Chapter - 60

7.5K 1.5K 71
                                    

အဆုံးတွင်တော့ သုံးမှတ်အသာစီးနဲ့ Class 1က ကပ်သီးလေးအနိုင်ရရှိသွားပြီး First High ဒုတိယနှစ်ဘတ်စကတ်ဘောပြိုင်ပွဲမှာ ပထမဆုဆွတ်ခူးသွားလေသည်။

သူတို့ အနိုင်ရရှိခဲ့ကြတယ်၊ သို့ပေမယ့် ပြိုင်ပွဲအပြီးလူပြောအများဆုံး အကြောင်းအရာမှာတော့ မည်သူနိုင်ကြောင်းမည်သူရှုံးနိမ့်ကြောင်းမဟုတ်ဘဲ ထို့အစား ပြိုင်ပွဲပြီးခါနီးလေးက အဖြစ်အပျက်‌အကြောင်းပင်ဖြစ်သည်။

ကျန့်ယောင်ရင်ခွင်ထဲ လဲကျသွားပြီးနောက်မှာ ပိုင်ယွိဝေဟာ ဖြည်းဖြည်းချင်းနိုးလာခဲ့တယ်။ ကြည့်ရတာတော့ ဆိုးဆိုးရွားရွားဖြစ်ပုံမရသော်ငြား အကြောင်းတစ်ချို့ကြောင့် ကျန့်‌ယောင်ကတော့ လက်တွေကို သူမခါးဆီကမဖယ်မိခဲ့။

အကြမ်းပတမ်းနဲ့ ရင်းဇယ်ရောက်လာပြီး သူ့ကိုကော်လံကတစ်ဆင့်ဆွဲမခွာခင်အထိပင်။
‘‘မင်းဘာလုပ်တာလဲ?!မင်းဖက်ထားတာ ဘယ်သူထင်နေလဲ?!”

‘‘အတန်း‌ဖော်အချင်းချင်းတောင် ကူညီလို့မရဘူးလား?”
ကျန့်ယောင်က အေးစက်စွာပြန်မေးတယ်။

ရုတ်ခြည်းတင်းမာသွားတဲ့ လေထုအနေအထား။

ကံကောင်းစွာနဲ့ ကာယဆရာက ဖြန်ဖြေပေးဖို့ရောက်လာပြီး နှစ်ယောက်သားကိုကွင်းထဲပြန်ပြီး ဆက်ကစားခိုင်းသည်။ ထိုစဉ်မှာပဲ ပိုင်ယွိဝေကိုတော့ သူ့သူငယ်ချင်းတွေအကူအညီနဲ့ ဆေးပေးခန်းကိုပို့လိုက်သည်။

ပြိုင်ပွဲကိုမှတ်တမ်းတင်ရိုက်ကူးဖို့အတွက် ကျောင်းသားတချို့က ကင်မရာတွေလည်းပါလာကြတာမို့ ထိုအဖြစ်အပျက်အလုံးစုံဟာ forum ပေါ်ကိုရောက်လာခဲ့တယ်။ ချက်ချင်းဆိုသလို ထကြွလာတဲ့ ပြောဆိုမှုတွေ။ တခြားကျောင်းကကျောင်းသားတွေကပင် လာကြည့်ကြတာမို့ viewက ထောင်ပေါင်းများစွာထိကိုရောက်လာသည်။

တစ်ချိန်လုံး နောက်ကွယ်မှာ တစ်လှမ်းမှမရွေ့နိုင်ပဲ ငြိမ်ငြိမ်တောင့်တောင့်ကလေးရပ်နေခဲ့တဲ့ လူတစ်ယောက်ကိုတော့ ဘယ်သူကမှသတိမပြုခဲ့မိပါပေ။

...

နေ့လည်ပိုင်းအတန်းဆင်းချိန် :

အရှေ့ခန်းမှာ ဒရိုက်ဘာကကားမောင်းနေတုန်း ရင်းချဲယ်က အနောက်မှာထိုင်ရင်း group chatထဲကစာတွေဖတ်နေသည်။

Pay Attention To Me [Myanmar Translation]Where stories live. Discover now