာရနေတယ်လေ...အစ်မကြီးက အစားကောင်းတွေရှိရင်တောင် သူတို့ကို ပထမဆုံးပေးမှာ..."
အမျိုးသမီးဖန်းက ကောင်လေးရဲ့ ခေါင်းကို ပွတ်သပ်လိုက်ပြီး
" ညီမလေးမုယွမ် နင့်သားက သိတတ်လိုက်တာ...ကျွန်မတို့လိုလူတွေ...
အာ...ကျွန်မတို့တွေ တစ်ခြားသူတွေကို မနာလိုနေစရာ မလိုဘူး...ကိုယ့်ဘဝကိုယ် ပြည့်ပြည့်စုံစုံနေထိုင်ဖို့လိုရုံပါပဲ..."
ဘယ်သူကမှ ထိုဥသုံးလုံးကို လက်ဝါးကြီးမအုပ်လိုကြပေ။ ဒါကြောင့် ရှောင်ချောင်း က ကြက်ဥစွတ်ပြုတ်လုပ်ဖို့ ပြောလိုက်သည်။ မိသားစုဝင်တိုင်းက ဟင်းရည်ပန်းကန်တစ်ခွက်စီကို ပျော်ပျော်ရွှင်ရွှင် သောက်သုံးနိုင်သည်။
နေ့လယ်စာမှာတော့ ရှောင်ချောင်းရဲ့ အမေဘက်ကအဖွား၊ ဦးလေးသုံးယောက်နှင့်အရီးတို့ အားလုံးက နွားလှည်းငှားလာကြသည်။ လှည်းက ဒီအိမ်အသစ်တွင်သုံးဖို့ ပစ္စည်းတွေနဲ့ ပြည့်နေသည်။ အကြီးမားဆုံးပစ္စည်းတွေက စားပွဲ၊ ထိုင်ခုံတွေဖြစ်ပြီး အသေးဆုံးတွေကတော့ အိုးတွေ၊ ပန်ကန်းလုံးတွေ ၊ယောက်ချိုတွေနှင့် ဇလုံတွေပင် ဖြစ်သည်။ တစ်ချို့က အသစ်တွေဖြစ်ကာ တစ်ချို့ကတော့ အိမ်ကယူခဲ့ကြတာဖြစ်သည်။
ပထမ ယွီဟိုင် ဒဏျရာရဝောာ့ အဖွားယောင်က လာကြည့်ပြီး သူမသမီး ကလေးတွေ မုန့်ဝယ်ကျွေးလို့ရအောင် ငွေနှစ်လျန်ပေးထားခဲ့သည်။ လျိုမိသားစု ပြန်သွားပြီးချက်ချင်း အဖွားကျန်းက ယွီဟိုင်ဆေးဖိုးပေးဖို့လိုတယ် ဟုဆိုပြီး သိမ်းယူသွားသည်။
ရှောင်ချောင်းအမေဘက်က အဖွားယောင်က သူမသမီးနှင့်မြေးတွေရဲ့ သွင်ပြင်က အများကြီးတိုးတက်လာသည်ဟု ပြောနိုင်တာမို့ သူမစိတ်ထဲ စိုးရိမ်မှုတွေ လျော့လာသည်။ သူမက ရှီထုန်လေးကို ဖက်ကာ အနည်းငယ်ဒေါသထွက်နေသံနှင့် အမျိုးသမီးလျိုကို ပြောလိုက်သည်။
"အိမ်ခွဲလိုက်တာ ကောင်းတယ်!....ခွဲနေတာတကယ်ကောင်းတယ်!...အနည်းဆုံးတော့ နင့်ယောက္ခမ အနိုင်ကျင့်တာတွေ မခံရတော့ဘူး.."
အမျိုးသမီးလျိုက သူမမျက်ဝန်းထောင့်ကို သုတ်လိုက်ရင်း ပြုံးကာ
"ဟုတ်တယ်...ကျွန်မတို့အနာဂတ်က ပိုခက်ခဲလာပေမဲ့ ကိုယ့်အိမ်သူအိမ်သားတွေရဲ့ တာဝန်တွေလုပ်ရတာက ကောင်းပါတယ်..ကျွန်မ တစ်ခြားသူတွေကို ထည့်စဉ်းစားစရာမလိုတော့ဘူး ကလေးတွေ အရိုက်ခံအဆူခံရမှာလည်း မပူရတော့ဘူး...အခက်အခဲတွေနဲ့ နေထိုင်ရလည်း သာယာနေတုန်းပဲ..."
