Part - 38
မာန၏ အခြားတစ်ဖက်
🌟🌟🌟🌟🌟🌟
နေ့လည်ခင်းကြီးမို့ လမ်းတွေကမီးလိုပူနေပြီး အပေါ်က နေပူရှိန်ကလည်း အသားတွေကျက်ရလောက်အောင်တထိ ပူပြင်းနေပါတယ်။ နေခြည် တစ်ယောက်ခုထိကို မနားတမ်းပြေးလွှားပြီး ပိုက်ဆံတောင်းနေပေမဲ့ နည်းနည်းပဲရပါသေးတယ် ။
" မဖြစ်ဘူး .... ငါဒီနေ့ပိုက်ဆံမရရင် မောင်လေးကို အငတ်ထားပြီးသေအောင်သတ်ကြမှာ.... ငါ့မောင်လေးသေလို့မဖြစ်ဘူး ..... ငါ့မောင်လေးအသက်ရှင်
မှဖြစ်မှာ.... မမကဒီလိုပုံစံနဲ့မောင်လေးကို အသေမခံနိုင်ဘူး ..... ဒီလိုမျိုးလက်လွှတ်ဖို့မဖြစ်နိုင်ဘူး "တစ်ယောက်ထဲ တီးတိုးပြောနေရင်းကနေ ကိုယ့်အရှေ့မှာတင် အစာမစားရပဲ အခန်းအပိတ်ခံထားရလို့ သေသွားရတဲ့ ကလေးတစ်ယောက်ပုံက မျက်စိထဲပြန်မြင်လာမိတဲ့အချိန် ငါသာပိုက်ဆံမရရင် မောင်လေးကိုအဲလိုလုပ်မှာ ဆိုတဲ့အတွေးက နေပူကျဲကျဲအောက်မှာ ပြေးလွှားနေရတာထက် အဆပေါင်းများစွာ ပိုပြီးပင်ပန်းစေတာမို့ ဘာလုပ်ရမလဲဆိုတာကိုပဲတွေးနေမိပါတယ် ။
ဒီအချိန် ကိုယ့်ကိုစောင့်ကြည့်မဲ့သူဆိုတာ ဘယ်သူမှမရှိတာမို့ ဆုံးဖြတ်ချက်တစ်ခုကိုသေသေချာချာချ
လိုက်ရင်း ခြေလှမ်းတွေကို နေရာတစ်ခုဆီဦးတည်
ပြီး ပြေးလွှားလိုက်ပါတော့တယ်။ အတွေးက တစ်ခုထဲပါ ။ မမသေရင်တောင် မောင်လေးကတော့ ဒီငရဲကနေလွတ်စေရမယ် ။အမြဲနေနေကျ အဆောက်အဦးအဟောင်းကြီးက ဒီနေ့မှ ပိုပြီးတိတ်ဆိတ်ကာ ခြောက်ခြားစရာကောင်းနေတာမျိုး ။ အဆောင်ပတ်ပတ်လည်ကို လိုက်ကြည့်ပေမယ့် လူကြီးလေးယောက်စလုံး ဘယ်သူမှရှိမနေဘူး ။ အပြင်မှာမရှိဘူးဆိုတာ သေချာမှ အ ထဲကိုသတိနဲ့ ဝင်လာလိုက်ပါတယ် ။ တိတ်ဆိတ်နေတဲ့ အဆောင်ထဲက အခန်းထဲမှာတော့ ကလေးတစ်
ယောက်က ခုထိငိုနေတုန်း ။" မမရေ! !! သားကြောက်တယ် .... သားကိုလာခေါ်ပါ .... သားကြောက်တယ်... ဟီး!!! ဟီး!!! ဟီး!! "
အခန်းထဲကနေ မောင်လေးငိုနေတဲ့အသံကြောင့်
နေခြည်က အခန်းတံခါးကို သွားထုလိုက်တဲ့အခါ ---
YOU ARE READING
မာန၏ အခြားတစ်ဖက် 🌟 မာန၏ အခွားတဈဖကျ ( Completed)
Fanfictionချစ်ခြင်းမေတ္တာအကြောင်းပြောတဲ့အခါ မာနတွေကို ထားခဲ့ပါ ။ ချစ်ခြင်းမေတ္တာအကြောင်းပြောတဲ့အခါ မာနတွေကို ထားခဲ့ပါ ။