Chapter - 1(U+Z)

32.4K 2.5K 38
                                    

//Unicode//

အခန်း - (၁) ပြန်လည်​မွေးဖွားခြင်း

"အမေ့ဆိုင်ကို ကောင်းကောင်း ဂရုစိုက်ဖို့လိုတယ်။"

ဘယ်သူပြောနေတာလဲ။

စုလင်းသည် ချက်ချင်းပင် မျက်လုံးကိုဖွင့်လိုက်ပြီး ပတ်ဝန်းကျင်ကို လှည့်ကြည့်လိုက်သည်။ အရာအားလုံးသည် အဖြူရောင်ဖြစ်နေခဲ့ပြီး လေထဲမှာ ပိုးသတ်ဆေးနံ့သင်းသင်းလေးတစ်ခု ရှိခဲ့သည်။ ဒါက လူနာ​ဆောင်တစ်ခုဆိုတာ သေချာပါသည်။ ဒီ​နေရာမှာ သူကလွဲလို့ ဘယ်သူမှ မရှိပါ​​ချေ။ သူ့​ကျောရိုးတစ်​​လျှောက် အေးစက်စက်ခံစားမှုက စီးဆင်းသွားသည်။စုလင်း အမြန်ထထိုင်လိုက်ပြီး ခေါင်းကိုလှည့်ကာ ပြတင်းပေါက်မှကြည့်လိုက်သည်။

ပြတင်းပေါက် အပြင်ဘက်တွင် အစိမ်းရောင်သစ်ရွက်များပေါ်တွင် နေရောင်ကတောက်ပနေသည်။ ရွှေရောင်အလင်းတန်း မှိန်​ဖျော့​ဖျော့များသည် အလွန်လှပ​နေ​ပေသည်။

ဒါက ဘယ်လို ဖြစ်နိုင်မှာလဲ?။ သူဓာတ်ခွဲခန်းမှာ ရှိ​နေသင့်တာမလား? အချိန်ကလည်း မမှန်​ဘူး။

သူသည် ၂ ရက်ဆက်တိုက်စမ်းသပ်မှုများပြုလုပ်ခဲ့ပြီး သူ၏နောက်ဆုံးမှတ်ဉာဏ်သည် နံနက် နှစ်နာရီတွင် ဖြစ်သည်။

စမ်းသပ်မှုလုပ်​နေစဥ်အတွင်း သူခံစားခဲ့ရသော ခေါင်းကိုက်ခြင်းက သူ့ကို မေ့မြောသွားစေခဲ့လို့ ဆေးရုံပို့လိုက်​လေသလား?။

သူက လှည့်ပတ်ကြည့်သော်လည်း သူ့ဘေးနားမှာထူးဆန်းသော အသုံးအဆောင်ပစ္စည်းအချို့သာ ရှိသည်။ သူ့လက်ကိုင်ဖုန်းနှင့် အခြားသူ့ရဲ့ဆက်စပ်ပစ္စည်းများကို မတွေ့ရပေ။ သူနားမလည်နိုင်သောကိန်းဂဏန်း၊ဒေတာများကို ပြ​နေသည့် အလွန်ပါးလွှာသော LCD မျက်နှာပြင်တစ်ခုရှိသည်။ ရုတ်တရက် သူ့မျက်လုံးများ ပြူးကျယ်သွားရသည်။ ထိုLCDမျက်နှာပြင်၏ ညာဘက်အောက်ထောင့်ရှိ​နေ့စွဲသည် Ephemeris ကြယ်တာရာနှစ် 1780,​မေလ 22ရက်ဖြစ်သည်။

သူ ထိတ်လန့်သွားခဲ့သည်။ ထို့နောက် ချက်ချင်းပင် သူနိုးလာခါစက ကြားခဲ့​သည့် အားနည်းသော လူငယ်တစ်​ယောက်ရဲ့ အသံကို သူပြန်သတိရမိလိုက်သည်။ သူ့ခြေဖျားမှ တစ်ဆင့် တစ်ကိုယ်လုံး အေးစက်လာသည်။ စုလင်း ချက်ချင်း စောင်ကိုမပြီး အိပ်ရာမှ ထလိုက်သည်။ စောင်ကိုကိုင်ထား​သော သူရဲ့ညာလက်ကို ကြည့်လိုက်သောအခါ သူခဏတန့်သွားပြီး​နောက် ဖိနပ်ပင် မစီးဘဲ အိပ်ရာမှခုန်ထွက်ကာ ပြေး​တော့သည်။

ဥက္ကဋ္ဌကြီးရဲ့ အိုမီဂါဇနီး​လေးအဖြစ် ပြန်လည်​မွေးဖွားခြင်းWhere stories live. Discover now