အမျိုးသမီးလျိုရဲ့ အမေဘက်ကမိသားစုက တောင်ရဲ့တခြားဘက်မှာ နေထိုင်ကြပြီး စိုက်ပျိုးဖို့ မြေကွက်လေးကွက်သာရှိကြသည်။ ဒါကြောင့် သူတို့ကလည်း အလွန်အဆင်ပြေနေတဲ့ အခြေနေတော့ မဟုတ်ချေ။ အမျိုးသမီးလျိုမှာက အစ်ကိုနှစ်ယောက်နှင့် မောင်တစ်ယောက်ရှိသည်။ အကြီးဆုံး လျိုဖေးက သန်မာပြီး ကြွက်သားတောင့်တင်းတဲ့ ကိုယ်ရှိသည်။ အလုပ်အားတဲ့ ရာသီတွေဆို သူက အပြင်ထွက်ကာ ယာယီအလုပ်ရှာသည်။ သူ့ဇနီး အမျိုးသမီးဟန်က အမြဲလိုလို ဆိပ်ကမ်းသွားကာ ပစ္စည်းတွေရောင်းချပြီး အိမ်ဝင်ငွေကို ထောက်ပံ့ဖို့ ငွေစအနည်းငယ် ရှာသည်။
အကြီးဆုံးဦးလေး မိသားစုမှာက သမီးမိန်းကလေး နှစ်ယောက်သာရှိသည်။ အကြီးဆုံးတစ်ယောက်က လျိုဖေးယင်း ဖြစ်ပြီး အသက် ဆယ့်လေးနှစ်ရှိသည်။ သူမက စေ့စပ်ထားပြီးဖြစ်ကာ လက်ထပ်ဖို့အတွက် ထိမ်မြားလို့ရမည့်အသက်အရွယ် (၁၅)နှစ်ကို စောင့်နေတာဖြစ်သည်။ ဒုတိယသမီးက လျိုဖေးရန် ဖြစ်ပြီး ရှောင်ချောင်း အစ်ကိုကြီး ယွီဟန်နှင့် အသက်အတူတူလောက်ပင်။ မိသားစုနှစ်ခုက နောင်မှာ သူတို့ကို လက်ထပ်ပေးဖို့ စနောက်ကြသည်။
ဒုတိယဦးလေး လျိုဟန်က ရိုးသားအလုပ်ကြိုးစားတဲ့သူ ဖြစ်သည်။ သူက အပင်စိုက်ပျိုးရာမှာ ကျွမ်းကျင်ပြီး လယ်ယာအနည်းငယ်ကို သူနှင့် ချောင်းအာအမေဘက်က အဖိုးတို့က ကိုင်တွယ်သည်။ ထိုစိုက်ခင်းတွေရဲ့ ထွက်နှုန်းက တစ်ခြားလူရဲ့လယ်တွေထက် ထွက်နှုန်းပိုကောင်းသည်။ ဒုတိယအရီး အမျိုးသမီးဟူက တစ်ကိုယ်ကောင်း နည်းနည်ဆန်ပေမဲ့ သိသာတဲ့ ပြဿနာတွေတော့ မရှိချေ။ သူမက သားနှစ်ယောက် သမီးတစ်ယောက် မွေးဖွားခဲ့တာကြောင့် သူမက သားမရှိသည့် အကြီးဆုံးအရီးထက် သာလွန်သည်ဟု ခံစားနေရသည်။
တတိယဦးလေး လျိုဟောက်က အငယ်ဆုံးဖြစ်ပြီး သူကြီးပြင်းလာသည့် ကာလတစ်ဝက်ကို အမျိုးသမီးလျိုက စောင့်ရှောက်ခဲ့ရသည်ဟု ဆိုနိုင်သည်။ ဒါ့ကြောင့် သူက သူ့အစ်မနှင့် အရင်းနှီးဆုံးဖြစ်သည်။ လွန်ခဲ့တဲ့ နှစ်မတိုင်ခင်က သူက အမျိုးသမီးပျန် ကို လက်ထပ်လိုက်ပြီး အခုသူတို့မှာ မွေးကာစ သားယောက်ျားလေးတစ်ယောက်ရှိသည်။
လျိုဟောက် က လက်သမားရွာတစ်ရွာမှာ အလုပ်သင်နေပြီး လက်သမားအတတ်သင်ဖူးသည်။ ဒါကြောင့် သူက ငွေဝင်ဖို့ လက်သမားအလုပ်ရှာဖို့ မကြာခဏ ထွက်သွားတတ်သည်။ တတိယအရီး အမျိုးသမီးပျန်က ချည်ထိုးပန်းထိုး ကျွမ်းကျင်ပြီး လတိုင်း သူမလက်ရာတွေကို ရောင်းတတ်သည်။
လျိုမိသားစုက အိမ်မခွဲကြချေ။ သားသုံးယောက်လုံးက သားသမီး ဝတ္တရားရှိကြသည်။ ရသမျှငွေတွေအားလုံးကို သူတို့အမေ အဖွားယောင် သိမ်းဖို့ ပေးကြသည်။ သို့သော်လည်း အဖွားယောင်က ကပ်စေးနှဲတွန့်တိုတတ်တဲ့ အဖွားကြီးကျန်းလို မဟုတ်ပေ။
