Ep.3

2.4K 214 22
                                    

Li: အိမ်ရှေ့စံမင်းသမီး

မိုးတောင်မတောက်သေးတဲ့အချိန်ယံတခုမှာ အိမ်တော်ရှေ့ကိုရောက်နှင့်နေပြီဖြစ်တဲ့ ကိုယ်ရံတော်
ကြောင့် ဝတ်ရုံအမြန်လဲပြီး နန်းတော်ကိုအပြေးလိုက်လာပင်
မယ့်.......

Ni: li ငယ်လေးတောင် နန်းဆောင်ထဲရောက်နေပြီကိုး...နေအတော်သာယာတာမလို့ ဥယဥ်တော်ကိုအတူသွားကြမလား

အပြေးလာခဲ့ရလို့ မောပန်းနေဟန်ရှိတဲ့ li ဟာ ဝတ်ရုံကိုသာတင်းတင်းစုပ်ကိုင်ထားတယ်....ပြုသမှနုရတဲ့ ဒီဘဝကြီးကို ကံကုန်ဖို့ထိုင်ဆုတောင်းနေရတဲ့လုပ်ရပ်ဟာ သိပ်မိုက်မဲမှန်းသိသော်လည်း မင်းသမီးလက်ထဲက သူ့ဘဝကိုလွတ်ထွက်သွားချင်ပြီ......

Ni: Li ငယ်ကို မြင်းဖြူနဲ့ပင့်ဆောင်ဖို့မှာကြားထားတဲ့ကြားက ဒီလိုချွေးတွေရွဲလာရတာ ဘာအကြောင်းကြောင့်လည်း ကိုယ်ရံတော်.....

"ဟို....ဟို....အိမ်ရှေ့စံမင်းသမီး "

Ni:တယ်....အမိုက်အမဲ ငါ သေဒဏ်ပေးလိုက်ရ....

အနားမှာရှိနေတဲ့ ဓါးကိုယူပြီး ကိုယ်ရံတော်အား ထိုးသတ်ရန် ရွယ်လိုက်ပင်မယ့် ကြားဝင်လာတဲ့ lili ရဲ့ မျက်နှာတော်ကြောင့်...

Ni: Li ငယ်!!

Li: ကျွန်တော်မျိုးမကြောင့်ဖြစ်ရတာပါ မင်းသမီး....ထောက်ထားသောအားဖြင့် အပြစ်မရှိတဲ့ ကိုယ်ရံတော်ရဲ့ ဘယ်အရာကိုမှထိခိုက်အောင်မပြုမှုပါနဲ့....

မင်းသမီးဟာ မီးတောက်နေတဲ့ မျက်ဝန်းတွေနဲ့ ဓါးကိုဆောင့်ချပြီး နန်းဆောင်ပြင်ပကိုထွက်သွားချိန်မှသာ အသက်ရှုခြင်းကို ဖြောင့်ဖြူးစွာလုပ်ဆောင်နိုင်တယ်...

ဒီနေရာမှာတင် အသက်ရှုနေရုံဖြင့် အခြေအနေဟာ ပြီးဆုံးသွားမည်မဟုတ်တာကြောင့် လက်စွဲတော်ဓါးကိုကိုင်ပြီး အိမ်ရှေ့စံမင်းသမီးကို ရှာပုံတော်ဖွင့်ရပြန်ပါတယ်...

စိမ်းပြာရောင် hanbok ဖြင့် ချောမောချင်တိုင်းချောမောနေတဲ့ lili ကို အပျိုတော်တွေဟာ မင်းသားငယ်တယောက် ကိုလိုက်ငေးမောနေသလိုငေးမောနေကြရင်း ငရုတ်သီးကိုက်တဲ့သူကကိုက် လက်သည်းကိုက်တဲ့သူကကိုက်နဲ့ပေါ့.....

Last Tear (Season 1)Where stories live. Discover now