[ 18 ]

34.1K 2.8K 29
                                    

[ သူကြီးသမက် ]

ဆူညံနေတဲ့ကာလသားအဖွဲ့တွေကလူပျိုခေါင်းကိုစံပါဦးဆောင်ပြီး မင်္ဂလာမဏ္ဍပ်ထိုးနေကြသည်။

အပျိုအဖွဲ့ကတော့ အပျိုခေါင်းအပျိုကြီးမမသဇင်ဦးဆောင်လို့ ပန်းအလှဖဲကြိုးအလှတွေမဏ္ဍပ်ကိုလိုက်ဆင်နေသလို ရိုးနဲ့အရိပ်ရဲ့နာမည်အလှပန်းစာလုံးတွေလဲမဏ္ဍပ်မှာချိတ်ရန်ဖောက်နေကြသည်။

ရွာထဲကဦးလေးကြီးအန်တီကြီးတွေကတော့အချက်ပြုတ်တာဝန်ယူ၍ ကြက်တွန်အခွံနွှာသူကနွှာ ငါးကြော်ချက်ရန်ငါးကြော်သူကကြော် ဝက်သားရေဆေးသူကဆေးမနက်စောစောထထမင်းပေါင်းရန်ဆန်အိတ်တွေစစ်သူကစစ်နဲ့ရိုးတို့ခြံဝင်းထဲမှာသူ့နေရာနဲ့သူတာဝန်ကိုယ်စီအလုပ်ရှုပ်နေကြပြီးပင်ပန်းပေမဲ့ အပြုံးပန်းကိုယ်စီဖူးပွင့်နေကြသည်။

သူကြီးကတော်ရွာထဲကအရီးတို့အဖွဲ့နဲ့ကြက်သွန်းအခွံနွှာနေရင်းနေ မဏ္ဍပ်ထဲမှာယောကျ်ားလုပ်သူငရိုးကခုံနဲ့အပေါ်ကိုတက်ပြီးတိုင်မှာကြိုးချည်နေတာကိုအောက်ကနေခုံမလဲအောင်ထိန်းပေးနေတဲ့သားလုပ်သူကိုကြည့်၍ အော်ကာလှမ်းမေးလိုက်သည်။

" သားမနက်ကျမင်္ဂလာဆွမ်းကိုအာရုံဆွမ်းကပ်ဖို့ ဘုန်းကြီးကိုလျှောက်ထားပြီလား "

" မလျှောက်ရသေးဘူးမေမေ "

" ဒါဆိုသွားလျှောက်ထားရအောင် မနက်အာရုံဆွမ်းကိုမင်္ဂလာဆွမ်းကပ်မယ်လို့ "

" ဟုတ် မေမေသားလိုက်ခဲ့ရဦးမှာလား "

" လိုက်ရမှာပေါ့ "

အရိပ်မေမေစကားကြောင့် ရိုးကိုကြည့်လိုက်၍။

" ရိုးပါလိုက်ခဲ့သွားကြရအောင် "

ရိုးမဏ္ဍပ်တိုင်မှာဖဲစတွေချည်ခြင်းကိုလက်စသတ်လိုက်၍ ခုံပေါ်ကနေမြေပြင်ကိုဆင်းလိုက်ကာ။

" အရိပ်တို့သားမိပဲသွားလျှောက်လိုက်တော့လေ ကိုယ့်ဒီမှာလိုအပ်တာတွေကူရင်းနေခဲ့တော့မယ် "

" အင်း ဒါဆိုအရိပ်မေမေနဲ့ပဲရွာဦးဘုန်းဘုန်းကိုသွားလျှောက်လိုက်တော့မယ် "

အရိပ်ရိုးကိုပြော၍။

" မေမေသွားရအောင် "

( သူကြီးသမက် )  CompletedWhere stories live. Discover now