Chapter Twenty-Seven: : Ending of the Destiny

3.5K 30 2
                                    


Chapter Twenty-Seven:                  : Ending of the Destiny

 

“ကို....မပြီးသေးဖူးလား ၊ ကို့အမေတို့တောင် အဆောင်ဝန်းထဲရောက်လာပြီ”

“ပြီးပြီ...ပြီးပြီ ရေချိုးဘောင်းဘီပါ တစ်ခါထည်းလျော်နေလို့”

“အာ...ကိုကလည်း အိပ်ရာထကလည်း နောက်ကျသေးတယ် ၊ လုပ်တော့လည်း ​နှေးနှေးကွေးကွေးနဲ့ သူများတွေ အကုန်ပြင်ပြီးကုန်ကြပြီ....မြန်မြန်”

“ချယ်ကလည်း ဘွဲ့နှင်းသဘင်က ၁၀နာရီမှစမှပါ...အေးဆေးပေါ့”

“ဘာအေးဆေးတာတုန်း ၊ မြန်မြန်လာ အန်တီရေ...အန်တီသားက အခုမှရေချိုးပြီးတာ ”

အိမ့်မျက်ချယ်သည် သန့်ဇင်ကိုတစ်ယောက် ​နှေးတိနှေးကွေး လုပ်နေသောကြောင့် အမေဖြစ်သူထံသို့ လှမ်းတိုင်လိုက်သည် ။

ဒီနေ့သည် သန့်ဇင်ကိုတစ်ယောက် ဘွဲ့ယူရမည့် ရက်ဖြစ်သောကြောင့် မျက်ချယ်သည် မနေ့ကတည်းက မန္တလေးမှဆင်းလာပြီး စဥ့်ကိုင်သို့ ရောက်နေခြင်း ဖြစ်လေသည်။

သန့်ဇင်ကို၏ အိမ်မှ အမေနှင့် ညီမဖြစ်သူတို့ကလည်း ဒီနေ့မနက်အစောတွင် ကားငှားပြီး ပြင်ဦးလွင်မှ ဆင်းလာခဲ့ရာ ရောက်ရှိနေလေပြီ ။

အမေဖြစ်သူနှင့် ညီမဖြစ်သူတို့ပါ အခန်းထဲသို့ ရောက်လာသောအခါတွင် သန့်ဇင်ကိုနှင့် အောင်အောင်ဦးတို့၏  အခန်းကျဥ်းလေးထဲတွင် ပြည့်လျံသွားတော့လေသည်။

အခန်းဖော်ဖြစ်သူ အောင်အောင်ဦးသည် မနက်အစောကြီးကတည်းကပင် သူ့အဒေါ်များက အလှပြင်ဆိုင်ဆိုပြီး ခေါ်သွားသဖြင့် ပါသွားရှာသည်။

ထို့ကြောင့် အခန်းထဲတွင် သန့်ဇင်ကိုသာ ကျန်ရစ်ခဲ့ပြီး နှိုးမည့်သူမရှိသဖြင့် မနက်၇နာရီခွဲ အထိအိပ်ပျော်နေရာ မျက်ချယ်လာနှိုးကာမှ ထ၍ အချိန်နောက်ကျသွားသည်။

 
သန့်ဇင်ကို ရေချိုးပြီး ဘွဲ့ဝတ်စုံ စတင်ဝတ်နေ​သော အချိန်တွင် အခန်းထဲရှိ အမျိုးသမီးသုံးယောက်၏ ပွစိပွစိနှင့် အကြံပေး စကားများကြောင့် ခေါင်းရှုပ်လာသည်။

When we were young Where stories live. Discover now