Part 58

2.2K 101 8
                                    

Uni

တစ်စက္ကန့်.......နှစ်စက္ကန့်.....
တစ်မိနစ်......နှစ်မိနစ်.......
တစ်နာရီ......နှစ်နာရီ......
တစ်ရက်......တစ်လ...........

အချိန်တွေဟာ ပုံမှန်အတိုင်း ကုန်ဆုံးနေသည်။
ရာသီတွေဟာလည်း သူတို့တာဝန်အတိုင်း ပုံမှန် လည်ပတ်နေကြသည်။

ခွန်းကတော့ ရပ်တန့်နေခဲ့သည်။
ပုံမှန်မလည်ပတ်နိုင်သလို တာဝန်လည်း မကျေနိုင်ခဲ့။

သူ..... သူ....ပြန်မလာတာ လချီပြီး ကြာခဲ့ပါပြီ။
သူမရှိပဲ ရာသီနှစ်ခုကို ဖြတ်ကျော်ခဲ့ရသည်။
သိပ်မကြာခင် လွမ်းဆွေးဖွယ်ကောင်းတဲ့ မိုးရာသီကို ပြန်ရောက်လာဦးမည်။

သူ ဘယ်မှာရှိမှန်း ခွန်းမသိရ။
ဘယ်သူမှလည်း မပြောကြ။
တစ်နေရာရာမှာ ဆေးကုသမှုခံယူနေတယ် ဆိုတာကလွဲပြီး ဘာမှမသိရ။

ခွန်း သူ့ကိုတွေ့ချင်သည်။
ခွန်း သူ့ကို ပြုစုချင်သည်။
သူ့ဘေးမှာ နေချင်သည်။
ဒါပေမယ့် ဘယ်သူကမှ ခွင့်မပေးခဲ့။

တစ်ခါတစ်လေတော့လည်း လူတွေဘာကြောင့် ခွန်းတို့ကို ခွဲထားရတာလဲ သိချင်သည်။
နောက်ပြီး ပြောပြချင်သေးသည်။
အဲ့လို ခွဲထားတော့ရော ခွန်းတို့အချစ်က ပျက်ပြယ်သွားမှာ မလို့လား.....

"ခွန်း"

"အမရာ နင်လာပြီလား
မင်းဆက်နဲ့ရော ပြောပြီးပြီလား
ဒီနေ့ သူအခြေအနေ ဘယ်လိုလဲဟင်
သူတို့ ဘယ်တော့ ပြန်လာမှာလဲဟင်"

"ဖြေးဖြေးပြောပါ ခွန်းရယ်
မောနေပါဦးမယ်"

"အင်းပါ ငါ့ကိုပြောပြပါဦး"

"ငါ​ပြောပြမယ် နားထောင်
မင်းဆက်က နင့်ကိုတွေ့ချင်တယ်တဲ့ ခွန်း"

"ဘာ​ပြောတယ်
သူပြန်ရောက်နေတာလား ဒါဆို မောင်ရော
သူရော ပါလား"

"စိတ်အေးအေးထား ခွန်း
အရင်ဆုံး မင်းဆက်နဲ့ စကားပြောလိုက် ဟုတ်ပြီလား"

"အင်း"

ခွန်း ဟန်မင်းဆက်နဲ့တွေ့မယ်
ပြီးရင် မောင်နဲ့ တွေ့ခွင့်ရဖို့ ကြိုးစားမယ်
ခွန်း မောင့်ကို အရမ်းပဲတွေ့ချင်နေပါပြီ။

You had me at helloWhere stories live. Discover now