စားဝတ်နေရေးအတွက် ငွေသုံးစွဲတာထက် အခါအားလျော်စွာ သူမရဲ့ ချွေးမတွေကိုလည်း ငွေသုံးစွဲဖို့ ပေးတတ်သည်။ လျိုမိသားစုက ငွေရှာသူနည်းပြီး ကျွေးမွေးရမည့်လူက များတာကြောင့်သူတို့မှာ ဝင်ငွေ သိပ်မရှိပေ။ ဒါကြောင့် သူတို့က ငွေတွေ မစုထားနိုင်ချေ။
ပြီးခဲ့တဲ့ညနေတုန်းက အဖွားယောင်က သူမသမီးနှင့် သားမက်က မိသားစုမှ အိမ်ခွဲလာကြောင်း ကြားလိုက်ရသည်။ အမျိုးသမီးလျိုက ကလေးငယ်တွေများပြီး ဒဏ်ရာရနေတဲ့ ခင်ပွန်းကလည်း ရှိသေးသည်။ ထပ်ပြောရရင် ဟိုဘက်က သူတို့အိမ်ခွဲအတွက် သဲမြေကွက် သုံးကွက် နှင့် အိုဟောင်းပြိုကျလုနီးတဲ့ သုံးခန်းတွဲအိမ်လေးသာ ပေးလိုက်သည်။ သူမသမီးကို ဒီလိုချို့တဲ့အရာတွေနဲ့ အဖွားယောင် ထိုင်ကြည့်မနေနိုင်ချေ။ ဒီမနက်ခင်း အရုဏ်တက်ချိန်မှာ သူမက မွေ့ရာနှင့် မီးဖိုချောင်သုံးပစ္စည်းလို အိမ်သုံးပရိဘောဂတွေထုပ်ကာ လှည်းငှားပြီး အပြေးလာခဲ့ကြခြင်းဖြစ်သည်။
လျိုမိသားစုက ရှီရှန်းရွာမှာ နေကြပြီး အနောက်ဘက်တောင်တန်းက ရှီရှန်းရွာနဲ့ တုန့်ရှန်းရွာကြားမှာ ရှိသည်။ တောင်တောတွေကို ခြေလျင်ကျော်တက်ခဲ့လျှင် တစ်နာရီသာ ကြာသည်။ သို့သော်လည်း အငှားနွားလှည်းနဲ့ဆိုရင် တောင်အလျားအတိုင်း တစ်ခြားလမ်းမှ ပတ်လာရန်လိုသည်။
အဖွားယောင်နှင့် သူမသားတွေ ချွေးမတွေက သူမသမီးအိမ်အသစ်သို့သွားရန် နေအိမ်မှ နေမထွက်ခင် ထွက်ခွာရသည်။ သူတို့တွေက နေ့လည်မှရောက်ကာ သူတို့မနက်စာကို လမ်းမှပင် စားကြရသည်။ အိမ်အိုကြီးအမိုးမှာ ပြိုကျလု ဖြစ်နေတာကို မြင်တဲ့အခါ အဖွားယောင် ဒေါသထွက်ကာ သောကရောက်ရသည်။ သူတို့ယောက္ခမတွေက တကယ်ပဲ တရားလွန်လွန်းသည်။ နောက်ကွယ်မှာ သူတို့က သူမသမီးနဲ့ သမက်ကို ဘာမှမရှိဘဲ ထားကြသည်။ မိထွေးရှိတာက အဲ့တစ်ယောက်မှာ ပထွေးရောရှိတယ်လို့ ဆိုလို့ရတာပဲ! အဖွားယောင်ကလည်း အဖွားကြီးကျန်းရဲ့ အပေါက်ဆိုးပြီး ကောက်ကျစ်တဲ့စရိုက်နဲ့ ရင်းနှီးသည်။ သူမ ထိုအမျိုးသမီးအိုကြီးကို ထိပ်တိုက်ရင်ဆိုင်ရင်တောင် အသုံးမဝင်ပေ။
သူမက ဖောင်းနေတဲ့ ပန်းထိုးအိတ်ငယ်လေးကို သူမပိုက်ဆံအိတ်ထဲမှ ဆွဲထုတ်လိုက်ပြီး အမျိုးသမီးလျိုလက်ထဲ ထိုးထည့်ကာ ဒေါပွနေသောလေသံနှင့် ပြောလိုက်သည်။
"ယွမ်ဇီ အိတ်ထဲမှာ ၁၀လျန် ပါတယ်...ယူပြီးအိမ်ပြင်ရာမှာ သုံးလိုက်...စောစောပြောင်းရွှေ့လေ ကောင်းလေပဲ ဒါမှ တစ်ခြားသူတွေ ရန်လိုတာကနေရှောင်နိုင်မှာ...မြေသုံးကွက်ကိုလည်း စိတ်ပူပန်မနေနဲ့... ဒီနှစ် ငါတို့မှာ အရင်ကထက် ကန်စွန်းဥမျိုးစေ့တွေ ပိုပြီးရှိတယ်...ဒါကြောင့် နွေဦးကျရင် နင့်အစ်ကိုတွေကို ကန်စွန်းဥတစ်ချို့ လာကူစိုက်ခိုင်းလိုက်မယ်...."

သက်တန့်ရောင် မိန်းမပျို Book 1 (MMTranslation) Where stories live. Discover now